Sales Hotline : 09448001653       Download App



စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၅) ခုနှင့် ကျောင်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်များ

ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC) နှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသည်။

 

ပြည်နယ်နှင့် တိုင်း အသီးသီးတွင် ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေး သိပ္ပံကျောင်း (၁၅) ခုနှင့် သင်တန်းကာလ၊ ကျောင်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်၊  ပေါင်းကူး တက်ရောက်နိုင်မည့် တက္ကသိုလ်များ၊ သင်ကြားနည်းစနစ်နှင့် ရရှိမည့်ဘွဲ့ စသည်တို့ကို အောက်တွင် ဆက်လက် ဖော်ပြထားသည်။

 

  • စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) 
  • စိုက်ပျိုးရေးသိပ္ပံ (သထုံ)
  • စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ)
  • စိုက်ပျိုးရေးသိပ္ပံ (ရွှေဘို)
  • စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) 
  • စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)
  • စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)
  • စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်
  • စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး
  • စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား
  • စိုက်ပျိုးရေးသိပ္ပံ (ဒီးမော့ဆို)
  • စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)
  • စိုက်ပျိုးရေးသိပ္ပံ (လုံပီး)
  • စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)
  • စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)

 

ကျောင်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်

 

တက္ကသိုလ်ဝင်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ် အတွဲဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေး ဒီပလိုမာသင်တန်းနှင့် ဇီဝဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူများသည် မွေးမြူရေး ဒီပလိုမာသင်တန်းသို့ လျှောက်ထားနိုင်ပြီး အသက် (၂၂) ထက် မကြီးသူ ဖြစ်ရမည်။

 

သင်တန်းကာလ

 

စိုက်ပျိုးရေးသိပ္ပံများ၏ သင်တန်းကာလမှာ (၃) နှစ် ဖြစ်ပြီး ပညာသင်နှစ်သည် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင်ပြီး နောက်နှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ပြီးဆုံးသည်။ ပထမနှစ်ဝက်သည် နိုဝင်ဘာလ (၁၅) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ ဖြစ်ပြီး ဒုတိယနှစ်ဝက်သည် ဇွန်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ ဖြစ်သည်။

 

 

Advertisement

Click Here > Zebra

 

ရရှိနိုင်မည့် ဒီပလိုမာဘွဲ့

  • စိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture)(Dip.Agri) 
  • မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (Dip.AH) 

 

စိုက်ပျိုးရေးတက္ကသိုလ် ပေါင်းကူးတက်ရောက်ခြင်း

 

စိုက်ပျိုးရေးသိပ္ပံများမှ (၃) နှစ် အမှတ်ပေါင်းဖြင့် ထူးချွန်စွာ အောင်မြင်သူများကို စိုက်ပျိုး ရေးတက္ကသိုလ် တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။

 

မွေးမြူရေးတက္ကသိုလ် ပေါင်းကူးတက်ရောက်ခြင်း

 

မွေးမြူရေး ဒီပလိုမာ ထူးချွန်သူသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (B.A.Sc) သင်တန်းသို့ တက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။

 

သင်ကြားနည်းစနစ်

 

သင်ကြားရေးတွင် ဘာသာရပ်အလိုက် လက်တွေ့လုပ်ငန်းကို နံနက်ကွင်းဆင်းခြင်း၊ လက် တွေ့ခန်း၌ ဆောင်ရွက်ခြင်းနှင့် ကျူတိုရီရယ်တို့ဖြင့် လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။ စဉ်ဆက်မပြတ် အကဲဖြတ်သောစနစ် (Continuous assessment) ဖြင့် ကျောင်းသား၏ သင်ယူမှုကို အမှတ်ပေးသည်။ 

 

နံနက်ကွင်းဆင်းလုပ်ငန်း၊ လက်တွေ့ခန်းလုပ်ငန်းနှင့် ကျူတိုရီရယ်တို့ကိုလည်း ဘာသာရပ်အလိုက် အမှတ်ပေးထားပြီး Informal Test, Practical Exam, Field Trip Report Assignment, Oral Exam နှင့် ရေးဖြေ Semester Exam တို့ကို ဘာသာရပ်အလိုက် အချိုးကျ ခွဲ‌ဝေ အမှတ်ပေးသည်။ 

 

ပညာသင်နှစ် တစ်နှစ်တွင် Semester (၂) ခု ပိုင်းခြားထားပြီး Semester တစ်ခုလျှင် အမှတ် (၅၀) ရာခိုင်နှုန်းစီဖြင့် စုစုပေါင်း အမှတ် (၁၀၀) တွင် စိုက်ပျိုးရေးဘာသာ တစ်ခု၌ (၅၀) မှတ်၊ စာပေဘာသာ တစ်ခုစီ၌ (၄၀) မှတ် ရရှိမှသာ အအောင်ပေးမည် ဖြစ်သည်။

 

Latest Post University / College Vocational Read 1145 times