ဆုကြေးငွေ ကျပ်သိန်း (၁၀၀) အထိ ရရှိမယ့် သင်္ချာစွမ်းရည်ပြိုင်ပွဲကြီး

သင်္ချာဝါသနာရှင် ညီငယ်၊ ညီမငယ်တို့အတွက် ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ရရှိမယ့် သင်္ချာစွမ်းရည်ပြိုင်ပွဲကြီး ရှိတယ်ဆိုတာ သိပြီးပြီလား?


BRAND'S ကြက်ပေါင်းရည်နဲ့ Waso Learn တို့ ပူးပေါင်းစီစဉ်ထားတဲ့ "BRAND'S BRAIN POWER BATTLE" သင်္ချာစွမ်းရည်ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ (၁၁) ရက်နေ့ကစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။


ပြိုင်ပွဲကို အသက် (၁၈) နှစ်အောက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတိုင်း အခမဲ့ စာရင်းပေးသွင်းပြီး ပါဝင်နိုင်ပါတယ်။


ဒီသင်္ချာစွမ်းရည်ပြိုင်ပွဲကြီးကို အဆင့် (၅) ဆင့်နဲ့ ကျင်းပသွားမှာဖြစ်ပြီး ပထမအဆင့်ကို Waso Learn Application ထဲတွင် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၂၀)  ရက်နေ့အထိ မေးခွန်းလေးတွေ ပုံမှန် ဖြေဆိုသွားရမှာဖြစ်ပါတယ်။


ပထမဆုံး လုပ်ရာမှာက ဖုန်းထဲမှာ Waso Learn Application ကို ဒေါင်းလုတ်လုပ်ပြီး မိမိ ဖုန်းနံပါတ်နဲ့ အကောင့် ဖွင့်ရပါမယ်။ အသက် (၁၆) နှစ်အောက်ဆိုရင် Junior ကို ရွေးပြီး အသက် (၁၆) နှစ်အထက်မှစပြီး အသက် (၁၈) နှစ်အထိဆိုရင် Senior ရွေးပါ။


ပထမအဆင့်မှာ မိမိရွေးထားတဲ့ Level အလိုက် တစ်ရက်ကို မေးခွန်း (၁၀) ခုနှုန်းနဲ့ (၁၀) ရက်ကို မေးခွန်းအခု (၁၀၀) အထိ ဖြေဆိုသွားရမှာဖြစ်ပါတယ်။ မေးခွန်းအခု (၁၀၀) ကို အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေနိုင်မယ့် Senior (၆၀) နဲ့ Junior (၄၀) စုစုပေါင်း အယောက် (၁၀၀) ကို ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်ကို ယှဉ်ပြိုင်ရမှာပါ။


ဒုတိယအဆင့်မှာ မေးခွန်းအခု (၂၀) ကို တစ်ယောက်ချင်း ဖြေဆိုရမှာဖြစ်ပြီး အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်တဲ့ Senior (၄၈) ယောက်နဲ့ Junior (၃၂) ယောက် စုစုပေါင်း ကျောင်းသားအယောက် (၈၀) က ကွာတားဖိုင်နယ်ကို တက်လှမ်းသွားမှာဖြစ်ပါတယ်။  


ကွာတားဖိုင်နယ် ယှဉ်ပြိုင်မှုအတွက် ကျောင်းသားအယောက် (၈၀) ကို (၅) ယောက်ပါ အဖွဲ့ (၁၆) ဖွဲ့ ဖွဲ့ပေးပြီး ယှဉ်ပြိုင်ခိုင်းမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ Senior (၃) ယောက်နဲ့ Junior (၂) ယောက် ထည့်သွင်းပြီး (၅) ယောက် တစ်ဖွဲ့ကို မဲနှိုက် ဖွဲ့စည်းပေးမှာပါ။


ဆီမီးဖိုင်နယ်ကိုတော့ အဖွဲ့ (၄) ဖွဲ့သာ တက်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး Geometry၊ Calculus၊ Algebra၊ General Math တို့ကို အဖွဲ့ (၂) ဖွဲ့ချင်းစီ ခွဲပြီး ဖြေဆိုရမှာပါ။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကျော်ဖြတ်လာပြီး နောက်ဆုံးကျန်ရှိနေမယ့် အဖွဲ့ (၂) ဖွဲ့ကတော့ ဂရန်းဖိုင်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


ဒီသင်္ချာပြိုင်ပွဲမှာ အဆင့်တစ်ဆင့် ယှဉ်ပြိုင်ပြီးတိုင်း အနိုင်ရရှိသွားတဲ့ သူတွေကို BRAND'S နဲ့ Waso Learn Facebook Page တွေမှာ ကြေညာသွားမှာဖြစ်ပြီး အဆင့်တိုင်းမှာ ဆုလက်ဆောင်နဲ့ ဆုကြေးငွေတွေကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဂရန်းဖိုင်နယ်မှာ ရရှိမယ့် ချန်ပီယံဆု သိန်း (၁၀၀) ကျပ်ကိုတော့ (၅) ယောက် ပါဝင်တဲ့ အဖွဲ့မှ တစ်ယောက်ကို သိန်း (၂၀) ကျပ်စီ ခွဲယူရမှာပါ။


ပြိုင်ပွဲယှဉ်ပြိုင်ရမယ့်နေရာကတော့ ဒုတိယအဆင့်ကနေစပြီး ဆီမီးဖိုင်နယ်အထိ Strategy First International College ရဲ့ Teaching Center - 1 ( အမှတ် ၂၃၉ ၊ ပြည်လမ်း၊ မြေနီကုန်း City Mart အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ဂရန်းဖိုင်နယ်ကိုတော့ Public Area တစ်ခုမှာ ပြုလုပ်မှာဖြစ်ပြီး မိဘပြည်သူတွေ ကြည့်ရှုခံစားနိုင်ဖို့ တိုက်ရိုက် Live ထုတ်လွှင့် တင်ဆက်သွားမယ်လို့ သိရပါတယ်။


မိမိသင်္ချာစွမ်းရည်ကို ပြသရင်း ကျပ်သိန်း (၁၀၀) အထိ ဆွတ်ခူးနိုင်ဖို့အတွက် အောက်ကလင့်ခ်မှာ Waso Learn Application ကို ဒေါင်းလုတ်လုပ်ပြီး ဒီဇင်ဘာ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး အခမဲ့ စာရင်းပေးသွင်းနိုင်ပါပြီ။

>> https://www.wasolearn.com/app_download

 

Events & Exhibitions Latest Post Read 339 times