Canva နဲ့ Google Classroom ကို ရုံးချိန်လွတ် အခမဲ့ လေ့လာနိုင်ပြီ

 

MYEO နဲ့ Myanmar Teacher Platform တို့မှ ပူးပေါင်းပြီး သင်ကြားရေးနယ်ပယ်က ဆရာ/ဆရာမတွေအတွက် Canva နဲ့ Google Classroom ကို သေချာသုံးတတ်စေဖို့ ရည်ရွယ်တဲ့ “Modern Teaching Tools : Canva and Google Classroom” Training ကို အခမဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ 

 

သင်တန်းကိုတော့ စက်တင်ဘာလ (၂၃)၊ (၂၅)၊ (၂၆)၊ (၂၇) ရက်နေ့တွေမှာ ည (၆) နာရီကနေ (၈) နာရီအထိ စီစဉ်ပေးထားတာဖြစ်တဲ့အတွက် အလုပ်တစ်ဖက်နဲ့ မအားရင်တောင် (၄) ရက်လောက် အချိန်ပေးပြီး ညပိုင်း လေ့လာမယ်ဆိုရင် Skill အသစ်တစ်ခုကို ရရှိနိုင်မှာပါ။

 

သင်ကြားရေးနယ်ပယ်က ဆရာ/ဆရာမတွေအနေနဲ့ Google Classroom ကိုသုံးပြီး Online Learning Management System ကို ပိုမိုနားလည်လာနိုင်မယ့်အပြင် Canva သုံးပြီး စာသင်ကြားရေးမှာ အထောက်အကူပြုမယ့် Presentation တွေ၊ Graphics ပုံတွေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။

 

ဆရာမဟုတ်ပေမဲ့ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချဖို့ Canva နဲ့ ဒီဇိုင်းတွေ ဖန်တီးတတ်ချင်တယ်၊ Google Classroom ကို သေချာသုံးတတ်ချင်တယ်ဆိုရင်လည်း တက်ရောက်နိုင်ပါတယ်။ 

 

Training တက်ပြီး ဘာတွေ သိရှိသွားနိုင်လဲ?

- အခြေခံ ဒီဇိုင်းစည်းမျဉ်းတွေ နားလည်သွားမယ်။

- Canva ကို သုံးပြီး Teaching Materials တွေ၊ Graphics တွေနဲ့ Presentaion Slides တွေကို ဖန်တီးတတ်သွားမယ်။

- Canva ကို Mobile Version ရော Website Version ပါ သုံးတတ်သွားမယ်။

-  Online Learning Management System တွေအကြောင်း ပိုနားလည်သွားမယ်။

- Google Classroom မှာ Online Classroom တွေနဲ့ Student Enrollment Form တွေ လုပ်တတ်သွားပါမယ်။

- Google Classroom ကို သုံးပြီး လေ့လာရမယ့်သင်ခန်းစာတွေနဲ့ အကြုံပြချက်တွေကို ပေးတတ်သွားမယ်။

- ကျောင်းသားတွေရဲ့ လေ့လာမှုအခြေအနေနဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ ကြည့်တတ်သွားမယ်။ 

- အပြန်အလှန်ဆက်သွယ်ချိတ်ဆက်နိုင်မယ့် လေ့လာမှုရပ်ဝန်းတစ်ခုကို ဖန်တီးဖို့ တခြားဆရာ/ဆရာမတွေနဲ့ ပူးပေါင်းပြုလုပ်နိုင်သွားပါမယ်။

 

ဘယ်သူတွေ တက်ရောက်သင့်လဲ?

- Learning Materials တွေ ကိုယ်တိုင်ဖန်တီးရတဲ့ ဆရာ/ဆရာမတွေ

- Visual Content တွေကို ပရော်ဖက်ရှင်နယ်ကျကျ ဖန်တီးချင်သူတွေ

- Google Classroom ကို သေသေချာချာ သုံးတတ်ချင်သူတွေ တက်ရောက်သင့်ပါတယ်။

 

ဒီသင်တန်းမှာ တက်ရောက်လိုတယ်ဆိုရင် MYEO Messenger မှာ google classroom canva လို့ စာပို့ပြီး အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။ လူဦးရေ (၂၀၀) ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်တဲ့အတွက် စာရင်းမြန်မြန်သွင်းဖို့တော့ လိုပါမယ်။ တက်ရောက်ခွင့်ရရှိသွားတဲ့သူတွေအနေနဲ့ Free Course ဆိုပြီး အတန်းချိန်မှန်မှန် မတက်ရင် Training မှ ဖယ်ထုတ်ခံရမှာဖြစ်ပါတယ်။


MYEO Facebook >> https://www.facebook.com/myeo.hub

 

Latest Post Vocational Read 145 times