COVID-19 ကူးစက်မှုမရှိသာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စတင်စစ်ဆေးမည်

** Unicode *

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုန့်ပြန်ရေးကာလ၏ သက်တမ်း မတိုးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

အစိုးရနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အရေးပေါ်တုန့်ပြန်ရေးကာလကို ယခင်က ဧပြီ(၃၀) ရက်အထိ သတ်မှတ်ခဲ့သော်လည်း ယခုအခါ ကူးစက်ပြန့်ပွားမှု အခြေအနအရ မေလ (၁၅) အထိ သက်တမ်းတိုးမြှင့်ထားရာ ၎င်းကာလ နောက်ပိုင်းတွင် အခြေအနေအရသာ စာစစ်လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။

မေလ (၂၀) ရက်အထိနောက်ဆုတ်တယ်ဆိုသည်မှာ မဟုတ်ကြောင်းနှင့် အရေးပေါ်တုန့်ပြန်ရေးကာလကို မေလ (၁၅) ရက်အထိသတ်မှတ်ထားပြီး ၎င်းရက်များတွင် ထပ်မံကူးစက်ခြင်းမရှိတော့ပါက မေလ (၁၆၊ ၁၇) ရက်များတွင် အဖြေလွှာစစ်ဆေးခြင်းများကို စတင်လုပ်ဆောင်မည်ဟုတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၂၀) ရင်တွင်ဖြေဆိုပြီးစီးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကြေညာသည့်ရက်မှာ မတ်လ (၂၃)ရက် ဖြစ်ပြီး ၎င်းနောက်ပိုင်းမှ စတင်ကာ အဖြေလွှာများစစ်ဆေးခြင်းလုပ်ငန်းကို ရပ်ဆိုင်းထားခဲ့ရသည်မှာ ယနေ့အထိဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်မှသာ စာစစ်လုပ်ငန်းများစတင်နိုင်မည်ဖြစ်သည့်အတွက် အောင်စာရင်းထုတ်ပြန်နိုင်မည်ဖြစ်ပြီး အောင်စာရင်းထုတ်ပြန်လျက်ရှိသည့် ဇွန်လတွင် ထုတ်ပြန်နိုင်ရန် သေချာမှုမရှိတော့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

Bookshops (470) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (၄၇၀) ခုရှာရန်နှိပ်ပါ။

မတ်လ (၂၃) ရက်မှ စတင်ပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ (၁၅၀) ကျော်ခဲ့ပြီဖြစ်ပါတယ်၊


Credit: The Voice

** Zawgyi **

တကၠသိုလ္ဝင္စာေမးပြဲ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ အေရးေပၚတုန႔္ျပန္ေရးကာလ၏ သက္တမ္း မတိုးမွသာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

အစိုးရေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္ အေရးေပၚတုန႔္ျပန္ေရးကာလကို ယခင္က ဧၿပီ(၃၀) ရက္အထိ သတ္မွတ္ခဲ့ေသာ္လည္း ယခုအခါ ကူးစက္ျပန႔္ပြားမႈ အေျခအနအရ ေမလ (၁၅) အထိ သက္တမ္းတိုးျမႇင့္ထားရာ ၎ကာလ ေနာက္ပိုင္းတြင္ အေျခအေနအရသာ စာစစ္လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါတယ္။

ေမလ (၂၀) ရက္အထိေနာက္ဆုတ္တယ္ဆိုသည္မွာ မဟုတ္ေၾကာင္းႏွင့္ အေရးေပၚတုန႔္ျပန္ေရးကာလကို ေမလ (၁၅) ရက္အထိသတ္မွတ္ထားၿပီး ၎ရက္မ်ားတြင္ ထပ္မံကူးစက္ျခင္းမရွိေတာ့ပါက ေမလ (၁၆၊ ၁၇) ရက္မ်ားတြင္ အေျဖလႊာစစ္ေဆးျခင္းမ်ားကို စတင္လုပ္ေဆာင္မည္ဟုတာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

၂၀၂၀ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ (၂၀) ရင္တြင္ေျဖဆိုၿပီးစီးခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ေၾကညာသည့္ရက္မွာ မတ္လ (၂၃)ရက္ ျဖစ္ၿပီး ၎ေနာက္ပိုင္းမွ စတင္ကာ အေျဖလႊာမ်ားစစ္ေဆးျခင္းလုပ္ငန္းကို ရပ္ဆိုင္းထားခဲ့ရသည္မွာ ယေန႔အထိျဖစ္ပါတယ္။ 

လက္ရွိအေျခအေနအရ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ႏိုင္မွသာ စာစစ္လုပ္ငန္းမ်ားစတင္ႏိုင္မည္ျဖစ္သည့္အတြက္ ေအာင္စာရင္းထုတ္ျပန္ႏိုင္မည္ျဖစ္ၿပီး ေအာင္စာရင္းထုတ္ျပန္လ်က္ရွိသည့္ ဇြန္လတြင္ ထုတ္ျပန္ႏိုင္ရန္ ေသခ်ာမႈမရွိေတာ့ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ သိရပါတယ္။

Bookshops (470) စာအုပ္အေရာင္းဆိုင္မ်ားႏွင့္ ပတ္သက္ၿပီး (၄၇၀) ခုရွာရန္ႏွိပ္ပါ။

မတ္လ (၂၃) ရက္မွ စတင္ၿပီး ယေန႔အထိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္မွာ (၁၅၀) ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။

Credit: The Voice
 

*
 

News Tips Latest Post Read 16111 times