ပြည်နှင့် မကွေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် စီးပွားရေးဥပဒေ ဒီပလိုမာသင်တန်း

ပြည်တက္ကသိုလ်၊ ဥပဒေပညာဌာနနှင့် မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနတို့တွင် စီးပွားရေးဥပဒေပညာ ဒီပလိုမာသင်တန်းကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည် ဖြစ်၍ အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

 

သတ်မှတ်အရည်အချင်း

၁။ တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။

၂။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုချက် အထောက်အထား တင်ပြရမည်။

၃။ သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေပြုလုပ်မည်။ (စီးပွားရေးဥပဒေပညာဒီပလိုမာသင်တန်းနှင့် ပတ်သက်သော ဗဟုသုတများ ဖြေဆိုရမည်)


သင်တန်းကာလ

(၉) လ 

ပထမနှစ်ဝက် - (၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဧပြီလ) 

ဒုတိယနှစ်ဝက်- (၂၀၂၅ ဇွန်လမှ ၂၀၂၅ အောက်တိုဘာလ)

 

သင်တန်းချိန်

တနင်္လာနေ့မှ သောကြာနေ့ (နံနက် ၇ နာရီမှ ၉ နာရီ) 

 

ပေးအပ်မည့် ဒီပလိုမာလက်မှတ်

စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့ - Diploma in Business Law (DBL) 

 

သင်တန်းအချက်အလက် အသေးစိတ် (ပြည်တက္ကသိုလ်)

လျှောက်လွှာစတင်ရောင်းချမည့်ရက် - ၁၈.၁၁.၂၀၂၄

လျှောက်လွှာစတင်ရောင်းချမည့်နေရာ - ဥပဒေပညာဌာန၊ မကွေးတက္ကသိုလ်

လျှောက်လွှာပိတ်ရက် - ၂၆-၁၁-၂၀၂၄

ဝင်ခွင့်ဖြေဆိုမည့်ရက် - ၂၈-၁၁-၂၀၂၄

ဝင်ခွင့်ဖြေဆိုမည့်အချိန် - နံနက် ၉ နာရီမှ ၁၀ နာရီ

ဝင်ခွင့်ဖြေဆိုမည့်နေရာ - ဥပဒေပညာဌာန၊ မကွေးတက္ကသိုလ်

ဝင်ခွင့်ရရှိသူများစာရင်း ကြေညာမည့်ရက် - ၂-၁၂-၂၀၂၄

သင်တန်းစတင်ဖွင့်မည့်ရက် - ၅-၁၂-၂၀၂၄

ကျောင်းအပ်လက်ခံမည့်နေ့ - ၂-၁၂-၂၀၂၄ မှ ၃.၁.၂၀၂၅ အထိ

 

အသေးစိတ်သိရှိလိုပါက ဥပဒေပညာဌာန၊ ပြည်တက္ကသိုလ် (ဖုန်း-၀၉-၄၄၃၀၁၆၂၉၁) သို့ ဆက်သွယ် စုံစမ်း
နိုင်ပါသည်။

 

သင်တန်းအချက်အလက် အသေးစိတ် (မကွေးတက္ကသိုလ်)

လျှောက်လွှာစတင်ရောင်းချမည့်ရက် - ၁၈.၁၁.၂၀၂၄

လျှောက်လွှာစတင်ရောင်းချမည့်နေရာ - ဥပဒေပညာဌာန၊ မကွေးတက္ကသိုလ်

လျှောက်လွှာပိတ်ရက် - ၂-၁၂-၂၀၂၄

ဝင်ခွင့်ဖြေဆိုမည့်ရက် - ၆-၁၂-၂၀၂၄

ဝင်ခွင့်ဖြေဆိုမည့်အချိန် - နံနက် ၉ နာရီမှ ၁၀ နာရီ

ဝင်ခွင့်ဖြေဆိုမည့်နေရာ - ဥပဒေပညာဌာန၊ မကွေးတက္ကသိုလ်

ဝင်ခွင့်ရရှိသူများစာရင်း ကြေညာမည့်ရက် - ၈-၁၂-၂၀၂၄

သင်တန်းစတင်ဖွင့်မည့်ရက် - ၁၀-၁၂-၂၀၂၄

 

အသေးစိတ်သိရှိလိုပါက ဥပဒေပညာဌာန၊ မကွေးတက္ကသိုလ် (ဖုန်း-၀၉-၄၀၂၆၆၂၀၀၈) သို့ ဆက်သွယ် စုံစမ်း
နိုင်ပါသည်။

 

Related Article : ကွန်ပျူတာဒီပလိုမာသင်တန်းကို ပြည်တက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီ

>> https://www.edge.com.mm/article/diploma-in-computer-studies.html

 

 

Latest Post Local News University / College Read 620 times