Sales Hotline : 09448001653       Download App



British Council မှာ Free တက်ရောက်နိုင်တဲ့ IELTS Preparation Program

 

IELTS (international English language standardized test) က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ကျောင်းလျှောက်ချင်ရင်ပဲဖြစ်ဖြစ်၊ ပညာတော်သင်ဆု လျှောက်ချင်ရင်ပဲဖြစ်ဖြစ် နောက်ဆုံး အခုဆို မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို ဆရာ/ဆရာမ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ့်သူတွေအတွက်ပါ လိုအပ်လာပြီပဲဖြစ်ပါတယ်။

 

ဒါကြောင့် IELTS ဖြေဖို့ လေ့လာနေတယ်၊ လေ့လာဖို့ ပြင်ဆင်နေပြီဆိုရင်တော့ British Council က Free ပေးထားတဲ့ IELTS Program ကို လေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်။ 

 

ဒီပရိုဂရမ်ဟာဆိုရင် IELTS လေ့လာမှုရဲ့ ပင်မအစိတ်အပိုင်းကြီးလေးခုဖြစ်တဲ့ အရေး၊ အဖတ်၊ အပြော၊အကြား စွမ်းရည်တို့ကို လေ့ကျင့်ဖို့အတွက် အတွေ့အကြုံရှိ လတ်မှတ်ရဆရာ/ဆရာမများက ကူညီပံ့ပိုးပေးမှာပါ။

 

ဒါ့အပြင် ဒီစွမ်းရည်တွေမှာသာ အခြေခံအုတ်မြစ်ခိုင်မာစေရုံမကပဲ  ဘာသာစကားနဲ့ စာမေးပွဲဆိုင်ရာနည်းဗျူဟာတွေကိုလည်း အမှန်တကယ် စာမေးပွဲဖြေရသလိုမျိုးဖြစ်အောင် ကူညီထောက်ပံ့ပေးပါလိမ့်မယ်။

 

သင့်အနေနဲ့သေချာအာရုံစိုက်ပြီး ကြိုးစားလေ့လာမယ်ဆိုရင်တော့ IELTS စာမေးပွဲမှာ သေချာပေါက် အမှတ်ကောင်းရဖို့ အလားအလာတွေ ရရှိနိုင်ပါလိမ့်မယ်။အခုဆိုရင် IELTS Preparation အတွက် Self-Study လုပ်နိုင်တဲ့ Online Learning Resource တွေလည်း အများကြီးတွေ့ရမှာပါ။ ဒီထဲကမှ British Council က အခမဲ့ လေ့လာခွင့်ပေးထားတဲ့ IELTS Preparation Program ကလည်းတစ်ခုအပါအဝင်ပါပဲ။

 

 ဒါဆိုပရိုဂရမ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်မှာဖော်ပြပေးထားပါတယ်_

  • Organization: British Council

  • Access Mode: Online

  • Eligibility: Open to all

Advertisement

Click Here > Shwe Bayin Phyu

သင်တန်းမှာ ပါဝင်မည့် Course Outline: 

  • IELTS Academic and General Training

  • Practice zone

  • Sample videos

  • Teacher Tutorials

  • Timed practice tests “My Progress” section

  • "My Progress" section

  • “Resource Bank” section

 

ဒီပရိုဂရမ်က ဘာအကျိုးကျေးဇူးတွေရမလဲ_

  • အခမဲ့အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းနိုင်ငံအသီးသီးမှ တက်ရောက်နိုင်ခြင်း

  • အင်တာနက်လိုင်းရှိရုံဖြင့် အိမ်မှနေ၍ သက်တောင့်သက်သာ တက်ရောက်နိုင်ခြင်း

  • စာမေးပွဲအတွက် လေ့လာစရာအကြောင်းအရာအစုံအလင်ပါရှိခြင်း

  • ကျောင်းသားများအတွက် စာမေးပွဲအတွက် လေ့ကျင့်ရန် နှင့် ကိုယ်ပိုင်အရည်အချင်းမြှင့်တင်ရန် အခွင့်အလမ်းများရရှိခြင်း

  • စာမေးပွဲစည်းကမ်းများအရ လေ့လာရန်အကြောင်းအရာများကို အမြဲ Update လုပ်ပေးခြင်း

  • စာမေးပွဲနှင့်နမူနာမေးခွန်းပုံစံများကိုကြည့်ရှုလေ့ကျင့်နိုင်ပြီး မေးခွန်းအမျိုးအစားများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေခြင်း

  • ဗီဒီယိုသင်ခန်းစာများ၊ ဉာဏ်စမ်းပဟေဠိများ နှင့် ဆွေးနွေးခန်းများပါရှိခြင်း

  • Feedback များပြန်ရခြင်းကြောင့် မိမိအားနည်းသည့်နေရာကို သေချာသုံးသပ်နိုင်ခြင်း

 

ဘယ်သူတွေတက်ရောက်လို့ရလဲ_

  • IELTS ဖြေဆိုဖို့ ပြင်ဆင်နေသူများ

  • လက်ရှိမှာ အင်္ဂလိပ်စာလေ့လာနေသူများ

  • အင်္ဂလိပ်စာကို Beginner Level မှာလေ့လာနေပြီး ကျွမ်းကျင်အဆင့်တက်ရောက်ချင်သူများ

 

ဒီသင်တန်းက အခမဲ့အွန်လိုင်းသင်တန်းဖြစ်တဲ့အပြင် ကိုယ်အားတဲ့အချိန်မှာလေ့လာလို့ရတဲ့အတွက် Deadline ရယ်လို့သီးသန့်မရှိပါဘူး။ ဒါကလည်း အလုပ်တစ်ဖက်နဲ့ စာလေ့လာမယ့်သူတွေအတွက် အထူးအဆင်ပြေစေပါတယ်။

 

ဒီပရိုဂရမ်ကို ဘယ်လိုလျှောက်ထားရမလဲ_

 

အောက်မှာပေးထားတဲ့လင့်ခ်ကနေ British Council ရဲ့ Official Website ထဲကိုဝင်ပြီး IELTS Preparation Program Page ကိုဝင်ပါ။ British IELTS Preparation Course အတွက် လိုအပ်တဲ့ အချက်အလက်တွေဖြည့် Sign Up လုပ်ပြီးရင် Program ကို Join လို့ရပါပြီ။ 

Apply Link >

https://takeielts.britishcouncil.org/take-ielts/prepare/courses/road-ielts

Official Website >

https://takeielts.britishcouncil.org/take-ielts/prepare/courses/road-ielts

Knowledge Latest Post Secondary University / College Read 1746 times