မြန်မာကျောင်းသားတွေကိုပဲ သီးသန့် ပေးအပ်မယ့် ပညာသင်ဆုနဲ့ အလုပ်သင်အခွင့်အလမ်း

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံမှာ လက်ရှိ တက္ကသိုလ်ပညာရေး တစ်ပိုင်းတစ်စနဲ့ ရပ်တန့်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်လုပ်ဖို့ အဆင်မပြေ ဖြစ်နေတဲ့ လူငယ်တွေအတွက် အလုပ်သင် အခွင့်အလမ်းတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 

ကျောင်းသားတွေအနေနဲ့ Virtual Top-Up Degree Scholarship ကို လျှောက်ထားနိုင်မှာ ဖြစ်ပြီး လူငယ်တွေက Virtual Global Opportunities ( MicroCredential and Internships ) ဆိုတဲ့ အလုပ်သင် အခွင့်အလမ်း ရရှိဖို့အတွက် လျှောက်ထားနိုင်မှာပါ။

 

ပညာသင်ဆုရော အလုပ်သင်အခွင့်အလမ်းပါ အွန်လိုင်းကနေ တက်ရောက် သင်ယူ၊ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပြီး စာအုပ်နဲ့ သင်ထောက်ကူ ပစ္စည်းတွေအတွက်သာမက ICT နဲ့ ပတ်သတ်တာတွေအတွက်လည်း ထောက်ပံ့ကြေး ရရှိဦးမှာ ဖြစ်ပါတယ်။

 

Virtual Top-Up Degree Scholarship အတွက် လျှောက်ထားလိုသူများသည်…

  • မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • အနည်းဆုံး နှစ်နှစ် (ဘွဲ့ကြို) သို့မဟုတ် တစ်နှစ် (မဟာဘွဲ့) ကို သက်ဆိုင်ရာ တက္ကသိုလ်တွင် အောင်မြင်စွာ ပြီးမြောက် အောင်မြင်ပြီး ဖြစ်ရမည်။
  • ပညာသင်ဆုကာလအတွင်း ( ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ) သင်ကြားပေးမည့် တက္ကသိုလ်တွင် မိမိတို့၏ လေ့လာမှုများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။
  • လက်ရှိတွင် အခြားသော ပညာသင်ဆုများ လက်ခံထားခြင်း မရှိရပါ။
  • အင်္ဂလိပ်စာစွမ်းရည် ကောင်းမွန်ရမည်။

 

Advertisement

Click Here > Aquamarine Moon

 

Virtual Global Opportunities: MicroCredential နှင့် Virtual Global Opportunities: Internships အတွက် လျှောက်ထားလိုသူများသည်…

  • မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • ဘွဲ့ရပြီးသူ ဖြစ်ရမည်။
  • လက်ရှိတွင် အခြားသော ပညာသင်ဆုများ လက်ခံထားခြင်း မရှိရပါ။
  • အင်္ဂလိပ်စာစွမ်းရည် အထူးကောင်းမွန်ရမည်။

 

လိုအပ်သည့် စာရွက်စာတမ်းများ 

  • တက်ရောက်နေဆဲ တက္ကသိုလ်မှ ဝင်ခွင့်ထောက်ခံစာ
  • CV ( Europass Format ) 
  • လတ်တလော ရိုက်ထားသည့် ဓာတ်ပုံ
  • Scan ဖတ်ထားသည့် သန်းခေါင်စာရင်းမူရင်း 
  • Scan ဖတ်ထားသည့် မှတ်ပုံတင်မူရင်း 

 

အသေးစိတ်ကြည့်ရန်

> https://empm.education/document-to-prepare-for-online-submission/ 

 

လျှောက်ထားရန် လင့်ခ်

> https://empm.education/online-application/ 

 

ပညာသင်ဆုနဲ့ အလုပ်သင်အခွင့်အလမ်းအတွက် လျှောက်လွှာတွေကို ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံးထား လက်ခံပေးသွားမှာ ဖြစ်ပြီး နောက်ကျမှ ရောက်လာတဲ့ လျှောက်လွှာတွေကို ထည့်သွင်း စဉ်းစားပေးမှာ မဟုတ်ပါဘူး။

 

ပညာသင်ဆုနှင့် အလုပ်သင်အကြောင်း ထပ်မံ လေ့လာရန်

> https://empm.education/cfa/ 

 

ဆက်သွယ်ရန်

[email protected] 

 

International Local Latest Post Read 2426 times