Sales Hotline : 09448001653       Download App



Chinese, English, Myanmar ( Trilingual ) ပညာရေးစနစ်ဖြင့် သင်ကြားပေးမည့် AMI High School Education

AMI Education Centre ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပညာရေးကို စိတ်အားထက်သန်၍ ထိုင်ဝမ်တွင် ပညာသင်ယူခဲ့ကြသော ကျောင်းသားဟောင်းများမှ ဖွဲ့စည်းထားသည့် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ 

 

AMI သည် မြန်မာပြည်တွင် TOCFL ( Test of Chinese as a Foreign Language ) တရုတ်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို တာဝန်ယူ ဆောင်ရွက်ပေးနေသောကြောင့် ထိုင်ဝမ်သို့ ပညာသင်သွားရန်အတွက် အပြည့်အဝ အထောက်အကူ ပြုပေးနိုင်သော ပညာရေးစင်တာတစ်ခု ဖြစ်ပါသည်။  

 

AMI Education Centre တွင်…

  • အသက် (၆) နှစ်မှ စ၍ တက်ရောက်နိုင်သည့် တရုတ်စာ ဘာသာစကား သင်တန်းများ 
  • အလုပ်အကိုင် အခွင့်အလမ်း တိုးတက် ကောင်းမွန်ရန် ရွေးချယ် တက်ရောက်သင့်သည့်  အသက်မွေးဝမ်းကျောင်း သင်တန်းများ
  • မူကြိုအရွယ်မှစ အထက်တန်းကျောင်း ပညာရေး ပြီးဆုံးသည်အထိ တက်ရောက်နိုင်သည့် Nursery to High School အချိန်ပြည့် ကျောင်းပညာရေးအတန်းများ 
  • တရုတ်စာနှင့် အင်္ဂလိပ်စာ အချိန်ပြည့်ပညာရေး ( Bilingual Education )

 

စသော ပညာရေးသင်ကြားမှုများကို စုံစုံလင်လင် ဖွင့်လှစ် သင်ကြား ပို့ချပေးလျက် ရှိပြီး အရည်အသွေးမြင့် ဘက်စုံအထက်တန်းကျောင်းအဖြစ် တစ်နေရာထဲတွင် လေ့လာသင်ယူနိုင်သော ပျော်ရွှင်ဖွယ်ရာ ပညာရေးသင်ကြားရေး ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနေပါသည်။

 

AMI ပညာရေး မိတ်ဆက် ( High School Introduction )

 

High School ပညာရေးသည် ကျောင်းသူ/သားများ၏ ပညာရေးခရီးတွင် အရေးကြီးဆုံးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ၂၁ ရာစု၏ လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေသော ကမ္ဘာကြီးတွင် ကျောင်းသူ/သားများ မတူညီသော စိန်ခေါ်မှု ပုံစံအမျိုးမျိုးကို ရင်ဆိုင်နိုင်စေရန် AMI မှ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော အထက်တန်းပညာရေး အစီအစဥ်ဖြင့် ပြုစု ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။ 

 

AMI ၏ Vision မှာ ဘာသာစကားစုံ ပညာရေးစနစ်ကို အခြေခံ၍ နိုင်ငံတကာနှင့် ပေါင်းကူးသည့် ပညာရေးပလက်ဖောင်း ဖော်ဆောင်ပြီး ကမ္ဘာအမြင်နှင့် နိုင်ငံတကာ ယှဥ်ပြိုင်မှုများကို ရင်ဘောင် တန်းနိုင်မည့် အရည်အချင်းရှိသော ကျောင်းသူ/သားများ မွေးထုတ်ပေးရန် ဖြစ်ပါသည်။ 

 

ထို့ကြောင့် AMI High School ၏ သင်ရိုးကို Taiwan Curriculum နှင့် Cambridge International Curriculum တို့ဖြင့် ပေါင်းစပ် စီစဥ်ထားပြီး Chinese, History, Geography ဘာသာရပ်များကို Taiwan Curriculum ဖြင့် သင်ကြားကာ English, Mathematics, Physic, Chemistry, Biology ဘာသာရပ်များကို Cambridge International curriculum ဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ 

 

သင်ကြားရမည့် ဘာသာရပ်များ

 

Primary 

Taiwan Curriculum

Chinese, Social 

 

Cambridge Curriculum

English, Science, Mathematics, Environmental Studies

 

Secondary

Taiwan Curriculum

Chinese , Social 

 

Cambridge Curriculum

English, Science, Mathematics, Environmental Studies

 

High School

Taiwan Curriculum

Chinese , History, Geography

 

Cambridge Curriculum (IGCSE)

English, Mathematics, Physics, Chemistry, Biology

 

Other

Myanmar, Computer Studies, Art & Music, Sport

 

အထက်ပါ ဘာသာရပ်များကို Taiwan နှင့် Cambridge ၏ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ယူရသောကြောင့် အထက်တန်း အောင်မြင် ပြီးဆုံးပါက ထိုင်ဝမ်တက္ကသိုလ်များသို့ ပညာသင်ယူခြင်း အခွင့်အလမ်းများ ရရှိနိုင်သည့်အပြင် IGCSE ဖြေဆို၍ နိုင်ငံတကာရှိ တက္ကသိုလ်များသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများလည်း ရရှိစေနိုင်မည် ဖြစ်ပါသည်။

 

ထို့အပြင် AMI Education Centre တွင် ကျောင်းသားဗဟိုပြု သင်ကြားရေးကို အဓိကထား အသုံးပြုပြီး ကျောင်းသူ/သားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ဆိုင်ရာများကိုလည်း လေ့ကျင့် ပျိုးထောင်ပေးမည် ဖြစ်ပါသည်။

 

 

 

တက်ရောက်နိုင်မည့် အတန်းများ၊ အသက်အရွယ်နှင့် အတန်းချိန်များကို အောက်တွင် ဖော်ပြပေးထားပါသည်။

 

မူလတန်း (Primary) 

သူငယ်တန်းမှ (၅) တန်းအထိ ( Grade 1 to 6 ) 

အသက် (၆) နှစ်မှ (၁၂) နှစ်

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း 

မနက် (၈) နာရီမှ နေ့လည် (၂) နာရီခွဲအထိ 

 

အလယ်တန်း ( Secondary ) 

(၆) တန်းမှ (၈) တန်းအထိ ( Grade 7 to 9 ) 

အသက် (၁၂) နှစ်မှ (၁၅) နှစ်

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း 

မနက် (၈) နာရီမှ နေ့လည် (၃) နာရီအထိ 

 

အထက်တန်း ( High School ) 

(၉) တန်းမှ (၁၁) တန်းအထိ ( Grade 10 to 12 ) 

အသက် (၁၆) နှစ်မှ (၁၈) နှစ်

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း 

မနက် (၈) နာရီမှ နေ့လည် (၃) နာရီအထိ 

 

AMI Education Centre ၏ ထူးခြားချက်မှာ ထိုင်ဝမ်နှင့် ပြည်ပတွင် ပညာသင်ယူခဲ့သော ကျွမ်းကျင်ဆရာ/မများ ရှိခြင်း၊ ပြီးပြည့်စုံသော သင်ကြားရေး အရင်းအမြစ်များ ရှိသည့်အပြင် ကျောင်းသူ/သားများအတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ပညာသင်ယူနိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်းတို့ ဖြစ်ပါသည်။

 

ကျောင်းတက်ရောက်မည် ဆိုပါက ကျောင်းစည်းမျဥ်းစည်းကမ်းအတိုင်း ဖြေဆိုခ အခမဲ့ဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး တရုတ်စာ၊  အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် (၃) ခုကို Writing နှင့် Speaking Skills (၂) မျိုးဖြင့် ဖြေဆိုရန် လိုအပ်ပါသည်။

 

AMI ကို ရွေးချယ်သင့်သည့် အကြောင်းများ

 

  • နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော Taiwan Curriculum နှင့် Cambridge International Curriculum တို့ကို ပေါင်းစပ် သင်ကြားပေးခြင်း
  • တရုတ်စာနှင့် အင်္ဂလိပ်စာ ဘာသာစကား (၂) မျိုးစလုံးကို တစ်ချိန်တည်းမှာ သင်ယူနိုင်ခြင်း
  • ထိုင်ဝမ်နှင့် အခြားသော ပြည်ပနိုင်ငံများတွင် ပညာ ဆက်လက် သင်ယူရန်အတွက် လိုအပ်သော အချက်အလက်များ၊ လမ်းညွှန်ချက်များ ပြသပေးခြင်း 
  • IGCSE စာမေးပွဲအတွက် တစ်ခါတည်း သင်ကြား ပြင်ဆင်ပေးခြင်း 
  • သင်ကြားရေး ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် ကောင်းမွန်ခြင်း
  • ကျောင်း Campus သည် သွားလာရေး လွယ်ကူသော လှည်းတန်းစင်တာအနီး Diamond Condo ၌ တည်ရှိခြင်း စသည့် ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

 

မိဘများအနေဖြင့် မိမိကလေးကို ထိုင်ဝမ်နှင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်ရန် စိတ်ဝင်စားပါက AMI Education Centre သည် မြန်မာနိုင်ငံတွင် တစ်ခုထဲသော  ထိုင်ဝမ်ပညာရေးစနစ်ကို ကျင့်သုံးပြီး သင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက် ရွေးချယ်သင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။ 

 

AMI Education Centre ၏ သင်ရိုးညွှန်တမ်းများ၊ ကျောင်းဖွင့်မည့် ရက်များနှင့် သင်တန်းကြေးများ  စသည်တို့ကို အသေးစိတ် ထပ်မံ သိရှိလိုပါက အောက်တွင် ဖော်ပြထားသော ဖုန်းနံပါတ်၊ လိပ်စာနှင့် Facebook Page တို့တွင် စုံစမ်း မေးမြန်းနိုင်ပါသည်။

 

AMI Education Centre ကို ဆက်သွယ်ရန်

 

Phone : 09768839787, 09768838121, 09768838252

Campus : No. 6/A, Waggi Yeik Thar Street, Kamayut Township, Yangon

                No. 652, 78th Street, Between 37*38 Streets, Hotel Mandalay

                No. 511, Yuzana Ward, Pyi Htaung Su Road, (Beside) Madira Hotel, Myitkyina

Facebook Page : https://www.facebook.com/amiecmm 

Website : https://www.edge.com.mm/listing/ami-education-centre-27386.html 

High Latest Post Primary Secondary Read 1167 times