ပြောင်းလဲခဲ့သော မေးခွန်းပုံစံနှင့် မတ် (၁၁) ရက်တွင် ကျင်းပတော့မည့် တက္ကသိုလ်ဝင်စာမေးပွဲအကြောင်း

**Zawgyi**


၂၀၂၀ ျပည့္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို  မတ္ (၁၁) ရက္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ႏိုဝင္ဘာ (၂၉) ရက္တြင္ ထုတ္ျပန္ခဲ့ပါတယ္။


" ဒီႏွစ္အတြက္ တကၠသိုလ္ဝင္ စာေမးပြဲကို မတ္ (၁၁) ရက္မွာ စတင္က်င္းပမွာျဖစ္ပါတယ္။ ေျဖဆိုဖို႔ စာရင္းေပးသြင္းတဲ့ေက်ာင္းသား/သူ (၉၆၀၀၀၀) ေက်ာ္ရွိပါတယ္။ ဒီႏွစ္မွာ စာစစ္ဌာနကလည္း အရင္ႏွစ္ကထက္ (၁၀၀) ေလာက္ထပ္တိုးဖြင့္လွစ္ဖို႔ လ်ာထားပါတယ္" ဟုျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳုပ္ ဦးမ်ိဳးၫြန႔္က စံေတာ္ခ်ိန္သို႔ ေျပာပါတယ္။


၂၀၂၀ ျပည့္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္ (၁၁) ရက္တြင္ ျမန္မာစာ၊ မတ္ (၁၂) ရက္တြင္ အဂၤလိပ္စာ၊ မတ္ (၁၆) ရက္တြင္ ဓာတုေဗဒ၊ မတ္ (၁၇) တြင္႐ူပေဗဒ၊ မတ္ (၁၈) ရက္တြင္ ဇီဝေဗဒ/ေဘာဂေဗဒ၊ မတ္ (၁၉) ရက္တြင္ ပထဝီဝင္၊ မတ္ (၂၀) ရက္တြင္ သမိုင္း စသည့္ ဘာသာရပ္မ်ားကို ေန႔စဥ္ နံနက္ (၉) နာရီမွ မြန္းတည့္ (၁၂) နာရီအထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။


၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္ (၆) ရက္နံနက္ပိုင္က တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ သက္ဆိုင္ရာ စာစစ္ဌာန ေက်ာင္းအသီးသီးတြင္ စတင္က်င္းပခဲ့ရာျမန္မာစာဘာသာရပ္ကို ေျဖဆိုခဲ့ၾကရၿပီး ယင္းေန႔တြင္ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းထားသူ (၈၉၇၉၉၄) ဦး၊ ဝင္ေရာက္ေျဖဆိုသူ (၈၅၁၅၇၀) ဦး ရွိခဲ့ၿပီး ပ်က္ကြက္သူ (၄၆၄၂၄) ဦးရွိခဲ့ေၾကာင္း၊ စာစစ္ဌာန (၁၈၈၁) ခုအထိ တိုးျမႇင့္၍ ဖြင့္လွစ္ခဲ့ေၾကာင္းသိရပါတယ္။

Read More:>>>>  ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအခ်ိန္စာရင္း


**ေမးခြန္းပုံစံသစ္အျဖစ္ေျပာင္းလဲခဲ့**
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွစ၍ တကၠသိုလ္ဝင္တန္း ေမးခြန္းပုံစံကို ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ၊ ေဘာဂေဗဒ၊ ဇီဝေဗဒ၊ သမိုင္း၊ ပထဝီဝင္ စသည့္ဘာသာရပ္ကိုးခုကို ေမးခြန္းပုံစံသစ္အျဖစ္ ေျပာင္းလဲခဲ့ၿပီး စိတ္ႀကိဳက္ျမန္မာဘာသာရပ္တစ္ခုသာ ေမးခြန္းပုံစံ မေျပာင္းလဲေၾကာင္း၊ ယင္းကဲ့သို႔ ေျပာင္းလဲရျခင္းမွာ စဥ္းစားေတြးေခၚရသည့္ ေမးခြန္းပုံစံမ်ားအျဖစ္ ဖန္တီးေပးျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Credit: The Standard Time Daily

**Unicode**

၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို  မတ် (၁၁) ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နိုဝင်ဘာ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။


" ဒီနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် (၁၁) ရက်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ဖြေဆိုဖို့ စာရင်းပေးသွင်းတဲ့ကျောင်းသား/သူ (၉၆၀၀၀၀) ကျော်ရှိပါတယ်။ ဒီနှစ်မှာ စာစစ်ဌာနကလည်း အရင်နှစ်ကထက် (၁၀၀) လောက်ထပ်တိုးဖွင့်လှစ်ဖို့ လျာထားပါတယ်" ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုုပ် ဦးမျိုးညွန့်က စံတော်ချိန်သို့ ပြောပါတယ်။


၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၁) ရက်တွင် မြန်မာစာ၊ မတ် (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ် (၁၆) ရက်တွင် ဓာတုဗေဒ၊ မတ် (၁၇) တွင်ရူပဗေဒ၊ မတ် (၁၈) ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် (၁၉) ရက်တွင် ပထဝီဝင်၊ မတ် (၂၀) ရက်တွင် သမိုင်း စသည့် ဘာသာရပ်များကို နေ့စဉ် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၆) ရက်နံနက်ပိုင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းအသီးသီးတွင် စတင်ကျင်းပခဲ့ရာမြန်မာစာဘာသာရပ်ကို ဖြေဆိုခဲ့ကြရပြီး ယင်းနေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၈၉၇၉၉၄) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၈၅၁၅၇၀) ဦး ရှိခဲ့ပြီး ပျက်ကွက်သူ (၄၆၄၂၄) ဦးရှိခဲ့ကြောင်း၊ စာစစ်ဌာန (၁၈၈၁) ခုအထိ တိုးမြှင့်၍ ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။

Read More;>>>>  ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအခ်ိန္စာရင္း


**မေးခွန်းပုံစံသစ်အဖြစ်ပြောင်းလဲခဲ့**
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ ပထဝီဝင် စသည့်ဘာသာရပ်ကိုးခုကို မေးခွန်းပုံစံသစ်အဖြစ် ပြောင်းလဲခဲ့ပြီး စိတ်ကြိုက်မြန်မာဘာသာရပ်တစ်ခုသာ မေးခွန်းပုံစံ မပြောင်းလဲကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲရခြင်းမှာ စဉ်းစားတွေးခေါ်ရသည့် မေးခွန်းပုံစံများအဖြစ် ဖန်တီးပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

Credit: The Standard Time Daily

News Tips Latest Post Read 3823 times