စင်္ကာပူအစိုးရက မြန်မာအထက်တန်းကျောင်းသားတွေကို သီးသန့်ထောက်ပံ့ပေးတဲ့ "ASEAN Scholarship for Myanmar" ဆိုတဲ့ ပညာသင်ဆုကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ စတင် လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
ဒီပညာသင်ဆုရရင် စင်္ကာပူအထက်တန်းကျောင်းတွေမှာ စရိတ်ငြိမ်း ပညာဆက်လက်သင်ယူနိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Singapore-Cambridge GCE A-Level တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။
သတ်မှတ်အရည်အချင်းများ
ပညာသင်ဆုကာလ
သတ်မှတ်ထားတဲ့ စင်္ကာပူအထက်တန်းကျောင်းတွမှာ -
ပညာသင်ဆု အကျိုးခံစားခွင့်
လျှောက်ထားရမယ့်ပုံစံ
၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ စတင် ဖွင့်ပေးမယ့် အွန်လိုင်းလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက်နေ့ နောက်ဆုံးထား တင်ပေးရပါမယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေက အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အထွေထွေစွမ်းရည် စာမေးပွဲတို့ကို ရန်ကုန်မှာ သတ်မှတ်ရက်အတိုင်း မပျက်မကွက် ဖြေဆိုရမှာ ဖြစ်ပါတယ်။
English Selection Test
Mathmetics Selection Test
၂၀၂၅ ခုနှစ်၊ ဩဂုတ်လလောက်ကျရင် စာမေးပွဲ ဖြေဆိုနိုင်သူတွေကို ရန်ကုန်မှာပဲ လူတွေ့အင်တာဗျုးခေါ်တွေ့မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ကြေညာပေးမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ စင်္ကာပူနိုင်ငံကို အရောက်သွားရမှာ ဖြစ်ပါတယ်။
Application Form >> asean-scholarship/myanmar?
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။