ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံရှိ အသက် (၃၀) မှ (၄၅) နှစ်ကြား အရွယ် မဟာဘွဲ့ပညာသင်ကြားလိုသူများအနေဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဆွစ်ဇာလန်သံရုံးမှ သိရသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ သြဂုတ်လ အထိနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ သွားရောက်ပညာသင်ယူခွင့်ရရှိမည် ဖြစ်ကြောင်း သိရ သည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အ စည်းများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်ထမ်း ဆောင်နေသူများ၊ ဒီဂရီဘွဲ့ ရရှိ ထားပြီး ကျွမ်းကျင်လုပ်ငန်းအတွေ့ အကြုံ ရှိထားသူများအနေဖြင့် မဟာဘွဲ့ပညာသင်ဆုလျှောက်ထားနိုင်သည်။
ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များနှင့် ဒေသတွင်းမှ ပညာရှင်များက ဒေသတွင်း အရေးကြီး အကြောင်းအရာ များနှင့် နိုင်ငံတကာ အလေ့အကျင့်များ သင်ကြားပို့ချ မည်ဖြစ်ပါသည်။
ထိုပညာသင်ဆုကို dpp.graduate institute.ch သို့ ၀င်ရောက် လျှောက်ထားနိုင်သည်။
Source: 7 day daily