Sales Hotline : 09448001653       Download App



စစ်ကိုင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်းနှင့် ရရှိမည့် ဘွဲ့များ

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မန္တလေး၊ မုံရွာကားလမ်း အရှေ့ဘက် ရွာထောင်ရပ်ကွက်တွင် တည်ရှိပြီး တက္ကသိုလ်မြေဧရိယာ စုစုပေါင်း (၂၆.၀၄) ဧက ရှိသော ကျောင်းတစ်ကျောင်း ဖြစ်သည်။ 

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သည် ယခင် ကချင်၊ ချင်းနှင့် စစ်ကိုင်း၊ ပြည်နယ်/တိုင်း သမဝါယမ သင်တန်းကျောင်းမှတဆင့် သမဝါယမကောဒေသ ကောလိပ်အဆင့်သို့ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် အဆင်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၁၂) ဖြင့် ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီး သမဝါယမဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၁) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂) ဖြင့် သမဝါယမကောလိပ် (စစ်ကိုင်း) အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ် ခွင့်ပြုခဲ့သည်။ 

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် သမယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး သမဝါယမ သင်တန်းကျောင်းမှတဆင့် အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

သမဝါယမကောလိပ်ဖွင့်လှစ်ခဲ့သည့် ၁၉၉၆ - ၁၉၉၇ ပညာသင်နှစ်မှ ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်အထိ လက်မှတ်ရ၊ စာရင်းရေး၊ စာရင်းကိုင်သင်တန်း Certificate in Bookkeeping and Accountancy (CBA) သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်မှ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်အထိ အောက်ပါ ဒီပလိုမာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့သည်။

 

စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ

Diploma in Business Accounting (Dip: B.Acct)

 

ရောင်းဝယ်ရေးစီမံခန့်ခွဲမှုဒီပလိုမာ

Diploma in Marketing Management (Dip: M.M)

 

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ

Diploma in Business Management (Dip: B.M)

 

Advertisement

Click Here > United Pacific

 

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စီးပွား‌ရေးသိပ္ပံဘွဲ့အား စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ စသည့် အထူးပြု ဘာသာရပ် (၅) ခုဖြင့် သင်ကြားခဲ့သည်။

 

အထူးပြုဘာသာရပ်အလိုက် ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်း ချီးမြှင့်လျက် ရှိပြီး အထူးပြုဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်လျက် ရှိသည်။ 

 

အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်းများကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင် သင်ကြားခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ မဟာဘွဲ့များ အပ်နှင်း ချီးမြှင့်လျက် ရှိသည်။

 

   ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်‌နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သည်။

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်၊ ဖွဲ့စည်းပုံ၊ ဆောင်ပုဒ်၊ ပေးအပ်သည့်ဘွဲ့များ၊ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မှု အခြေအနေ၊ ဘွဲ့ရကျောင်းသားဦးရေ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် သုတေသနဆောင်ရွက်မှုများကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဖတ်ရှု လေ့လာနိုင်သည်။

> https://t.ly/7E1i0 

 

သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်း

> https://t.ly/B579E

Latest Post Government School Read 718 times