ဖေဖော်ဝါရီလ (၁၄) ရက်တွင် တက္ကသိုလ်ဝင်တန်းနှစ်ဆုံးစာမေးပွဲစတင်မည်

** Unicode **

တက္ကသိုလ်ဝင်တန်းနှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ(၁၄) ရက်မှ မတ်လ (၃) ရက်အတွင်းကျင်းပမည်ဖြစ်ပြီး အထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမစမီ အပြီးဆောင်ရွက်ထားရန် အခြေခံပညာဦးစီးဌာနကဆရာ/ဆရာမများကို ဇန်နဝါရီ (၁၃) ရက်က ညွန်ကြားထားပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်သော်လည်း တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ပြီးဆုံးပါက အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ် (High School Level Completion Certificate ) ကိုယခုပညာသင်နှစ်မှစတင်ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်နေပါတယ်။

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်းလက်မှတ်တွင် စာမေးပွဲဖြေဆိုမှုအကြိမ်ရေကို စံသတ်မှတ်ချက်အဖြစ်ထည့်သွင်းထားခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲစစ်ဆေးပြီးချိန်မှ စတင်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစတင်မည့် မတ်လ (၁၁) ရက်မတိုင်မီအထိ ကိုယ်ပိုင်စာကြည့်ချိန် ပေးထားမည်ဖြစ်ပါတယ်။ 

ဆရာ/ဆရာမများအနေဖြင့်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမစမီ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရန် အပြီးဆောင်ရွက်ရမည်ဖြစ်ပါတယ်။

Completion Certificate ထုတ်ပေးမည့်အခါတွင် နှစ်ဆုံးစာမေးပွဲကိုလည်း ထည့်တွက်ပါမည်။ဘယ်နေ့တွင် စာမေးပွဲစစ်မည်။ စာမေးပွဲအဖြေလွှာကို တက္ကသိုလ်ဝင်ခွင့်မတိုင်မီ အပြီးစစ်ထားရမည်ဖြစ်သ်ည့်စံသတ်မှတ်ချက်များကို မည်သို့တွက်ချက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။

Read More:>>>>  သခ်ာၤဘာသာရပ္ကို က်ြမ္းက်င္ပိုင္ႏိုင္ဖို႔ဆိုရင္ ဒီလိုအရာေလးေတြသိထားသင့္တယ္ေနာ္...

တက္ကသိုလ် ဝင်တန်းကျောင်းသား/သူများ၏ လှုပ်ရှားမှုများကို သက်ဆိုင်ရာဆရာ/ဆရာမ များကမှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ကျောင်းသားသည် ကျောင်းတွင်းစာမေးပွဲဖြေဆိုမှု၊ (၄) ကြိမ်၊ ကျောင်းခေါ်ကြိမ် (၇၅%)၊ ဘာသာရပ်အလိုက်ပျမ်းမျှအဆင့်အနည်းဆုံးအဆင့် C ၊ စာပေအနုပညာနှင့် Project Activities များတွင် ပါဝင်မှု၊ အားကစားနှင့်ကာယပညာလှုပ်ရှားမှုများတွင် ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှုဟူသည့် စံသက်မှတ်ချက် (၇) ချက်ပြည့်မီပါက အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ပါတယ်။

Credit: 7Day News

** Zawgyi **

တကၠသုိလ္ဝင္တန္းႏွစ္ဆံုးစာေမးပြဲကို ေဖေဖာ္ဝါရီ(၁၄) ရက္မွ မတ္လ (၃) ရက္အတြင္းက်င္းပမည္ျဖစ္ၿပီး အထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးႏိုင္ရန္ တကၠသုိလ္ဝင္ခြင့္စာေမးပြဲမစမီ အၿပီးေဆာင္ရြက္ထားရန္ အေျခခံပညာဦးစီးဌာနကဆရာ/ဆရာမမ်ားကို ဇန္နဝါရီ (၁၃) ရက္က ညြန္ၾကားထားပါတယ္။

တကၠသုိလ္ဝင္ခြင့္စာေမးပြဲမေအာင္ေသာ္လည္း တကၠသုိလ္ဝင္တန္းအထိ တက္ေရာက္ၿပီးဆံုးပါက အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း လက္မွတ္ (High School Level Completion Certificate ) ကိုယခုပညာသင္ႏွစ္မွစတင္ထုတ္ေပးရန္ ပညာေရးဝန္ႀကီးဌာနမွ စီစဥ္ေနပါတယ္။

အေျခခံပညာအထက္တနး္အဆင့္ၿပီးေျမာက္ေၾကာင္းလက္မွတ္တြင္ စာေမးပြဲေျဖဆိုမႈအႀကိမ္ေရကို စံသတ္မွတ္ခ်က္အျဖစ္ထည့္သြင္းထားျခင္းေၾကာင့္ ေက်ာင္းသား/သူမ်ားအေနျဖင့္ ေက်ာင္းတြင္းစစ္ႏွစ္ဆံုးစာေမးပြဲကို မျဖစ္မေန ေျဖဆိုရမည္ျဖစ္ပါတယ္။

တကၠသုိလ္ဝင္တန္းေက်ာင္းသား/သူမ်ားအား ေက်ာင္းတြင္းစစ္ႏွစ္ဆံုးစာေမးပြဲစစ္ေဆးၿပီးခ်ိန္မွ စတင္ကာ တကၠသုိလ္ဝင္ခြင့္စာေမးပြဲစတင္မည့္ မတ္လ (၁၁) ရက္မတိုင္မီအထိ ကုိယ္ပိုင္စာၾကည့္ခ်ိန္ ေပးထားမည္ျဖစ္ပါတယ္။ 

ဆရာ/ဆရာမမ်ားအေနျဖင့္လည္း တကၠသုိလ္ဝင္ခြင့္ စာေမးပြဲမစမီ အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးႏိုင္ရန္ အၿပီးေဆာင္ရြက္ရမည္ျဖစ္ပါတယ္။

Completion Certificate ထုတ္ေပးမည့္အခါတြင္ ႏွစ္ဆံုးစာေမးပြဲကိုလည္း ထည့္တြက္ပါမည္။ဘယ္ေန႔တြင္ စာေမးပြဲစစ္မည္။ စာေမးပြဲအေျဖလႊာကို တကၠသုိလ္ဝင္ခြင့္မတိုင္မီ အၿပီးစစ္ထားရမည္ျဖစ္သ္ည့္စံသတ္မွတ္ခ်က္မ်ားကို မည္သို႔တြက္ခ်က္ရမည္ျဖစ္ေၾကာင္း ညႊန္ၾကားထားၿပီးျဖစ္ပါတယ္။

Read More:>>>>  သခ်ာၤဘာသာရပ္ကို က်ြမ္းက်င္ပိုင္ႏိုင္ဖို႔ဆိုရင္ ဒီလိုအရာေလးေတြသိထားသင့္တယ္ေနာ္...

တကၠသိုလ္ ဝင္တန္းေက်ာင္းသား/သူမ်ား၏ လႈပ္ရွားမႈမ်ားကို သက္ဆိုင္ရာဆရာ/ဆရာမ မ်ားကမွတ္တမ္းတင္ထားရမည္ျဖစ္ၿပီး ေက်ာင္းသားသည္ ေက်ာင္းတြင္းစာေမးပြဲေျဖဆိုမႈ၊ (၄) ႀကိမ္၊ ေက်ာင္းေခၚႀကိမ္ (၇၅%)၊ ဘာသာရပ္အလိုက္ပ်မ္းမွ်အဆင့္အနည္းဆံုးအဆင့္ C ၊ စာေပအႏုပညာႏွင့္ Project Activities မ်ားတြင္ ပါဝင္မႈ၊ အားကစားႏွင့္ကာယပညာလႈပ္ရွားမႈမ်ားတြင္ ပါဝင္မႈ၊ ေက်ာင္းစည္းကမ္းလိုက္နာမႈဟူသည့္ စံသက္မွတ္ခ်က္ (၇) ခ်က္ၿပည့္မီပါက အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည္ျဖစ္ပါတယ္။

Credit: 7Day News

News Tips Latest Post Read 14258 times