Sales Hotline : 09448001653       Download App



Grade-4 သင်တန်းဆိုင်ရာ အားလုံးသိ‌စေရန်

** Unicode **

G-4 မြို့နယ်ဆင့်သင်တန်းများကို (၁၅.၆.၂၀၂၀) မှ (၂၁.၆.၂၀၂၀)အထိမြို့နယ်အားလုံးတွင် ပြုလုပ်မည်ဖြစ်ပါတယ်။

COVID-19 ကာကွယ်ရေးအတွက် Physical Distancing မူဖြင့် မူဆင့်သင်ဆရာဆရာမများအားလုံး တက်ရောက်နိုင်ရေး သင်တန်းတည်နေရာများခွဲ၍ မြို့နယ်ပညာရေးမှူးများကစီစဉ်ပြီး တိုင်း/ ခရိုင်မှကြီးကြပ်ဆောင်ရွက်ပါမည်ဖြစ်ပါတယ်။

(၁၅.၆.၂၀၂၀)တွင် နည်းပြများ Orientation၊ (၁၆.၆.၂၀၂၀) မှ (၂၀.၆.၂၀၂၀) အထိ G4သင်တန်း၊(၂၁.၆.၂၀၂၀)တွင် ကျန်းမာရေးဌာနမှ COVID-19 ကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းကိုဆောင်ရွက်ပါမည်ဖြစ်ပါတယ်။

ဌာနမှ ဆရာ/ဆရာမတစ်ဦးလျှင် Mask (၂)ခုစီ အတွက်စရိတ် နှင့်နေ့တွက်စရိတ် (၃၀၀၀) ကျပ် ကိုပံ့ပိုးပါမည်ဖြစ်ပါတယ်။

Primary (721) မူူလတန်းကျောင်းများနှင့် ပတ်သက်ပြီး (84) ခု ရှာရန်နှိပ်ပါ။

၎င်းမြို့နယ်ဆင့်နည်းပြများကို (၁၂.၆.၂၀၂၀) မှ (၁၃.၆.၂၀၂၀)အထိ Online တွင် Virtual Classroom ဖြင့် သင်ကြားပေးပါမည်ဖြစ်ပါတယ်။

Online သင်ကြားမှုအစီအစဉ်အတွက် အဆင်ပြေစေရေးပံ့ပိုးပေးမည့်မြို့နယ်မှ IT ကျွမ်းကျင်ကိုယ်စားလှယ်များက (၁၁.၆.၂၀၂၀)တွင် Zoom Meeting ဖြင့် အချိန်ခွဲဆွေးနွေးပါမည်ဖြစ်ပါတယ်။

G-4သင်တန်းအတွကစီစဉ်ဆောင်ရွက်ပေးကြပါသော သင်တန်းတက်ရောက်ကြပါသော ပညာရေးအရာရှိများ၊ ဆရာကြီးဆရာမကြီးများ၊ဆရာ/ဆရာမများအားလုံး ကို လေးစားဂုဏ်ယူပါတယ်။

COVID-19 အန္တရာယ်မှကင်းဝေးလျက် ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Credit; Education Channel

 

** Zawgyi **





Primary (721) မူလတန်းကျောင်းများနှင့် ပတ်သက်ပြီး (84) ခု ရှာရန်နှိပ်ပါ။






 

News Tips Latest Post Read 6866 times