ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးညှိနှိုင်း

**Unicode**

ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်း အစည်း အဝေးကို  ယနေ့  နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့  Video Conferencing  ဖြင့် ချိတ်ဆက် ကျင်းပသည်။


ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က (၂၀၂၀) - (၂၀၂၁) ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက အပ်နှံထားသည့် ကျောင်းသုံးဖတ်စာအုပ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာနက တာဝန်ယူ  ဆောင်ရွက်လျက်ရှိသည့်  စာအုပ်အမှာစာ‌စောင်ရေမှာ လက်ရှိတွင် (၉၀) ရာခိုင်နှုန်းကျော် ပုံနှိပ်ပြီးစီးနေပြီဖြစ်၍  သတ်မှတ်ကာလအတွင်း ပုံနှိပ်ထုတ်လုပ်ဖြန့်ချိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များသို့ အပ်နှံဆောင်ရွက်သော ကျောင်းသုံးစာအုပ်များအနက် အများစု မှာ ပြီးစီးအောင် ဆောင်ရွက်နိုင် မည်ဟု သိရှိရသော်လည်း  ပုံနှိပ်စက်အချို့က လတ်တလော ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှု အခြေအနေကြောင့် ပြီးစီးရန် အခက်အခဲရှိနိုင်သည်ဟု တင်ပြလာခြင်းများအပေါ် စဉ်းစား သုံးသပ် ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင် ညှိနှိုင်းစီစဉ် ဆောင်ရွက် နိုင်ရန်   ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဉီးစီးဌာနက ပုံနှိပ်သည့် အရေအတွက်၊ လက်ရှိ  ပြီးစီးနေ သည့် အရေအတွက်နှင့် သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကိုလည်းကောင်း၊ ပြင်ပ ပုဂ္ဂလိက ပုံနှိပ်တိုက်များအနက် သတ်မှတ်ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် ပုံနှိပ်တိုက်များ၊    နှောင့်နှေးနိုင်သည့် ပုံနှိပ်တိုက်များ၏ အခြေအနေတို့ကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက    လောလောဆယ် အထိ ကျောင်းများဖွင့်ရန် သတ်မှတ်ရက်မှာ ဇွန် (၁) ရက် ဖြစ်ပါကြောင်း၊  ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ခြင်း နှင့် ဖြန့်ဝေခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီး အောင်   ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ၊ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက်  သတ်မှတ်ကာလတွင် ဖြန့်ချီနိုင်ရန်အရေးကြီးပါကြောင်းပြောကြားသည်။


ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ  ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချီရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ကဆွေးနွေးတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦအောင်လှထွန်း၊  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဒေါက်တာ ဝင်းထွန်းတို့က ကျောင်းသုံးဖတ်စာအုပ် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုများ အချိန်မီပြီးစီးရေး အတွက် ဆောင်ရွက်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြသည်။

Computer Applications (431) Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (၄၃၁) ခုရှာရန်နှိပ်ပါ။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

www.edge.com.mm

 

 

**Zawgyi*

ေက်ာင္းသုံးစာအုပ္မ်ား သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးေအာင္ ပုံႏွိပ္၊ ထုတ္လုပ္၊ ျဖန႔္ခ်ိႏိုင္ေရး ညႇိႏႈိင္း အစည္း အေဝးကို  ယေန႔  နံနက္ (၁၀) နာရီတြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနတို႔  Video Conferencing  ျဖင့္ ခ်ိတ္ဆက္ က်င္းပသည္။


ေရွးဦးစြာ ေက်ာင္းသုံးစာအုပ္မ်ား ႐ိုက္ႏွိပ္ျဖန႔္ခ်ိေရးေကာ္မတီဥကၠ႒ ျပန္ၾကားေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာေဖျမင့္က (၂၀၂၀) - (၂၀၂၁) ပညာသင္ႏွစ္အတြက္ ပညာေရးဝန္ႀကီးဌာနက အပ္ႏွံထားသည့္ ေက်ာင္းသုံးဖတ္စာအုပ္မ်ားႏွင့္ ပတ္သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ပုံႏွိပ္ေရးႏွင့္ ထုတ္ေဝေရးဉီးစီးဌာနက တာဝန္ယူ  ေဆာင္႐ြက္လ်က္ရွိသည့္  စာအုပ္အမွာစာ‌ေစာင္ေရမွာ လက္ရွိတြင္ (၉၀) ရာခိုင္ႏႈန္းေက်ာ္ ပုံႏွိပ္ၿပီးစီးေနၿပီျဖစ္၍  သတ္မွတ္ကာလအတြင္း ပုံႏွိပ္ထုတ္လုပ္ျဖန႔္ခ်ိႏိုင္မည္ျဖစ္ပါေၾကာင္း၊ ပညာေရးဝန္ႀကီးဌာနက ျပင္ပပုဂၢလိက ပုံႏွိပ္တိုက္မ်ားသို႔ အပ္ႏွံေဆာင္႐ြက္ေသာ ေက်ာင္းသုံးစာအုပ္မ်ားအနက္ အမ်ားစု မွာ ၿပီးစီးေအာင္ ေဆာင္႐ြက္ႏိုင္ မည္ဟု သိရွိရေသာ္လည္း  ပုံႏွိပ္စက္အခ်ိဳ႕က လတ္တေလာ ကိုဗစ္ - ၁၉ ေရာဂါ ျပန႔္ပြားမႈ အေျခအေနေၾကာင့္ ၿပီးစီးရန္ အခက္အခဲရွိႏိုင္သည္ဟု တင္ျပလာျခင္းမ်ားအေပၚ စဥ္းစား သုံးသပ္ ရန္ႏွင့္ သတ္မွတ္ကာလအတြင္း ၿပီးစီးႏိုင္ေရးအတြက္ လိုအပ္သည္မ်ား ႀကိဳတင္ ညႇိႏႈိင္းစီစဥ္ ေဆာင္႐ြက္ ႏိုင္ရန္   ယခုအစည္းအေဝးကို က်င္းပရျခင္း ျဖစ္ပါေၾကာင္း ေျပာၾကားသည္။


ထို႔ေနာက္ ပုံႏွိပ္ေရးႏွင့္ ထုတ္ေဝေရးဉီးစီးဌာန ေခတၱ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုကိုႏိုင္က ပုံႏွိပ္ေရးႏွင့္ ထုတ္ေဝေရး ဉီးစီးဌာနက ပုံႏွိပ္သည့္ အေရအတြက္၊ လက္ရွိ  ၿပီးစီးေန သည့္ အေရအတြက္ႏွင့္ သတ္မွတ္ ကာလအတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနတို႔ကိုလည္းေကာင္း၊ ျပင္ပ ပုဂၢလိက ပုံႏွိပ္တိုက္မ်ားအနက္ သတ္မွတ္ရက္ အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္ႏိုင္မည့္ ပုံႏွိပ္တိုက္မ်ား၊    ေႏွာင့္ေႏွးႏိုင္သည့္ ပုံႏွိပ္တိုက္မ်ား၏ အေျခအေနတို႔ကိုလည္းေကာင္း အေသးစိတ္ ရွင္းလင္းတင္ျပသည္။

ဆက္လက္၍  ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက    ေလာေလာဆယ္ အထိ ေက်ာင္းမ်ားဖြင့္ရန္ သတ္မွတ္ရက္မွာ ဇြန္ (၁) ရက္ ျဖစ္ပါေၾကာင္း၊  ေက်ာင္းသုံးစာအုပ္မ်ားကို ပုံႏွိပ္ျခင္း ႏွင့္ ျဖန႔္ေဝျခင္းကို သတ္မွတ္ကာလအတြင္း ၿပီးစီး ေအာင္   ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ ဆရာ ဆရာမမ်ား ၊ေက်ာင္းသား ေက်ာင္းသူမ်ား လက္ဝယ္အေရာက္  သတ္မွတ္ကာလတြင္ ျဖန႔္ခ်ီႏိုင္ရန္အေရးႀကီးပါေၾကာင္းေျပာၾကားသည္။


ယင္းေနာက္ ေက်ာင္းသုံးစာအုပ္မ်ား ႐ိုက္ႏွိပ္ေရးဆပ္ေကာ္မတီဥကၠ႒  ျပန္ၾကားေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးေအာင္လွထြန္းႏွင့္ ေက်ာင္းသုံးစာအုပ္မ်ား ျဖန႔္ခ်ီေရးဆပ္ေကာ္မတီ ဥကၠ႒ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းတို႔ကေဆြးေႏြးတင္ျပၾကသည္။


ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီး၊ ဒုတိယဝန္ႀကီး ဦေအာင္လွထြန္း၊  ပညာေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းႏွင့္ ေဒါက္တာ ဝင္းထြန္းတို႔က ေက်ာင္းသုံးဖတ္စာအုပ္ ပုံႏွိပ္၊ ထုတ္လုပ္၊ ျဖန႔္ခ်ိမႈမ်ား အခ်ိန္မီၿပီးစီးေရး အတြက္ ေဆာင္႐ြက္ရန္ နည္းလမ္းမ်ားႏွင့္ ပတ္သက္၍ ျဖည့္စြက္ေဆြးေႏြးၾကသည္။

Computer Applications (431) Computer Applications ႏွင့္ပတ္သက္ျပီး သင္တန္း (၄၃၁) ခုရွာရန္ႏွိပ္ပါ

ယင္းေနာက္  ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္က နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားသည္။

www.edge.com.mm

Latest Post News Tips Read 4206 times