၂၀၂၀ ပြည့်နှစ်မှစတင်၍ အထက်တန်းသင်ရိုးသစ်စတင်သင်ကြားမည်

** Unicode **

ဘာသာရပ်အသစ်များ ပါသည့် အထက်တန်းသင်ရိုးသစ် (ဒသမတန်း-Grade 10)ကို ယခုကျောင်းဖွင့်ချိန်တွင် စသင်မည်ဖြစ်ပါတယ်။

ဒသမတန်း (Grade-10) ဘာသာရပ် ပုံနှိပ်စာအုပ်များကို ဆရာ/ဆရာမများ လေ့လာနိုင်ရန် ပညာရေးဝန်ကြီးဌာနက မေလ (၁၀) ရက်တွင် အခြေခံပညာဦးစီးဌာန ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားပြီး သင်ရိုးသစ်တွင် လူမှုရေး သိပ္ပံ (ပထဝီဝင်+သမိုင်း+ ဘောဂဗေဒ)၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း)၊ သိပ္ပံ (ဓာတုဗေဒ+ရူပ ဗေဒ+ဇီဝဗေဒ) စသည့် ဘာသာရပ်အသစ်များ ထပ်တိုးထားပါတယ်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ‘‘အရင်တုန်းက သိပ္ပံသမားက လူမှုရေးအကြောင်း ဘာမှမသိ ဘူး။ ဘောဂဗေဒအကြောင်း၊ ပထဝီ၊ သမိုင်း သူမသိဘူး။ သိပ္ပံပဲ  သူသိတယ်။ သမိုင်းအကြောင်းကို သိပ္ပံသမားက ဘာမှ မသိလို့မရဘူး။ သိသင့်သိထိုက်တဲ့အခြေခံ သမိုင်းအချက်အလက်တွေ သိကိုသိရမယ်။ အဲဒါကြောင့် ပေါင်း စည်းသိပ္ပံတို့၊ ပေါင်းစည်းဝိဇ္ဇာတို့ သင်ရမှာ။  သိပ္ပံ Pure ယူတဲ့သူက ဝိပ္ပံပေါင်းစည်းဘာသာကို  သင်ရ မယ်။ ဝိဇ္ဇာသန့်သန့်ယူတဲ့သူက သိပ္ပံပေါင်းစည်းဘာသာကို ယူရ မယ်’’ဟုပြောကြားခဲ့ပါတယ်။

 သင်ရိုးသစ် ဒသမတန်း (Grade-10)တွင် ဘာသာတွဲ လေးခု ပါဝင်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူသည် ထိုဘာသာတွဲ လေးခုအနက် နှစ်သက်ရာ ဘာသာတွဲတစ်ခုကို ရွေးချယ်သင်ယူရမည်ဖြစ်ကာ ဘာသာရပ်အသစ်များကိုလည်း သက်ဆိုင်ရာ ဘာသာတွဲတစ်ခုစီတွင် ထည့်သွင်းထားပါတယ်။

အတွဲ(၁)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီဝင် + သမိုင်း + ဘောဂ ဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာသာရပ်များ၊ အတွဲ(၂)တွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ရူပဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း)စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာ သာရပ်များ ပါဝင်ပါတယ်။

အတွဲ(၃)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ သိပ္ပံ (ဓာတုဗေဒ+ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယ+ပန်းချီ+ ဂီတ ဘာသာရပ်များ၊ အတွဲ(၄)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း)၊ သိပ္ပံ (ဓာတုဗေဒ+ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်း ကျင်စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာသာရပ်များ ပါဝင်ပါတယ်။

 ဘာသာတွဲတစ်ခုစီတွင် ဘာသာရပ် (၁၀) ခု ပါဝင်သော် လည်း အဓိကဘာသာရပ်များကိုသာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာ ရပ်များကို ကျောင်းတွင်းစစ်စာ မေးပွဲများတွင်သာ စစ်ဆေးမည် ဟု ဦးကိုလေးဝင်းကဆိုပါတယ်။

သင်ရိုးဟောင်းတွင် နဝမတန်း (Grade-10)၊ ဒသမတန်း(Grade-11) အတန်းနှစ်တန်းကို အခြေခံပညာ အထက်တန်းအဆင့်ဟု သတ်မှတ်ခဲ့သော်လည်း သင်ရိုးသစ်၌ အထက်တန်းအဆင့်တွင် ဒသမတန်း (Grade-10)၊ ဧကဒသမတန်း (Grade-11)၊ ဒွါဒသမတန်း (Grade-12) ဟူသည့် အတန်းသုံးတန်းတက်ရ မည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

International Universities (Private) (16) နိုင်ငံတကာတက္ကသိုလ်နှင့် ကောလိပ်များ နှင့်ပတ်သက်ပြီး (၁၆)ခု ရှာရန်နှိပ်ပါ။

 လာမည့် ကျောင်းဖွင့်ချိန် တွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း(Grade-10)ကို သင်ရိုးညွှန်းတမ်း အသစ်စပြောင်းမည်ဖြစ်ပါတယ်။

အလယ်တန်းအဆင့် သင်ရိုးဟောင်းတွင် နောက်ဆုံးအတန်း ဖြစ်သည့် အဋ္ဌမတန်း (Grade-9)ကို ပြီးခဲ့သည့်နှစ်က တက်ရောက် အောင်မြင်သူများသည် လာမည့်ကျောင်းဖွင့်ချိန်၌ အထက်တန်းအဆင့် တက်ရာတွင် သင်ရိုးသစ် ဒသမတန်း (Grade-10)၌ တက်ရမည်ဖြစ်ပါတယ်။

Credit: 7Day News

** Zawgyi **

ဘာသာရပ္အသစ္မ်ား ပါသည့္ အထက္တန္းသင္႐ိုးသစ္ (ဒသမတန္း-Grade 10)ကို ယခုေက်ာင္းဖြင့္ခ်ိန္တြင္ စသင္မည္ျဖစ္ပါတယ္။

ဒသမတန္း (Grade-10) ဘာသာရပ္ ပုံႏွိပ္စာအုပ္မ်ားကို ဆရာ/ဆရာမမ်ား ေလ့လာႏိုင္ရန္ ပညာေရးဝန္ႀကီးဌာနက ေမလ (၁၀) ရက္တြင္ အေျခခံပညာဦးစီးဌာန ဝက္ဘ္ဆိုက္တြင္ လႊင့္တင္ထားၿပီး သင္႐ိုးသစ္တြင္ လူမႈေရး သိပၸံ (ပထဝီဝင္+သမိုင္း+ ေဘာဂေဗဒ)၊ လူမႈေရးသိပၸံ (ပထဝီဝင္+သမိုင္း)၊ သိပၸံ (ဓာတုေဗဒ+႐ူပ ေဗဒ+ဇီဝေဗဒ) စသည့္ ဘာသာရပ္အသစ္မ်ား ထပ္တိုးထားပါတယ္။

အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ‘‘အရင္တုန္းက သိပၸံသမားက လူမႈေရးအေၾကာင္း ဘာမွမသိ ဘူး။ ေဘာဂေဗဒအေၾကာင္း၊ ပထဝီ၊ သမိုင္း သူမသိဘူး။ သိပၸံပဲ  သူသိတယ္။ သမိုင္းအေၾကာင္းကို သိပၸံသမားက ဘာမွ မသိလို႔မရဘူး။ သိသင့္သိထိုက္တဲ့အေျခခံ သမိုင္းအခ်က္အလက္ေတြ သိကိုသိရမယ္။ အဲဒါေၾကာင့္ ေပါင္း စည္းသိပၸံတို႔၊ ေပါင္းစည္းဝိဇၨာတို႔ သင္ရမွာ။  သိပၸံ Pure ယူတဲ့သူက ဝိပၸံေပါင္းစည္းဘာသာကို  သင္ရ မယ္။ ဝိဇၨာသန႔္သန႔္ယူတဲ့သူက သိပၸံေပါင္းစည္းဘာသာကို ယူရ မယ္’’ဟုေျပာၾကားခဲ့ပါတယ္။

 သင္႐ိုးသစ္ ဒသမတန္း (Grade-10)တြင္ ဘာသာတြဲ ေလးခု ပါဝင္မည္ျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူသည္ ထိုဘာသာတြဲ ေလးခုအနက္ ႏွစ္သက္ရာ ဘာသာတြဲတစ္ခုကို ေ႐ြးခ်ယ္သင္ယူရမည္ျဖစ္ကာ ဘာသာရပ္အသစ္မ်ားကိုလည္း သက္ဆိုင္ရာ ဘာသာတြဲတစ္ခုစီတြင္ ထည့္သြင္းထားပါတယ္။

အတြဲ(၁)တြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ၊ လူမႈေရးသိပၸံ(ပထဝီဝင္ + သမိုင္း + ေဘာဂ ေဗဒ)၊ စာရိတၱႏွင့္ ျပည္သူ႔နီတိ၊ ဘဝတြက္တာ ကြၽမ္းက်င္စရာ၊ ကာယ+ပန္းခ်ီ+ဂီတ ဘာသာရပ္မ်ား၊ အတြဲ(၂)တြင္ ျမန္မာစာ၊အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊႐ူပေဗဒ၊ လူမႈေရးသိပၸံ (ပထဝီဝင္+သမိုင္း)စာရိတၱႏွင့္ ျပည္သူ႔နီတိ၊ ဘဝတြက္တာ ကြၽမ္းက်င္ စရာ၊ ကာယ+ပန္းခ်ီ+ဂီတ ဘာ သာရပ္မ်ား ပါဝင္ပါတယ္။

အတြဲ(၃)တြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီဝင္၊ သမိုင္း၊ ေဘာဂေဗဒ၊ သိပၸံ (ဓာတုေဗဒ+႐ူပေဗဒ+ဇီဝေဗဒ)၊ စာရိတၱႏွင့္ ျပည္သူ႔နီတိ၊ ဘဝတြက္တာကြၽမ္းက်င္စရာ၊ ကာယ+ပန္းခ်ီ+ ဂီတ ဘာသာရပ္မ်ား၊ အတြဲ(၄)တြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ စိတ္ႀကိဳက္ျမန္မာစာ၊ ေဘာဂေဗဒ၊ လူမႈေရးသိပၸံ (ပထဝီဝင္+ သမိုင္း)၊ သိပၸံ (ဓာတုေဗဒ+႐ူပေဗဒ+ဇီဝေဗဒ)၊ စာရိတၱႏွင့္ျပည္သူ႔နီတိ၊ ဘဝတြက္တာ ကြၽမ္း က်င္စရာ၊ ကာယ+ပန္းခ်ီ+ဂီတ ဘာသာရပ္မ်ား ပါဝင္ပါတယ္။

 ဘာသာတြဲတစ္ခုစီတြင္ ဘာသာရပ္ (၁၀) ခု ပါဝင္ေသာ္ လည္း အဓိကဘာသာရပ္မ်ားကိုသာ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုရမည္ျဖစ္ၿပီး က်န္ဘာသာ ရပ္မ်ားကို ေက်ာင္းတြင္းစစ္စာ ေမးပြဲမ်ားတြင္သာ စစ္ေဆးမည္ ဟု ဦးကိုေလးဝင္းကဆိုပါတယ္။

သင္႐ိုးေဟာင္းတြင္ နဝမတန္း (Grade-10)၊ ဒသမတန္း(Grade-11) အတန္းႏွစ္တန္းကို အေျခခံပညာ အထက္တန္းအဆင့္ဟု သတ္မွတ္ခဲ့ေသာ္လည္း သင္႐ိုးသစ္၌ အထက္တန္းအဆင့္တြင္ ဒသမတန္း (Grade-10)၊ ဧကဒသမတန္း (Grade-11)၊ ဒြါဒသမတန္း (Grade-12) ဟူသည့္ အတန္းသုံးတန္းတက္ရ မည္ဟု ပညာေရးဝန္ႀကီးဌာနက သတ္မွတ္ထားပါတယ္။

International Universities (Private) (16) ႏိုင္ငံတကာတကၠသုိလ္ႏွင့္ ေကာလိပ္မ်ား ႏွင့္ပတ္သက္ျပီး (၁၆)ခု ရွာရန္ႏွိပ္ပါ။

 လာမည့္ ေက်ာင္းဖြင့္ခ်ိန္ တြင္ အထက္တန္းအဆင့္၏ ပထမဆုံးအတန္းျဖစ္သည့္ ဒသမတန္း(Grade-10)ကို သင္႐ိုးၫႊန္းတမ္း အသစ္စေျပာင္းမည္ျဖစ္ပါတယ္။

အလယ္တန္းအဆင့္ သင္႐ိုးေဟာင္းတြင္ ေနာက္ဆုံးအတန္း ျဖစ္သည့္ အ႒မတန္း (Grade-9)ကို ၿပီးခဲ့သည့္ႏွစ္က တက္ေရာက္ ေအာင္ျမင္သူမ်ားသည္ လာမည့္ေက်ာင္းဖြင့္ခ်ိန္၌ အထက္တန္းအဆင့္ တက္ရာတြင္ သင္႐ိုးသစ္ ဒသမတန္း (Grade-10)၌ တက္ရမည္ျဖစ္ပါတယ္။

Credit: 7Day News

News Tips Latest Post Read 16262 times