Sales Hotline : 09448001653       Download App



၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် တရုတ်အစိုးရပညာသင်ဆု လျှောက်ထားနိုင်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တရုတ်အစိုးရအထောက်အပံ့ဖြင့် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ အစီအစဉ် များသို့ ပူးတွဲဖော်ပြပါ သတ်မှတ်ချက်ကိုက်ညီပြီး အရည်အချင်းပြည့်မီသောဝန်ထမ်းများ စိတ်ပါဝင်စားပါက သက်ဆိုင်ရာ Webiste မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ရည်ညွှန်းချက် ပါစာဖြင့် အကြောင်းကြားလာပါသည်။ 

အဆိုပါပညာသင်ဆုသို့ လျှောက်ထားသူများသည် ပူးတွဲစာပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဖြစ်ပြီး အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားနိုင်ကြောင်းနှင့် ကျူရှင်၊ အာမခံနှင့် နေထိုင်မှုထောက်ပံ့ကြေး တို့အား တရုတ်အစိုးရမှ ထောက်ပံ့မည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

  • ဘွဲ့ကြိုသင်တန်းသို့ လျှောက်ထားသူများသည် အသက်(၂၅)နှစ်အောက် ဖြစ်ရမည်ဖြစ်ပါကြောင်း၊
  • မဟာဘွဲ့သင်တန်းသို့ လျှောက်ထားသူများသည် အသက် (၃၅)နှစ်အောက်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုရရှိထားသူများဖြစ်ရမည် ဖြစ်ပါကြောင်း၊
  • ပါရဂူဘွဲ့သင်တန်းသို့ လျှောက်ထားသူများသည် အသက် (၄၀)နှစ်အောက်ဖြစ်ပြီး မဟာဘွဲ့ရရှိထားသူများ ဖြစ်ရမည် ဖြစ်ပါကြောင်း၊
  • General Scholar Programs သို့ လျှောက်ထားသူများသည် အသက် (၄၅)နှစ်အောက်နှင့် ဘွဲ့ကြိုသင်တန်းတွင် အနည်းဆုံး(၂)နှစ် လေ့လာပြီးသူများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊
  • Senior Scholar Programs သို့ လျှောက်ထားသူများအနေဖြင့် အသက် (၅၀)နှစ်အောက် ရှိပြီးမဟာဘွဲ့ရရှိထားသူ (သို့မဟုတ်) တွဲဖက်ပါမောက္ခနှင့်အထက် ဆရာ၊ ဆရာမများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊
  • လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက သက်ဆိုင်ရာ Website: www.campuschina.org သို့ ဝင်ရောက်ကြည့်ရှု၍ (၁-၃-၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါကြောင်း၊

သို့ဖြစ်ပါ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ စိတ်ပါဝင်စား၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူနှင့် လျှောက်ထားသူများသည် ပူးတွဲပါဇယားတွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး ဤဦးစီးဌာနရှိ ပညာသင်ဌာန [email protected] သို့ အချိန်မီပေးပို့ တင်ပြရန် အကြောင်းကြားအပ်ပါသည်။

လျှောက်လွှာရယူလိုပါက >>> Click Here <<<
 

By Myanmar Education Guide (EDGE) 

International International/Private Latest Post News Read 2219 times