NESP(2020-2030)ရေးဆွဲရန်အခြေခံပညာ၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍများမှဆရာဆရာမများနှင့်ညှိနှိုင်း

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ညှိနှိုင်းအစည်းအဝေး ၂၆ ခုရှိသည့်အနက် ယနေ့သည် ၂၃ ကြိမ်မြောက်ဖြစ်ပါကြောင်း၊ သမားရိုးကျပညာရေးစနစ်သည် လူနည်းစုမှ ဆုံးဖြတ်ခြင်း၊ ကျောင်းသားများမှာ ဆရာမှ သင်ကြားသည့် စာများကို အလွတ်ကျက်မှတ်ရခြင်း၊ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်းနှင့် သင်ရိုးများနှင့် စာမေးပွဲစစ်ဆေး အကဲဖြတ်မှုများမှာ ပုံသေစံသတ်မှတ်ထား၍ ပညာရေးမှာ စာမေးပွဲရမှတ်များပေါ်တွင်သာ ဦးစားပေးခြင်းတို့ ဖြစ်ပါကြောင်း၊ New Normal Education System တွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ဆိုရှယ်မီဒီယာ၊  ဉာဏ်ရည်တု၊ သုံးဖက်မြင်ဖြင့် ပုံနှိပ်ထုတ်ခြင်း၊ စက်ရုပ်တီထွင် အသုံးချမှုပညာ၊ Internet of Things ၊ Big Data၊ Digitalization ၊ Post-truth ၊ သတင်းမှားများ တိုးတက်လာပါကြောင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒီဂျစ်တယ် စီးပွားရေး၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများ ရှိလာပြီး စားသုံးသူများကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်လာပါကြောင်း၊ Corporate Social Responsibility (CSR) များ အရေးကြီး သကဲ့သို့ တန်ဖိုးထားမှုများနှင့် စိတ်ခံစားမှုများမှာ အဓိကကျသဖြင့် Creating Shared Value (CSV) တန်ဖိုးထားမှုများသည် ပို၍အရေးကြီး လာပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရေရှည်တည်တံ့ခိုင်မြဲ ပြီးဟန်ချက်ညီသောဖွံ့ဖြိုးရေးပန်းတိုင် Sustainable Development Goals - SDGs (2016-2030) ပါ ရည်မှန်းချက်ပန်းတိုင် ၁၇ ခု၊ Organisation for Economic Cooperation and Development (OECD) ၏ Future of Education and Skills 2030 နှင့် လိုက်လျော ညီထွေဖြစ်စေရန်အတွက် NESP 2 (2021-2030) အကောင်အထည်ဖော်ကာလကို ၁၀ နှစ်သတ်မှတ်ရပါကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲတွင် မဟာဗျူဟာ များနှင့် လုပ်ငန်းစဉ်များတို့ကို ဆွေးနွေးသွားမည်ဖြစ်ပြီး လက်တွေ့ ဆောင်ရွက်မည့် အသေးစိတ် လုပ်ငန်းစဉ်များ (Sub-Components)နှင့် လုပ်ဆောင်ချက်များကို ခေတ်အခြေအနေနှင့် လိုအပ်ချက်အပေါ်မူ တည်၍ တစ်နှစ်ချင်းစီ စီစဉ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လူသားများကိုတန်ဖိုးထားရန် အရေးကြီးသကဲ့သို့ သဘာဝများဖြစ်သည့် Green Growth ၊ ရွှေ့ပြောင်း နေထိုင်မှု၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း စသည်တို့သည်လည်း အရေးကြီးပါကြောင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့်ဆောင်ရွက်ခြင်း၊ ကျေးလက် မြို့ပြ ကွာခြားမှုမရှိခြင်း၊ ကျား မခွဲခြားမှုမရှိခြင်း၊ ဝင်ငွေနည်းများ ကွာခြားမှုမရှိခြင်း အစရှိသည့် တစ်သားတည်းရှိမှု၊ ပြုပြင် ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆုံးဖြတ် အကောင်အထည်ဖော်မှုတို့သည် New Normal နှင့် လိုက်လျောညီထွေရှိပါကြောင်း။

ကျောင်းအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများနှင့် လိုက်လျော ညီထွေဖြစ်စေရန်နှင့် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် အရည်အချင်းများ ရရှိစေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဆရာ ဆရာမ များ၏ နာသုံးနာနှင့် သင်ကြားသင်ယူမှု နည်းလမ်းကောင်းများကို အသုံးပြုခြင်းဖြင့် ကျောင်းသားကျောင်းသူများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို မြှင့်တင်နိုင်သဖြင့် အားရကျေနပ်ပါကြောင်း၊ သင်ယူရာတွင် နက်နက်နဲနဲနှင့် ကျယ်ကျယ်ပြန့်ပြန့် သင်ယူရန် အရေးကြီးပါကြောင်း၊ နောက်ခံ အခြေအနေနှင့် မျှော်မှန်းရလဒ် မတူသူများကို လူတိုင်းအကျုံးဝင်မှု၊ သာတူညီမျှနှင့် အရည်အသွေးရှိမှု အားလုံးပါဝင်အောင် ဆောင်ရွက်ရသဖြင့် စုပေါင်းအင်အား ဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

NESP (2016-2021) ကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံး စေရေး မူဝါဒများနှင့်အညီ ကျောင်းသား ကျောင်းသူများကို ကမ္ဘာ့လူသားကောင်း စိတ်ဓာတ် ရှိမှု၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူ တာဝန်ခံမှုဖြင့် အကောင်းဆုံးဆောင်ရွက်တတ်မှု၊ ဆန်းသစ်တီထွင် ဖန်းတီးမှုတို့ရှိစေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မျှော်မှန်းရလဒ်များ ရရှိစေရေးအတွက် ဆရာ ဆရာမများ၏ အရည် အသွေးသည် အရေးကြီးပါကြောင်း။

ဆရာ ဆရာမနှင့် စီမံခန့်ခွဲရေး အရာထမ်း အမှုထမ်းများ၏ အရည်အသွေးမြှင့် တင်ရာတွင် ကျွမ်းကျင်မှုများကို Reskilling လုပ်ခြင်း၊ Upskilling လုပ်ခြင်းဖြင့် Continuous Professional Development မြှင့်တင်မှုအခွင့်အလမ်းများ လူတိုင်းရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  ဆရာအရည်အသွေးမူဘောင်၊ career pathway နှင့် Quality Sheet များအရ ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက်ပါကြောင်းနှင့် လူတိုင်းအတွက် မျှတသော အခွင့်အလမ်း များရှိပါကြောင်း၊ ပြည်ထောင်စုဖြစ်သည့်အား လျော်စွာ တိုင်းရင်းသားဒေသများကို ဦးစားပေး ဆောင်ရွက်ရာတွင် အိုင်စီတီဆိုင်ရာနည်း ပညာများ၊ အခြေခံ အဆောက်အအုံများ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း၊ ကန်တင်းများ၊ Green Gardenများ၊ ခြံစည်းရိုးများ၊ ဝန်ထမ်းအိမ်ရာများ၊ စသည့်တို့ကို ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိပြီး ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ယူခွင့် ရရှိစေရန် ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးလျက် ကျောင်းထောက်ပံ့ကြေးများ၊ ပြည်သူ့ဘဏ္ဍာ များကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုရမည်ဖြစ်သဖြင့် အကြံပြုချက်များနှင့် ဆွေးနွေးချက် များသည် အရေးကြီး တန်ဖိုးထားပါကြောင်း။

ဆရာ ဆရာမများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံပညာကဏ္ဍတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းသင်ယူပြီးမြောက်သူ အရေအတွက် တိုးတက်လာပါကြောင်း၊  အထက်တန်း သင်ယူပြီးမြောက်သူ ၅၆၆၀၀၀ ကျော်ရှိလာပြီး နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတွင် ကာလတို၊ ကာလရှည်နှင့် ဘွဲ့ရရှိသူများ များလာပါကြောင်း၊ အထူးသဖြင့် အခြေခံပညာကဏ္ဍရှိ ဆရာ ဆရာမများသည် သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်းသစ်များ၊ သင်ထောက်ကူပစ္စည် များအသုံးပြု၍ မူလတန်း အဆင့်တွင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်အောင် သင်ပေးခဲ့သဖြင့် အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှု ဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) အရ ပါဝင်သော အရှေ့တောင်အာရှနိုင်ငံ ၆ နိုင်ငံတွင် အဆင့် ၃ တွင်ရှိသဖြင့် ဂုဏ်ယူပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးသာမက မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုတွင် ကျေးလက်-မြိုပြ၊ ဝင်ငွေ နည်း-များ၊ စာသင်ခန်း-ကျောင်းသားအချိုး စသည်တို့တွင် ကွာဟမှုသိပ်မရှိခြင်း၊ ဆရာ ဆရာမများသည် သင်ကြားသင်ယူမှု နည်းလမ်းများရရှိပါက ဆန်းသစ်တီထွင်နိုင်မှုနှင့် သင်ကြား သင်ယူနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူ နိုင်မှုအရည်အသွေးမြင့်မာခြင်း စသည့် အားသာချက်များရှိသော်လည်း ကျောင်းသား ကျောင်းသူများတွင် ကိုယ်ချင်းစာစိတ်ဖြင့် ကူညီဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင် သည့် သဘောထားများ အားကောင်းရန် လိုပါကြောင်းနှင့်  မိဘနှင့် ဆရာဆရာမ ပူးပေါင်း ဆောင်ရွက်မှုများတွင် လိုအပ်ချက်များ ရှိသဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

စွမ်းဆောင်ရည်ကို အခြေခံသည့် သင်ရိုးများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ စဉ်းစား တွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်မှုများကို ဆောင်ရွက်လျက်ရှိရာ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများသည် အင်္ဂလိပ်စာနှင့် အိုင်စီတီတတ်မြောက်ရေးမှာ သင်ယူရေး အတွက် အရေးကြီးပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားသည့် နိုင်ငံတကာ တက္ကသိုလ်များ၊ ထိပ်တန်းတက္ကသိုလ်များ၏ Online Courses များတွင် တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း။

တစ်သက်တာသင်ယူမှုကို ဆောင်ရွက်ပေးရာတွင် National Qualification Framework အရ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မူလတန်းပြီးလျင် Level – 1 ဖြစ်ပါ ကြောင်း၊ အလယ်တန်းပြီးလျှင် Level – 2 ဖြစ်ကြောင်း၊ သို့သော် Minimum Learning Achievement ရရှိရန်လိုအပ်ကြောင်း၊  အထက်တန်း ပြီးလျင် Level – 3 ဖြစ်ပါကြောင်း၊ သို့သော် အထက်တန်းပြီးလျင် Level – 4 ၊ Level – 5 နှင့် Level – 6 ကိုလည်းသွား လို့ရပါ ကြောင်း၊ Level – 4 သည် Short Circle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ် တိုက်ရိုက်တက်၍မရသော်လည်း  Level – 5 ကိုသွားလို့ရပါကြောင်း၊ Level – 5 သည် Short Circle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း Advanced Diploma သင်တန်း များဖြစ်ပြီး Tertiary Level ဖြစ်သည့်  တက္ကသိုလ်ကို ကူးပြောင်းသင် ယူနိုင်ပါကြောင်း၊  Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ပြီးတက် လို့ရပါကြောင်း၊ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT၊ ဂျပန်တွင် National Exam၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းကောင် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍  Level – 3 မှ Level – 6  ကိုတိုက်ရိုက်ခုန်တက်နိုင်ရန် ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စာမေးပွဲ စစ်ဆေးအကဲဖြတ် ခြင်းသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြစ်ပါကြောင်း၊ High School Completion Certificate  ရရှိသူ များသည် Level – 4 ၊ Level – 5 ကိုသွားလို့ရသကဲ့သို့  Level – 4 မှ Level – 5 ကို ကူးပြောင်းရနိုင်ပါကြောင်း၊  Level – 5  ပြီးလျှင် Level – 6  သို့လည်း ကူးပြောင်း နိုင်ပါကြောင်း နှင့် ထိုသို့ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် National Qualification Framework နှင့်အတူ Credit Transfer System များကို သေသေချာချာ သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ ယင်း Credit Transfer System တွင် Quality Assurance ၊ Internal Quality Assurance ၊ External Quality Assurance များက အင်မတန်အရေးကြီးပါကြောင်း။

ပေါင်းစပ်သင်ကြားသင်ယူမှုနည်းလမ်းတွင် High-Tech Learning နှင့် High-Touch Learning များအသုံးပြုပြီး ကျောင်းသားကျောင်းသူများ၊ သင်ယူသူများနှင့် တိုင်းရင်းသား ပြည်သူများကို တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင် မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသဖြင့် လက်တွဲ ညီညီပူး ပေါင်းပြီး စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံကာ ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း။

UNESCO: International  Commission on the Futures of Education (2020) တွင် Nine Ideas for Public Action (၉) ချက် ပါရှိပါကြောင်း၊ အဆိုပါ (၉) ချက်မှာ

 (၁) ပညာရေး ကို အများအကျိုးဆိုင်ရာ အားလုံးနှင့်သက်ဆိုင်သောလုပ်ငန်းရပ် (Common good) အဖြစ် ခိုင်မာအားကောင်းလာ စေခြင်း

(၂) လူတိုင်းပညာသင်ယူနိုင်ခွင့် (Right to education) ကို တိုးချဲ့ဆောင်ရွက်ခြင်း

(၃) ဆရာ ဆရာမများ၏ သင်ကြားမှု Profession နှင့် ပူးပေါင်း ဆောင်ရွက်မှုကိုတန်ဖိုးထား ခြင်း

(၄) ကျောင်းသား၊ လူငယ်များ၏ ပါဝင်ဆောင်ရွက်နိုင်မှုနှင့် အခွင့်အရေးများကို ကာကွယ်‌စောင့်ရှောက်ခြင်း

(၅) ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ကျောင်းပုရဝုဏ် Space များကို လူမှုရေးအတွက် လိုအပ်လျှင် ပူးပေါင်း အသုံးပြုခွင့်ပေးခြင်း

(၆) ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အတွက် ပညာအရင်းအမြစ် များနှင့် ဒစ်ဂျစ်တယ်နည်းပညာ များကို Open Source Technologies အဖြစ် အခမဲ့လွတ်လပ်စွာ ရယူနိုင်ရေးဆောင်ရွက်ပေးခြင်း

(၇) သိပ္ပံဆိုင်ရာ အသိပညာများ (Scientific Literacy) ကို သင်ရိုးညွှန်းတမ်းတွင် ပါဝင်စေခြင်း

(၈) ပြည်သူ့ဘဏ္ဍာငွေနှင့် နိုင်ငံတကာ အထောက် အပံ့များ၊ နိုင်ငံတကာ ချေးငွေများကို အကျိုးရှိထိရောက်စွာ ကာကွယ်ထိန်းသိမ်းသုံးစွဲခြင်း

(၉)  လက်ရှိကြုံတွေ့ နေရသော မညီမျှမှုများကို အဆုံးသတ်နိုင်ရေးအတွက် ကမ္ဘာစုစည်းအင်အား (Global Solidarity) ဖြင့် တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါကြောင်း၊

သို့ဖြစ်ပါ၍ စုပေါင်း အင်အားနှင့် ပညာရေးကို ပြုပြင်ပြောင်းလဲပြီး အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကာ အားလုံးစုပေါင်းအင်အားနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း  ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တက် ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။

Source: Ministry of Information 

By Myanmar Education Guide (EDGE) 

Government School Latest Post News Read 1148 times