နေပြည်တော် နည်းပြ(သင်ကြားရေး) ရာထူး လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော် ဦးနိုင်ရာထူးဝင်ခွင့် သင်တန်းကျောင်း နေပြည်တော် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၀၊ အောက်တိုဘာလ (၃) ရက် နေ့တွင် နေပြည်တော် ဦးနိုင်ရာထူးဝင်ခွင့်သင်တန်းကျောင်း (ရုံးချုပ်) မှထုတ်ပြန်ကြေငြာလိုက်ပါတယ်။

၁။ နေပြည်တော် ဦးနိုင် ရာထူးဝင်ခွင့်သင်တန်းရုံးချုပ်တွင်တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားပေးပို့နိုင်ပါသည်။

(က) ရာထူး - နည်းပြ (သင်ကြားရေး)
        ခန့်အပ်မည့်လူဦးရေ - မ (၂)
        ပညာအရည်အချင်း - M.A. (Myanmar)

(ခ) ရာထူး - နည်းပြ (သင်ကြားရေး)
      ခန့်အပ်မည့်လူဦးရေ - မ - (၁)
      ပညာအရည်အချင်း - M.A. (English)

(ဂ) ရာထူး - နည်းပြ (သင်ကြားရေး)
      ခန့်အပ်မည့်လူဦးရေ - မ - (၁)
      ပညာအရည်အချင်း - LL.M

၂။ လျှောက်ထားသူသည် 
(က) တက္ကသိုလ်တစ်ခုခုမှ မဟာဘွဲ့ရရှိပြီးသူသာ ဖြစ်ရမည်။
(ခ) ရွေးချယ်ခန့်အပ်ပါက အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(ဂ) သင်ကြားရေး ဆရာ/ဆရာမဖြစ်ဖို့အထိ ပညာရှင်များနှင့် လေ့ကျင့်သင်ကြားပေးမည်။ 
(ဃ) စာချုပ်ကာလအတွင်း နည်းပြ/ PPTT အစိုးရလုပ်များလျှောက်ခွင့်ပြုပါမည်။
( နည်းပြ/ PPTTအစိုးရအလုပ်ဝင်ခွင့်အောင်မြင်သွားသည့်အခါလျော်ကြေးငွေပေးစရာမလိုသည့်အပြင်
တွဲလုပ်၍ရသည့်လုပ်ငန်းများပူးတွဲတာဝန်ပေးပါမည်။) 
(င) Conputer ကျွမ်းကျင်သူကို ဦးစားပေးမည်။ 
(စ) Online Teaching လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
(ဆ) မျှော်မှန်းလစာကို တစ်ပါတည်းကိုယ်ရေးရာဇဝင် လျှောက်လွှာထဲတွင် ရေးသားတင်ပြရမည်။ 
(ဇ) နေပြည်တော် ဦးနိုင်ရာထူးဝင်ခွင့် သင်တန်းကျောင်းမှာဘာကြောင့်သင်ကြားရေး ဆရာ / ဆရာမအဖြစ်
တာဝန်ထမ်းဆောင်လိုသလဲဆိုသည့်အချက်အလက်များကို Application letter (လျှောက်လွှာစာ)
ရေးသားပေးပို့ ရပါမည်။
(ဈ) လျှောက်လွှာများကို [email protected] သို့ စနစ်တကျပေးပို့ရမည်။

၃။ အသေးစိတ်သိရှိလိုသည့်အချက်များကို နေပြည်တော် ဦးနိုင်ရာထူးဝင်ခွင့်သင်တန်းကျောင်းရုံးချုပ် 
(ဖုန်းနံပါတ်/၀၉-၄၃၀၃၈၅၆၅၊ ၀၉-၈၈၉၅၉၅ဝ၉၅) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နေပြည်တော် ဦးနိုင်ရာထူးဝင်ခွင့်သင်တန်းကျောင်း (ရုံးချုပ်)
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
 

Latest Post Read 1745 times