အမေရိကန်ပညာရေးဝန်ကြီးဌာန Betsy DeVos မှအပြာရောင်ဖဲကြိုးကျောင်းများ

Long Beach Unified School District သည် အမေရိကန်ပညာရေးဝန်ကြီးဌာန Betsy DeVos မှအပြာရောင်ဖဲကြိုးကျောင်းများအား အမျိုးသားကျောင်းများအဖြစ် ရွေးချယ်ပြီးဖြစ်သောကြောင့် ထိုဆုဖလားအတွက် ထပ်မံနေရာယူရန်လိုလိမ့်မည်။ ထိုသို့ ရွေးချယ်အသိအမှတ်ပြုခြင်းသည် ကျောင်း၏ အလုံးစုံစွမ်းဆောင်ရည် အပေါ်မူတည်သည်။ Charles Kettering မူလတန်းကျောင်းနှင့် Tincher ကြိုတင်ပြင်ဆင်မှု အကယ်ဒမီအပြင် LBUSD တွင် အပြာရောင်ဖဲကြိုးကျောင်း (၁၀) ကျောင်းရှိသည်။

Los Angeles County ရှိ ကျောင်း ၉ ကျောင်း ရှိသည့်အနက် Long Beach Unified မှာတော့ ကျောင်း ၂ ကျောင်းသာရှိသည်။ Orange County ရှိ ကျောင်း ၅ ကျောင်းအပါအဝင် ကယ်လီဖိုးနီးယားရှိ ကျောင်း ၃၆ ကျောင်းကို ဂုဏ်ပြုခဲ့သည်။ အသိအမှတ်ပြုခံထားရသည့် Tincher အတွက် ဂုဏ်ယူကြောင်း Tincher မှ ကျောင်းအုပ်ကြီး Alma Black ကပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏ ကျောင်းသည် ကျောင်းသားများအပေါ် ကြီးမားသော၊ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ကိုဆက်လက်ပြုလုပ်နေသည်။

လူတိုင်း၏ ကြိုးစားအားထုတ်မှုကိုနိုင်ငံတော်အဆင့်မှ ကျင်းပပေးသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ Tincher နှင့် Kettering တို့သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်း ၃၆၇ ကျောင်း အနက်မှ ၂ ကျောင်းဖြစ်သည်။ LBUSD ၏ ပြောရေးဆိုခွင့်ရှိသူ Chris Eftychiou က ပြီးခဲ့သည့်အပတ်က Press Telegram သို့ပြောကြားခဲ့သည်မှာ "နိုင်ငံ၏ ထိပ်တန်းကျောင်းအချို့တွင် ထပ်မံအသိအမှတ်ပြုခံရခြင်းကို ကျွန်ုပ်တို့ ကျေနပ်မိပြီး Kettering နှင့် Tincher ကျောင်းမှလူမှုအသိုင်းအဝိုင်းများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း" ဒီဆုတွေကို အသိအမှတ်ပြုရန် ကျောင်းသားများကို စိန်ခေါ်မှုများ သင်ကြားပေးတဲ့ ကျောင်းများကို ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ စာသင်ကျောင်းများသည် ဆက်လက်ဖြစ်ပွားနေသော ကမ္ဘာလုံးဆိုင်ရာ (coronavirus) ကူးစက်ရောဂါကြောင့် လူတိုင်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုအခက်အခဲများကြားမှ ဤစံနမူနာများကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ ” 1701 Petaluma Ave ရှိ Tincher K-8 ကျောင်းတွင် ပထမဆုံးအပြာရောင်ဖဲကြိုးကျောင်းအား ဂုဏ်ပြုသည်။ ၎င်းသည် Kettering အတွက် K-5 ကျောင်း၊ Silvera Ave 555 ရှိအခြား အပြာရောင်ဖဲကြိုးကျောင်းများအတွက် ပထမဆုံးသော အပြာရောင်ဖဲကြိုးဆုရသော ကျောင်းလည်းဖြစ်သည်။

ခရိုင်တွင် Cubberley၊ Rogers၊ Hughes၊ Lowell၊ Twain, Prisk, Naples နှင့် California ရှိသင်္ချာနှင့် သိပ္ပံအကယ်ဒမီတို့ပါဝင်သည်။ ထိုကျောင်းတွင် ပီတာသည် ကျောင်းအုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ဒုတိယနှစ်ဖြစ်ပါသည်။ သူမတာဝန်ထမ်းဆောင်သည်နှစ် Kettering တွင် ရွေးချယ်သော ကျောင်းတစ်ခုဖြစ်ကြောင်းနှင့် Kettering နယ်နိမိတ်ပြင်ပရှိ ကျောင်းသား ၄၀ ရာခိုင်နှုန်းကျော်သည် ထိုသို့သွားရန် ရွေးချယ်ကြောင်းပြောကြားခဲ့သည်။ ပီတာစတာသည် Kettering ရှိ ယခင်အုပ်ချုပ်ရေးမှူးများအား သူတို့၏ ကြိုးပမ်းမှုများအတွက်လည်းချီးကျူးသည်။

သို့ပေမယ့် ထိုဆုသည် သူမအတွက် ပျာ်ရွှင်စေမယ့်အရာတစ်ခုဖြစ်ပါသည်။ "ငါသည်ထိုပညာရေးကိုနှစ်သက်သည် Long Beach ကိုလဲနှစ်သက်၏။ ကျွန်ုပ်တို့၏ ကျောင်းခရိုင်သည် အလွန်အံ့သြဖွယ်ကောင်းသည်။ ကျွန်တော်တို့ဟာ အကောင်းဆုံးကျောင်းငယ်လေးဖြစ်ပြီး ဒီနေ့အထိလည်း တည်ရှိနေပါသည်။ ပညာရေးဦးစီးဌာနသည် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် virtual အသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပရန် စီစဉ်ထားသည်။ အပြာရောင်ဖဲကြိုးကျောင်းများ၏ စာရင်းအပြည့်အစုံကိုသေိလိုလျှင် Nationalblueribbonschools.ed.gov သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Ref: gazettes.com

By Yu Khine

Latest Post Read 579 times