နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် QS Top Universities ကနေ ထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ စာရင်းထဲက (၂၅) ကျောင်းကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။
အဲဒီထဲကမှ Top Universities (၁၀) ခုအကြောင်းနဲ့ တက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေ၊ ကျောင်းလခတွေ၊ ကျောင်းဝင်ခွင့် စတာတွေကို ဇယားအောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပေးထားပါတယ်။
၁။ Massachusetts Institute of Technology
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာကတော့ နည်းပညာတက္ကသိုလ် တစ်ခုဖြစ်တဲ့ Massachusetts Institute of Technology ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Cambridge, Massachusetts မှာ တည်ရှိပါတယ်။
MIT ဟာ ၂၀၁၂ ကနေ ယခု ၂၀၂၅ နှစ်အထိ (၁၃) နှစ်ဆက်တိုက် ပထမနေရာကို ရယူထားတာပဲ ဖြစ်ပါတယ်။ လက်ရှိစာသင်နှစ်မှာ ကျောင်းသားစုစုပေါင်း (၁၁,၀၀၀) ကျော် ရှိပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၃,၈၀၀) နီးပါး သွားရောက် ပညာသင်ကြားကြပါတယ်။
University Admission
နံပါတ် (၂) နေရာမှာ ရပ်တည်နေတာကတော့ လန်ဒန်မြို့လယ်မှာ တည်ရှိတဲ့ Imperial College ဖြစ်ပြီး သိပ္ပံ၊ အင်ဂျင်နီယား၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားဦးရေ (၂၀,၀၀၀) ကျော် သွားရောက် ပညာသင်ယူကြပြီး ကျောင်းသားတစ်ဝက်နီးပါးက ပြည်ပနိုင်ငံတွေက ဖြစ်ပါတယ်။
Programs and Fees
University Admission
နာမည်ကြီး အောက်စ်စဖို့တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ နံပါတ် (၃) နေရာကို ရယူထားပါတယ်။ ၁၀၉၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၉၀၀) ကျော် ရှိနေပြီဖြစ်တဲ့ သုတေသနကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ၊ အောက်စဖို့မှာ တည်ရှိပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၁၄၀) ကျော်လောက်က ကျောင်းသားတွေ လာရောက် ပညာသင်ယူပါတယ်။ လက်ရှိစာသင်နှစ်မှာ ကျောင်းသားစုစုပေါင်း (၂၂,၀၀၀) ကျော်ခန့် ရှိပြီး နိုင်ငံအနှံ့အပြားက ကျောင်းသား (၉,၀၀၀) ကျော်ကို လက်ခံ သင်ကြားပေးပါတယ်။
Programs
University Admission
အမေရိကရဲ့ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ နံပါတ် (၄) နေရာ ရယူထားပြီး Cambridge, Massachusetts မှာ တည်ရှိပါတယ်။ ၁၆၃၆ ခုနှစ်ကထဲက တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း (၄၀၀) နီးပါး ရှိနေပါပြီ။
Harvard University ရဲ့ လက်ရှိစာသင်နှစ်မှာ ပညာသင်ယူနေသူ ကျောင်းသားစုစုပေါင်း (၂၄,၀၀၀) ကျော် ရှိပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၆,၅၀၀) နီးပါးကို လက်ခံ သင်ကြားပါတယ်။
Programs
University Admission
၁၂၀၉ ခုနှစ်ထဲက စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၈၀၀) ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ်းဘရစ်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ နံပါတ် (၅) နေရာကို ရယူထားပါတယ်။ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်မှာ တည်ရှိပြီး သုတေသနဆိုင်ရာ ဘာသာရပ်တွေကို အထူးပြု သင်ကြားပါတယ်။
အင်္ဂလန်အပြင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားပေါင်း (၂၁,၀၀၀) ကျော် လက်ရှိစာသင်နှစ်မှာ တက်ရောက်နေကြပြီး နိုင်ငံပေါင်း (၁၂၀) ကျော်က ကျောင်းသား (၈,၀၀၀) နီးပါး သွားရောက် ပညာသင်ကြားကြပါတယ်။
Programs
University Admission
၁၈၈၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်ဟာ သုတေသနဘာသာရပ်တွေကို အဓိက သင်ကြားပေးပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပါတယ်။ ဒီကျောင်းဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၆) နေရာမှာ ရပ်တည်နေပါတယ်။
Stanford University ရဲ့ လက်ရှိစာသင်နှစ်မှာ ကျောင်းသားပေါင်း (၁၇,၀၀၀) ကို ပညာသင်ကြားပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၄,၃၀၀) ကျော်ကို လက်ခံပါတယ်။
University Admission
၇။ ETH Zurich
နံပါတ် (၇) နေရာမှာ ရှိနေတာကတော့ ဆွစ်ဇာလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Zurich မှာ ရှိတဲ့ ETH Zurich တက္ကသိုလ်ပါ။ ၁၈၈၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။
ETH Zurich ရဲ့ လက်ရှိပညာသင်နှစ်မှာ ကျောင်းသားစုစုပေါင်း (၂၂,၀၀၀) ကျော်ရှိပြီး ပြင်ပနိုင်ငံတွေက ကျောင်းသား (၁၀,၀၀၀) နီးပါး သွားရောက် ပညာသင်ကြားကြပါတယ်။
University Admission
၈။ National University of Singapore
စင်ကာပူနိုင်ငံမှာ ပညာရေးနဲ့ သုတေသနဆိုင်ရာ ဘာသာရပ်တွေ သင်ကြားပေးနေတဲ့ National University of Singapore (NUS) က နံပါတ် (၈) နေရာမှာ ရပ်တည်နေပါတယ်။ ဒီကျောင်းကို ၁၉၈၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကျောင်းမှာ လက်ရှိ ပညာသင်ကြားတဲ့ ကျောင်းသား (၃၁,၀၀၀) ခန့် ရှိပြီး နိုင်ငံပေါင်း (၁၀၀) ကျော်က ကျောင်းသား (၈,၁၀၀) ကျော်ကို လက်ခံ သင်ကြားပေးနေပါတယ်။
Programs
University Admission
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၉) နေရာမှာ ရှိတာကတော့ လန်ဒန်မှာ တည်ရှိတဲ့ University College London ( UCL ) ဖြစ်ပါတယ်။ ၁၈၂၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး သုတေသနဆိုင်ရာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးပါတယ်။
UCL ရဲ့ လက်ရှိစာသင်နှစ်မှာ နိုင်ငံပေါင်း (၁၅၀) ကျော်က ကျောင်းသား (၂၆,၀၀၀) ကျော် ပညာသင်ယူနေကြပြီး စုစုပေါင်း ကျောင်းသားဦးရေ (၄၆,၀၀၀) နီးပါးအထိ လက်ခံ သင်ကြားပေးပါတယ်။
Programs
University Admission
၁၀။ California Institute of Technology (Caltech)
Pasadena, California မှာ ရှိတဲ့ California Institute of Technology (Caltech) တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။ ၁၈၉၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး သုတေသနဆိုင်ရာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။
Caltech ရဲ့ လက်ရှိစာသင်နှစ်မှာ ပညာသင်ယူနေသူ ကျောင်းသားစုစုပေါင်း (၂,၄၀၀) ကျော် ရှိပြီး ပြင်ပနိုင်ငံတွေက ကျောင်းသား (၇၀၀) ကျော်ကို လက်ခံ သင်ကြားပေးနေပါတယ်။
University Admission
၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးတက္ကသိုလ်များ စာရင်းကို ကြည့်ရန်
> https://www.topuniversities.com/world-university-rankings
၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာရင်းထဲမှာ ထုံးစံအတိုင်း အမေရိကား တက္ကသိုလ်တွေဟာ ထိပ်ဆုံးနေရာကို ရယူထားပြီး ဗြိတိန်တက္ကသိုလ်တွေကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတေးလီးယား နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ကိုရီးယား စတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေဟာလည်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို ပါဝင်လာတာကို တွေ့ရပါတယ်။