ASU မှ အခမဲ့ သင်ကြားပေးမယ့် Myanmar Teachers' Training Program

 

Arizona State University (ASU) နှင့် United States Agency for International Development (USAID) တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမများအတွက် သင်ကြားရေးနည်းစနစ်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး  Myanmar Teachers' Training Program ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။  

 

အဆိုပါပရိုဂရမ်သည် အွန်လိုင်းသင်ကြားရေး (Online Learning) ၊ ရောနှောသင်ကြားရေး (Blended Learning) စသည့် သင်ကြားရေးအလေ့အကျင့်များကို သိရှိနားလည်စေပြီး သင်တန်းသားများ ပရော်ဖက်ရှင် Network များ တည်ဆောက်ရန်၊ အများအသုံးပြုနိုင်သည့် သင်ကြားရေးအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာရေးစနစ်ကို ဖော်ဆောင်ရန်အတွက် အခြေခံအသိပညာများ ရရှိစေရန် ကူညီပေးမည်ဖြစ်ပါသည်။   

 

သင်တန်းကို အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာ တက္ကသိုလ် (သို့) ကောလိပ်များမှ ဆရာ၊ ဆရာမ အယောက် (၁၀၀) ကို လက်ခံသင်ကြားသွားမည်ဖြစ်သည်။ သင်တန်းကြေးသည် လုံ၀ အခမဲ့ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအား ASU မှ ပြီးဆုံးကြောင်း အောင်လက်မှတ် ချီးမြှင့်မည်ဖြစ်ပါသည်။

 

ဤအစီစဉ်တွင် အဆင့်နှစ်ဆင့်ပါဝင်ပြီး (၉) လ ကြာမြင့်မည်ဖြစ်သည်။ Phase I တွင် အွန်လိုင်းသင်တန်းများကို တက်ရောက်ရမည်ဖြစ်ပြီး အပတ်စဉ် ဆွေးနွေးမှုများတွင် ပါဝင်ကြရပါမည်။ Phase I အတွက် အပတ်စဉ် အချိန်မရွေးသင်ယူနိုင်သော အွန်လိုင်း သင်ယူမှု ၄ နာရီနှင့်  Zoom ဆွေးနွေးမှု ၁ နာရီခွဲ အချိန်ပေးရပါမည်။

 

သတ်မှတ်ပေးထားသော Module များကို ပြီးမြောက်ရမည် ဖြစ်ပြီး Zoom ဆွေးနွေးမှုအပိုင်းသို့ ပြင်ဆင်လာရပါမည်။ ဤအဆင့်တွင် သင်ကြားနေသူ ဆရာ၊ ဆရာမ (၁၀၀) သည် Online Learning Pathway နှင့် Blended Learning Pathway လမ်းကြောင်းနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။

 

သင်တန်းသား (၁၀၀) ထဲမှ Phase I အဆင့်ကို ပြီးမြောက်အောင်မြင်သော အယောက် (၈၀) သည်သာ ဤပရိုဂရမ်၏ လက်တွေ့ကျသော Phase II တွင် ဆက်လက်ပါဝင်နိုင်မည်ဖြစ်သည်။ Phase II တွင်လည်း ၁) Open Educational Resources (OER) နှင့် ၂) Two Synchronous in-person or zoom sessions ဆိုသည့် ရွေးချယ်စရာ (၂) ခုရှိသည်။ 

 

လျှောက်လွှာအတွက် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ

- မြန်မာနိုင်ငံရှိ အဆင့်မြင့် တက္ကသိုလ်မှ ဆရာ ဆရာမများ

- မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများကို အဓိကထားသင်ကြားနေသော နယ်စပ်ဒေသရှိ အဆင့်မြင့်ပညာရေးမှ ဆရာဆရာမများ

- အခြေခံကွန်ပျူတာ ကျွမ်းကျင်ပြီး အင်တာနက်ပုံမှန် အသုံးပြုနိုင်သော ဆရာ ဆရာမ များ

- မြန်မာနိုင်ငံတွင် နေထိုင်သူ သို့မဟုတ် ပြည်ပနိုင်ငံ/စစ်ရှောင်စခန်းများ/ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော မြန်မာများ

 

 

လျှောက်ထားသူများသည် -

- အထက်တွင် ဖော်ပြထားသည့်အတိုင်း Phase I နှင့် II ကို ပြီးဆုံးသည့်တိုင် တက်ရပါမည်။

- သင်ခန်းစာများနှင့် ဆွေးနွေးပွဲအတွက် တစ်ပတ်လျှင် အနည်းဆုံး ၆ နာရီ အင်တာနက်အသုံးပြုနိုင်ရပါမည်။

- တောင်းဆိုထားသော တုံ့ပြန်ချက်များနှင့် အကြံပြုမှုများအား လုပ်ဆောင်ရမည်ဖြစ်သည်။ 

- မတူညီသော နောက်ခံများမှလာသော ဆရာဆရာမများ၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းလိုစိတ် ရှိရမည်။

 

လျှောက်ထားသူများအနက် မြန်မာနိုင်ငံရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းငယ်များမှ လျှောက်ထားသူများနှင့် လူမှုအသိုင်းအဝိုင်းများကို ဝန်ဆောင်မှုပေးသည့် လျှောက်ထားသူများကို အဓိက ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

 

ဤပရိုဂရမ်သည် သန်စွမ်းသူ/မသန်စွမ်းသူများနှင့် ကျား/မ မရွေး  ပါဝင်လျှောက်ထားနိုင်ရန် ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွတ်မှု၊ မသန်စွမ်းမှု သို့မဟုတ် အသက်အရွယ်အလိုက် လျှောက်ထားသူများကို ခွဲခြားဆက်ဆံခြင်းမပြုပါ။

 

လျှောက်လွှာအပြည့်အစုံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရပါမည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ချက်များကို ပြန်လည်အကြောင်းကြားပေးပါမည်။ အောင်မြင်သော လျှောက်ထားသူများသည် ပရိုဂရမ်တာဝန်ရှိသူ၏ ကမ်းလှမ်းချက်ကို စက်တင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံ သို့မဟုတ် ငြင်းပယ်ရပါမည်။


လိုအပ်သည့်စာရွက်စာတမ်းများ

သင်၏ကိုယ်ရေးအကျဉ်း (CV)

- လက်ရှိလုပ်ကိုင်နေသည့် တက္ကသိုလ် (သို့) ကောလိပ်မှ တာဝန်ရှိသူ၏ ထောက်ခံချက် (ဒေါင်းလုတ်ရယူပါ https://asianstudies.asu.edu/)

- အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲရလဒ် (https://www.classmarker.com တွင်အခမဲ့ဖြေဆိုနိုင်သည်။)

 

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာပုံစံကို ဝင်ရောက်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။ 

https://docs.google.com/forms

- ဖောင်ကိုအသုံးပြုရန် အခက်အခဲရှိနေပါက [email protected] သို့အီးမေးလ် ပေးပို့ဆက်သွယ်နိုင်ပါသည်။ လျှောက်လွှာကို အီးမေးလ်မပို့ပါနှင့်။

- လျှောက်လွှာနှင့်အတူ တင်ပြရမည့် စာရွက်စာတမ်းများသည် PDF ဖိုင်ဖြစ်ရမည်၊။ အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲရလဒ်များ၏ Screenshot သည် jpg/jpeg/png ဖြစ်ရပါမည်။ 

 

အသေးစိတ်ဖတ်ရှုရန်

>> https://asianstudies.asu.edu/node/251

 

အထက်တွင် ဖော်ပြထားသည့် Website တွင် အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်သလို လာမည့် စက်တင်ဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၉) နာရီတွင် Zoom မှတဆင့် ပြုလုပ်မည့် Information Session ကိုလည်း အောက်ပါလင့်ခ်မှတဆင့် Join ထားနိုင်ပါသည်။ 

>> https://asu.zoom.us/webinar/register/

 

Latest Post Vocational Read 357 times