AI ဘာသာရပ် ဘွဲ့ကြိုသင်တန်းကို ထိုင်းမှာ Scholarship နဲ့ တက်ကြမယ်

 

AI ကို စိတ်ဝင်စားပြီး နိုင်ငံတကာက ပညာရှင်တွေနဲ့အတူ လက်တွေ့လုပ်ဆောင်ချက် အတွေ့အကြုံတွေကို ရယူလိုတဲ့သူတွေအတွက် ထိုင်းနိုင်ငံ CMKL တက္ကသိုလ်ရဲ့ ဘွဲ့ကြိုပညာသင်ဆုအကြောင်း မျှဝေပေးချင်ပါတယ်။ မြန်မာနိုင်ငံက နည်းပညာကျောင်းသားတွေ၊ နည်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေ လျှောက်ကြည့်သင့်တဲ့ ပညာသင်ဆုအမျိုးအစားပါ။ 

 

CMKL ဆိုတာ အရှေ့တောင်အာရှမှာ နံပါတ် (၁) AI ကျောင်းလို့ သတ်မှတ်ခံထားရတဲ့ Carnegie Mellon University နဲ့ King Mongkut's Institute of Technology Ladkrabang တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်ပါတယ်။ 

 

Host University - CMKL

Undergraduate Program -  B.Eng in Artificial Intelligence and Computer Engineering (AiCE)

Duration - 4 years (or) Less

Deadline - 15 January 2025 

 

AICE ပရိုဂရမ်အကြောင်း

ပညာသင်ဆုနဲ့ တက်ရောက်ရမယ့် ပရိုဂရမ်ကတော့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး Artificial Intelligence and Computer Engineering (AiCE) ဘွဲ့ကြိုသင်တန်းဖြစ်ပြီး (၄) နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးစီးပါက Bachelor of Engineering (B.Eng) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ အချိန်တိုတိုအတွင်းမှာ ဘွဲ့မြန်မြန်ရချင်သူတွေဆိုရင် (၃) နှစ် Study Plan ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ 

 

ပရိုဂရမ်တစ်လျှောက်မှာ ကျောင်းသားတွေဟာ Artificial Intelligence ၊ Human-centered Design ၊ Computer Systems နဲ့ Cybersecurity အစရှိတဲ့ နည်းပညာအကြောင်းတွေကို စာတွေ့၊ လက်တွေ့ သင်ယူရမှာဖြစ်ပါတယ်။ 

 

ပညာသင်ဆုအမျိုးအစား

CMKL မှာ Merit-based (ပညာရေး အမှတ်ကောင်းမွန်မှု) နဲ့ Need-based (ငွေကြေးလိုအပ်မှု) ဆိုပြီး ငွေကြေးထောက်ပံ့မှု အမျိုးအစား (၂) မျိုးရှိပါတယ်။ နှစ်မျိုးစလုံးက ကျောင်းတက်နေစဉ်ကာလအတွင်း ကျူရှင်စရိတ်နဲ့ ကျောင်းအတွက် လိုအပ်တဲ့ အခကြေးငွေကို အပြည့်အ၀ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုမျိုးပါ။ ကျောင်းအတွက် လိုအပ်တဲ့ အခကြေးငွေတွေမှာ အောက်ပါတို့ ပါဝင်ပါတယ်။

  • Student activities fee
  • Health insurance
  • Transportation fee
  • Technology fee

 

ပညာသင်ဆု လျှောက်ထားနိုင်သူများ

  • အထက်တန်းအောင်ပြီးသူ (သို့) တက္ကသိုလ် ပထမနှစ်တက်ရောက်နေသူ 
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်စွာပြောဆိုနိုင်သူ
  • ပညာရေးနောက်ခံကောင်းမွန်သူ
  • AICE ပရိုဂရမ်ကို စိတ်ပါဝင်စားသူ
  • ငွေကြေးအခက်အခဲရှိနေသူ

 

ပညာသင်ဆုလျှောက်ဖို့ ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ

  • CMKL ဝင်ခွင့်အတွက် ကျောင်းလျှောက်ထားမှု အွန်လိုင်းဖောင်  ( >> https://apply.cmkl )
  • အထက်တန်းအမှတ်စာရင်း 
  • SAT (သို့) ACT အမှတ်စာရင်း (မရှိလည်း ရပါတယ်)
  • အင်္ဂလိပ်စာအရည်အချင်း (Duolingo English Test (DET) > 105 , TOEFL iBT > 70 (University ETS code is C532), IELTS > 6)
  • ကွန်ပျုတာသိပ္ပံအရည်အချင်း (Hackerrank test, CS50, AP/IB/A-Level: Computer Science)
  • Recommendation Letter
  • ဖော်ပြပါ ခေါင်းစဉ် (၂) ခုထဲက တစ်ခုအတွက် အင်္ဂလိပ်လို စကားလုံး ၁၀၀၀-၁၂၀၀ အတွင်းရှိတဲ့ အက်ဆေးတစ်ပုဒ် ( What do you think is the most serious ethical challenge created by modern AI ? နဲ့ What do you see as the most important benefits that modern AI can provide to society ? )
  • မိမိကိုယ်ကို မိတ်ဆက်ပြီး ပရိုဂရမ်တက်ရောက်ချင်တဲ့ ရည်ရွယ်ချက်ကို ပြသတဲ့ ၃ မိနစ်စာ ဗီဒီယိုတစ်ပုဒ် 
  • ငွေကြေးထောက်ပံ့မှု ရဖို့အတွက် မိသားစု ဝင်ငွေကို ထိုင်းဘတ်နဲ့ ပြသထားတဲ့ စာရွက်စာတမ်းအပြင် (၆) လစာ ဘဏ်စာရင်း၊ မိသားစုအခြေအနေ၊ အလုပ်အကိုင်အခြေအနေ စတဲ့ ငွေကြေးဆိုင်ရာ သက်သေခံ စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်ပါတယ်။ 

 

Deadline

အားလုံးပြည့်စုံပြီဆိုရင်တော့ ပညာသင်ဆုကို Early Decision (2025) အတွက် ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထားပြီးဖြစ်စေ၊ Regular Decision (2025) အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီးဖြစ်စေ အဆင်ပြေသလို လျှောက်ထားနိုင်ပါတယ်။ 

 

AICE ဘွဲ့ရရှိပြီးတဲ့အခါ ရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်း

  • AI Designer/Developer
  • Business Systems Analyst 
  • Client Support Representative 
  • Computer Engineer
  • Computer Security Analyst 
  • Computer Network Architect 
  • Database Developer
  • Hardware Systems Designer
  • Information Technologist 
  • Interface Designer
  • Security Consultant
  • Network Security 
  • Project Manager 
  • Researcher
  • Software Engineer 
  • Software Security
  • Systems Designer 
  • Technical Support Representative 
  • Technical Writer
  • Telecommunications Engineer
  • Web Developer စတဲ့ လစာမြင့် နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကြောင်းတွေကို ရွေးချယ်နိုင်ပါတယ်။ 

 

အသေးစိတ်ဖတ်ရှုရန် >> aice-undergraduate-program-financial-aid-2025

---------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Read 568 times