အမေရိကန်၏ ပြည်သူ့ပညာရေး ပြုပြင်ပြောင်းလဲခြင်း

 

COVID-19 ကူးစက်ရောဂါသည် အမေရိကန် နိုင်ငံ၏ ပညာရေးစနစ်တွင် အဖက်ဖက်မှ မလုံလောက်မှုများ နှင့် မညီမျှမှုများကို ရှင်းရှင်းလင်းလင်း သိသာစေပြီး ယခုအချိန်သည် ထိုပျက်စီးနေသည့် အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ရန်အတွက် အကောင်းဆုံး အချိန်ဖြစ်သည့် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်သည်။ ယ

ခုအချိန်သည် အဖွဲ့အစည်း သင်တန်းများ ထက်စာလျှင် ပိုမိုခံနိုင်ရည်ရှိစေရန် ထူးခြားသည့် အခြေအနေ, အကျိုးစီးပွား များပါဝင်သည့် သင်ယူသူများအတွက် ပို၍ သက်တောင့်သက်သာဖြစ်စေသည့် စနစ်တစ်ခုကို အကောင်အထည်ဖော်ရန်လိုအပ်နေပေသည်။

ထိုကြောင့် ကလေးငယ်တိုင်းအတွက် သင်ယူနိုင်မှု အရင်းအမြစ်အားကောင်း ပြီး အခွင့်အလမ်းများ ပေါများပြီး အားကောင်း စွာ ထောက်ပံ့ပေးနိုင်မည့် ပြည်သူ့ ပညာရေးစနစ်အသစ်ကို တီထွင်ရန် လိုအပ်နေသည်။

အမျိုးသမီးများလွတ်လပ်စွာ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai, ပတ်ဝန်းကျင် ဆိုင်ရာ တက်ကြွလှုပ်ရှားသူ Greta Thunberg နှင့် လူငယ်များလုပ်ပိုင်ခွင့်နှင့် ရပ်ရွာတွင်း တိုးတွက်ရေးတို့ကို ဦးတည်ဆောင်ရွက် နေသည့် အဖွဲ့ဖြစ်သည့် Kinston Teens ၏ တည်ထောင်သူ တစ်ဦးဖြစ်သည့် Chris Suggs တို့ကဲ့သို့ လူငယ်ခေါင်းဆောင်များတွင် တက်ကြွလှုပ်ရှားသူများ၊ သုတေသီများ နှင့် စွန့်ဦးတီထွင် သူများ အနေဖြင့် လူငယ်များ၏ အင်အားကို ကမ္ဘာတစ်ဝှမ်းတွင် မြင်တွေ့လာနိုင်ပြီဖြစ်သည်။

အနာဂတ်တွင် လူငယ်များ၏ အလားအလာ၊ လူ့အဖွဲ့အစည်းကို အထောက်အကူဖြစ်စေမည့် ကောင်းမွန်စွာ စီစဉ်ထားသည့် ပညာရေး စနစ်သစ်ကို ဒီဇိုင်း ရေးဆွဲရမည်ဖြစ်သည်။

ထိုသို့ ရေးဆွဲရန် စဉ်းစားရာတွင် တန်းတူညီမျှမှုနှင့်အခွင့်အရေးများကို တိုးမြှင့်စေခြင်း၊ ပညာရေးနှင့်ရပ်ရွာလူထုအကြားအတားအဆီးများကိုဖြိုဖျက်စေခြင်း စသည့် အချက်များအပြင် ကျောင်သား အားလုံးအတွက် အဓိပ္ပာယ်ပြည့်ဝသောသင်ကြားမှုကိုအထောက်အကူဖြစ်စေမည့်အခြေအနေများဖန်တီးပေးခြင်း စသည့်အချက်များနှင့် စတင်သင့်ပေသည်။

COVID-19 မှ ဖန်တီးထားသော ယခုလို ပညာရေး အကျပ်အတည်အချိန်တွင် ကျောင်းအဆောက်အဦးများတွင်သာ ရနိုင်သည့် သင်ယူမှု အခွင့်အလမ်းများကို ကန့်သတ်မထားဘဲ ပိုမို လွယ်ကူပြီး ရွေးချယ်စရာများသည့် အနေအထားသို့ ပြောင်းလဲရန် လိုအပ်ပေသည်။

ယခုလို အကျပ်အတည်း အချိန်ကို ယာယီ တုန့်ပြန်ခြင်းမျိုး မဟုတ်ဘဲ ကလေးငယ်များအားလုံးကို တန်ဖိုးထား ချစ်ခင်သည့် ပညာ‌ရေး စံနှုန်း အသစ်ကို အချိန်နှင့် တစ်ပြေးညီ ပြုပြင် ပြောင်းလဲရန် ဆောင်ရွက်သင့်သည်။

ဤအခိုက်အတန့်သည် ဆရာများ၏ အခန်းကဏ္ဍအနေဖြင့်လည်း လူငယ်များကို ကောင်းမွန်စွာ လမ်းညွှန် နိုင်ပြီး သင်ကြားမှုတွင် အတွေ့အကြုံကြွယ်ဝသည့် အပြင် လူငယ်များကမ္ဘာကြီးကိုစူးစမ်းလေ့လာနိုင်ရန်နှင့်အချင်းချင်းကူညီပံ့ပိုးနိုင်သော လက်တွဲကူညီနိုင်သော သင်တန်းနည်းပြများနှင့် အကြံပေးများကို လည်း ခေါ်ယူလျက်ရှိသည်။

လူငယ်များကိုအဓိပ္ပါယ်ရှိသော ဘဝများကို ဖြည့်ဆည်းလုပ်ယူနိုင်ရန် လိုအပ်သော အသိပညာ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများကို တည်ဆောက်နိုင်ရန် မည်သည့် အရာများလိုအပ်သည်၊ မည်သည့်အရာများ ကို လုပ်သင့်သည်ကိုလည်း လမ်းညွှန်ပေးသင့် သည်။

လမ်းညွှန်မှုများကို ပြန်လည်ပြင်ဆင်သောအခါ အသားအ‌ရောင်ခွဲခြားမရှိဘဲ အခြားသူများကိုပါ ထိခိုက်မှု မရှိစေသည့် စနစ်သစ်ကို ဖန်တီးပေးသင့် သည်။

ပြောင်းလဲပြင်ဆင်မှုများကို တစ်ညတည်းနှင့် အပြီးဆုံးဖြတ်လို့မရပေ။ တိုင်းပြည်တစ်ဝှမ်းတွင် ရှိသော ခေါင်းဆောင်များ၊ ပညာရေး ခေါင်းဆောင်များကို မေးခွန်းများမေးမြန်းကာ အကောင်းဆုံး အဖြေတစ်ခု ထုတ်ဖော်သင့်ပေသည်။

- ဆရာ၊ဆရာမများသည် မိမိကျောင်းသားများနှင့် အတူ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ပြီး အကူအညီဖြစ်စေသော ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ပြီး ကမ္ဘာကျော် ဖြစ်ရပ်များကို နားလည်စေရန် နှင့် အကျိုးစီပွားများကို ဖော်ဆောင်နေကြပါလား?

- ကျောင်းအလုပ်များ၏ အပြင်ဖက်ဘဝတွင် ဖြစ်ပျက်နေသည့် ကလေးများ၏ သင်ကြားနိုင်မှု အခြေအနေများကို တကယ်အလေးထားပါသလား?

-လူငယ်များကို သူတို့၏အကျိုးစီးပွားနှင့်မျှော်မှန်းချက်များနှင့် ပတ်သက်၍ သင်ယူမှုအစီအစဉ်များရေးဆွဲရန်ခွင့်ပြုပါသလား?

- လူငယ်များ၏ သင်ယူမှု ခရီးကို ပုံဖော်နိုင်ရန် ရပ်ရွာလူထုမှ မည်သို့ ထောက်ပံ့မည်နည်း?

ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန် လှုံ့ဆော်မှုများကို ရှာဖွေတွေ့ရှိထားပါသည်။

အမေရိကန်နိုင်ငံ ရှိ Providence မြို့ မှ Big Picture Learning’s Met High School သည် ကျောင်းတွင်းသာမက ကျောင်းပြင်ပတွင်ပါ သင်ယူပေးနိုင်ခြင်း၊ လူငယ်၊ ကလေးများကို ၎င်းတို့ အကျိုးစီပွားများ ရှာဖွေနိုင်ရန် အကူအညီပေးခြင်း၊ လိုအပ်သော ပတ်ဝန်းကျင် ပေးထားခြင်း အစရှိသော အင်အားများကို ပြသထားသည်။

၎င်းတို့၏ တည်ဆောက်ထားသော အကြံပေးပုံစံမှာ Fosters tight-knit learning communities ဟု ခေါ်သည့် ကျောင်းသား ၁၅ ယောက်နှင့် အရွယ်ရောက်ပြီးသား အကြံပေးသူများမှာ စည်းလုံးစွာ နေထိုင်ကြပြီး တစ်ဦးနှင့် တစ်ဦး အားပေးကူညီသော လူမှု အသိုင်းအဝိုင်း ကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

ကျောင်းသား တစ်ဦးချင်းစီနှင့် ၎င်းတို့ မိသားစုများသည် ရင်းနှီးမှု ကို ကောင်းစွာတည်ဆောက်ထားခြင်းသည် ကျောင်းသားများ၏ သင်ကြားနိင်မည့် ရည်မှန်းချက်များချမှတ်ရန်နှင့်သူတို့၏ထူးခြားသောအကျိုးစီးပွားများနှင့်မျှော်လင့်ချက်များအပေါ် အခြေခံ၍ ဒေသခံအသိုင်းအဝိုင်းအတွင်းရှိသင်ယူမှုအခွင့်အလမ်းများကိုမြှင့်တင်ရန် အတွက် အလွန် အထောက်အကူ ဖြစ်စေသည်။

ယခုအချိန်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကတိကဝတ်များနှင့်ရင်းနှီးမြှုပ်နှံမှုများသည်သင်ယူသူဗဟိုပြု၊ ပညာရေးအတွက်လူမှုရေးဆိုင်ရာအနာဂတ်အနာဂတ်ကိုအထောက်အကူပြုမည့်စနစ်အသစ်များကိုတီထွင်ရန်အချိန်ဖြစ်သည်။

လူငယ်များကိုမည်သို့ပညာပေးသည်ကိုပြန်လည်ဆန်းစစ်ရန်နှင့်သူတို့၏ကျောင်းများဒီဇိုင်းရေးဆွဲထားသည့်ပုံစံနှင့်လုံး၀ ကွဲပြားခြားနားသောကမ္ဘာကြီးအတွက်ပြင်ဆင်မှုများကိုခေါင်းဆောင်များက ဦး စားပေးပြုလုပ်ရမည် ဖြစ်သည်။

ယခုအချိန်သည်ကူးစက်မှုမတိုင်မီကသာမန်အခြေအနေသို့ပြန်ရောက်ခြင်းထက်ပိုမိုကြီးမားသောစဉ်းစားရမည့်အချိန်ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: Real Clear Education 

 

Latest Post Read 553 times