Sales Hotline : 09448001653       Download App



သမဝါယမသင်တန်းကျောင်း၏ သမိုင်းကို အစပြုခဲ့သည့် သမဝါယမကောလိပ် (ဖောင်ကြီး)

သမဝါယမကောလိပ် (ဖောင်ကြီး) သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးတွင် တည်ရှိ သည်။ ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာအေးစေတီတော် ပရဝုဏ်အတွင်းရှိ သမဝါယမ အာရုံခံ တန်ဆောင်း၌ တိုင်းနှင့် ပြည်နယ်အဆင့်ရှိ သမဝါယမ အရာရှိများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြင့် ဗဟိုသမဝါယမကောလိပ် ဖြစ်လာမည့် ဗဟိုသမဝါယမ သင်တန်းကျောင်း၏ သမိုင်းကို အစပြုခဲ့သည်။ 

 

၁၉၇၄ ခုနှစ်တွင် ခြောက်မိုင်ခွဲ၌ နေရာတိုးချဲ့၍ ဖွင့်လှစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် သင်တန်းအားလုံး ခြောက်မိုင်ခွဲသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၈၃ ခုနှစ် ဒီဇင်ဘာတွင် ခြောက်မိုင်ခွဲမှ လှည်းကူးမြို့နယ်၊ ဖောင်ကြီးသို့ ထပ်မံ ပြောင်းရွှေ့ခဲ့သည်။ 

 

၁၉၈၄ ခုနှစ်တွင် ဖောင်ကြီး၌ သမဝါယမ အခြေခံစီမံခန့်ခွဲမှုသင်တန်း စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ဗဟိုသမဝါယမကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်တွင် သမဝါယမကောလိပ်၊ ဖောင်ကြီးအဖြစ် အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

 

ပေးအပ်သည့် ဒီပလိုမာဘွဲ့များ

  • ဒေသဆိုင်ရာဖွံ့ဖြိုးမှု ဒီပလိုမာ (Diploma in Regional Development) (Dip.RD)
  • စီးပွားရေးစာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting) (Dip.BA)
  • အသုံးချစာရင်းအင်း ဒီပလိုမာ (Diploma in Applied Statistics) (Dip.AS)
  • ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Marketing Management) (Dip.MM)
  • လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Social Enterprise Management) (Dip.SEM)


 

Advertisement

Click Here > Great Modern


 

ကျောင်းဝင်ခွင့် ခေါ်ယူခြင်း

တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ပြီးမြောက်သူများ တက်ရောက်နိုင်သည်။ ဝင်ခွင့်လျှောက်လွှာများအား တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများနှင့် သမဝါယမကောလိပ်တွင် ဝယ်ယူ လျှောက်ထားနိုင်သည်။

 

သမဝါယမကောလိပ်များသို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်/ ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ် အများ/ အနည်းအလိုက် စိစစ် ရွေးချယ်ခြင်း ဖြစ်သည်။

 

သမဝါယမကောလိပ်များတွင် ဖွင့်လှစ်သော ဒီပလိုမာ ဒုတိယနှစ်သင်တန်းသို့ တက်ရောက် အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း) တို့တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ ပေါင်းကူး တက်ရောက်ခွင့် ရှိသည်။

 

သမဝါယမကောလိပ် (ဖောင်ကြီး) ၏ ပညာသင်နှစ်အလိုက် ကျောင်းသားတက်ရောက်ခဲ့သည့် အခြေအနေ၊ ဝင်ခွင့်ခေါ်ယူမှုအခြေအနေ၊ သင်တန်းသားစိစစ်ရွေးချယ်မှု အစီအစဉ်၊ ပေါင်းကူးတက်ရောက်နိုင်မည့် အခြေအနေ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု သုတေသန ဆောင်ရွက်မှုများကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဖတ်ရှု လေ့လာနိုင်သည်။

> https://mcrd.gov.mm/index.php?page=YWJvdXQmNzA9Y29vcF9wZ19jb2xsZWdl  

 

သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်း

စစ်ကိုင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်း

Latest Post University / College Vocational Read 680 times