Sales Hotline : 09448001653       Download App



ရှစ်တန်းအောင်ပါက တက်ရောက်နိုင်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သင်တန်းကျောင်း (၅) ခု

မန္တလေး၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်နှင့် ပုသိမ် မြို့များတွင် သမဝါယမဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာ သင်တန်းကျောင်းများနှင့် လက်ရှိ သင်ကြားပေးနေသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖော်ပြပေးလိုက်ပါသည်။

 

 

အထက်ပါ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် စာသင်နှစ် (၂) နှစ်အတွင်း အောက်ပါ ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။

 

ပညာသင်နှစ် (ပထမနှစ်) 

  • Business Accounting
  • Fundamentals of ICT
  • သမဝါယမပညာ
  • မြန်မာစာ
  • အင်္ဂလိပ်စာ
  • သင်္ချာ
  • ဘောဂဗေဒ

 

ပညာသင်နှစ် (ဒုတိယနှစ်)

  • Cost Accounting
  • Financial Accounting
  • Computerized Accounting
  • Business Organization and Management
  • သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း
  • အင်္ဂလိပ်စာ
  • သင်္ချာ
  • ဘောဂဗေဒ


 

Advertisement

Click Here > AM Trading

 

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများတွင် စာသင်နှစ် (၂) နှစ် ပြီးသည့်အထိ တက်ရောက် အောင်မြင်ပြီးပါက Certificate in Business Accounting အောင်လက်မှတ် ရရှိမည် ဖြစ်သည်။

 

ကာလတိုသင်တန်းများ

  • စက်ရက်ကန်း စက်မောင်း၊ စက်ပြင်သင်တန်း
  • တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း
  • လက်ရက်ကန်းဖဲနှပ်ကောက်သင်တန်း
  • အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း
  • သဘာဝဆိုးဆေးသင်တန်း
  • စာစည်းကြိုးရက်လုပ်နည်းသင်တန်း
  • တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း
  • အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း
  • မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း
  • အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းပညာသင်တန်း
  • ဝါးအခြေခံ လက်မှုထည်သင်တန်း

 

သင်တန်းကို အနည်းဆုံး အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး သတင်းစာ၊ ဂျာနယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများ၊ သက်ဆိုင်ရာ မြို့နယ်များရှိ သမဝါယမအသင်းများ၊ သမဝါယမအသင်းစုများမှ သင်တန်းသားများ ခေါ်ယူလျက် ရှိသည်

Latest Post Vocational Read 1098 times