ကျောင်းသုံးပြဌာန်း စာအုပ်များအပြင် Mask & Face Shield ပါပေးမည်

** Unicode **

အခြေခံပညာ အထက်တန်းအပ်ချိန်တွင် ကျောင်းသား/သူ များကို ကျောင်းသုံးပြဌာန်းစာအုပ်များနှင့်အတူ Mask နှင့် Face Shield ကိုပါ ဝေပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

အခြေခံပညာကျောင်းများတွင် အထက်တန်းများအတွက် ကျောင်းအပ်နှံရေးကာလကို ဇူလိုင်လ (၁၃) ရက်မှ (၁၇) ရက်အထိ သတ်မှတ်ထားပြီး လူအုပ်စုမဖြစ်စေရန် အတန်းလိုက် ကျောင်းအပ်ရမည့်နေ့များကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည်ဖြစ်ပါတယ်။

ကျောင်းသုံးပြဌာန်းစာအုပ်များနှင့်အတူ Mask နှင့် Face Shield များကို ကျောင်းအပ်ချိန်တွင် တစ်ခါတည်း ပေးအပ်မည်ဖြစ်ပါတယ်။

ယခုနှစ်ကျောင်းဖွင့်ရက်သည် ယခင်နှစ်များနှင့်မတူပဲ ကလေးငယ်များကို အရင်ထက်ပိုပြီး ဂရုစိုက်ရမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား/သူများ အရင်တက်ရောက်ရမှာဖြစ်တဲ့အတွက် အနည်းငယ် ထိန်းချုပ်ရတာ အဆင်ပြေနိုင်ပါတယ်။

အခြေခံပညာကျောင်းများအားကျောင်ဖွင့်ရန်(A-Group,B-Group,C-Group,D-Group)ပုံစံ (၄) မျိုး

ကျောင်းတွင်းစစ် စာမေးပွဲ၏ အောင်စာရင်းကို ဇွန်လ (၁၃) ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ နောက်ဆုံးအပတ်တွင် အထက်တန်းမှ စ၍ ဖွင့်လှစ်မည်ဖြစ်ပြီး COVID-19 ရောဂါပြန့်ပွားမှု အခြေအနေပေါ်မူတည်၍ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့ကို တစ်ဆင့်ချင်းစီဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Credit: The Voice
 

** Zawgyi **







Credit: The Voice
 

News Tips Latest Post Read 4346 times