Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်ထားသူများ လျှောက်ထားနိုင်သည့် အင်ဂျင်နီယာသင်တန်းနှင့် ဟိုတယ်နှင့်ခရီးသွားသင်တန်း

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး အတန်းပညာဆက်တက်ဖို့ထက် အတတ်ပညာသင်ယူဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် စင်ကာပူမြန်မာ၊ သက်မွေးသင်တန်းကျောင်း (ရန်ကုန်) (SMVTI- Vocational Training Institute) မှ မေလမှာ ဖွင့်လှစ်သင်ကြားပေးမယ့် သက်မွေးပညာသင်တန်းနှစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ 

 

SMVTI မှ မေလ (၂) ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် သက်မွေးပညာသင်တန်း (၂) ခု -

  • အပတ်စဥ်(၁၁) အင်ဂျင်နီယာသင်တန်း (Engineering & Technology) နှင့် 
  • အပတ်စဥ်(၁၂) ဟိုတယ်နှင့်ခရီးသွားသင်တန်း (Hospitality & Tourism)

 

ဟိုတယ်နှင့်ခရီးသွားသင်တန်းအတွက် ဖွင့်လှစ်မယ့် သင်တန်းများ

  • Front Office Operations
  • Housekeeping Operations
  • Restaurant Operations

 

အင်ဂျင်နီယာသင်တန်းအတွက် ဖွင့်လှစ်မယ့် သင်တန်းများ

  • Electrical Technology
  • Electronics
  • Residential Air-Conditioning
  • Mechatronics (Basic Servicing)
  • General Welding

 

လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • ဆယ်တန်းအောင်လက်မှတ် မိတ္တူ
  • ဆယ်တန်း အမှတ်စရင်း  မိတ္တူ
  • ရပ်ကွက်ထောက်ခံစာမူရင်း
  • ရဲစခန်းထောက်ခံစာမူရင်း


သင်တန်းကာလ

၆ လ

 

အကျိုးခံစားခွင့်

  • စင်ကာပူနိုင်ငံ ITE ကောလိပ်အသိအမှတ်ပြု သင်ရိုးများအတိုင်း သင်ကြားပေးမည်
  • သင်တန်းပြီးမြောက် အောင်မြင်ပါက အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည် 
  • သင်တန်းတွင် ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့ လက်တွေ့ သင်ကြားပေးမည်
  • သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မည်

 

လျှောက်လွှာလက်ခံမည့်ရက် - (၁၃-၂-၂၀၂၄) မှ (၁၅-၃-၂၀၂၄) အထိ

မှတ်ချက်: ၄ လပိုင်းအကုန်အထိ လျှောက်ချင်လျှောက်လို့ရ

Interview ဖြေဆိုရမည့်ရက် - (၁၈-၃-၂၀၂၄)

Interview Result ထွက်မည့်ရက် - (၂၁-၃-၂၀၂၄)

ကျောင်းအပ်လက်ခံမည့်ရက် - (၂၂-၃-၂၀၂၄)

သင်တန်းဖွင့်လှစ်မည့်ရက် - (၂.၅.၂၀၂၄)

သင်တန်းလျှောက်ထားရမည့်လိပ်စာ - စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (အမှတ် -၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။)

မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။ 

 

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက အထက်မှာ ဖော်ပြထားတဲ့ သင်တန်းကျောင်းလိပ်စာကို လူကိုယ်တိုင်သော်လည်ကောင်း၊ ဖုန်းနံပါတ် ၀၉ ၇၈၁၀၀၂၅၇၂ သို့ လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

Latest Post Vocational Read 2668 times