Sales Hotline : 09448001653       Download App



ကလေးများကို ပုံပြင်ပြောပြီး ဘယ်လိုထိန်းကြမလဲ နည်းလမ်းများညွှန်ပြပေးမည့် ဆွေးနွေးပွဲ

 

 

Saya-ဆာယာ Foundation မှဦးစီး၍ ကလေးများအတွက် စိတ်ဝင်စားဖွယ် အကျိုးရှိရှိ ပုံပြင်ပြောပြနည်း အကြောင်းကို Story for Literacy and Numeracy Development Webinar ခေါင်းစဥ်ဖြင့် ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပုံပြင်ပြောပြတာ၊ ပုံပြင်စာအုပ်လေးတွေဖတ်ပြတာဟာ ကလေးတွေအတွက် ပျော်ရွှင်စေတယ် ၊ တက်ကြွ လန်းဆန်းစေတယ်လို့ အားလုံးသိရှိနားလည် လက်ခံထားကြပါတယ်။ ကလေးတွေစိတ်ဝင်စားတဲ့ ပုံပြင်တွေ ထဲမှာ သင်ယူလို့ရမယ့် အရာတွေအများကြီးရှိမယ်ဆိုရင် ထိုသင်ယူစရာတွေကို ကလေးတွေဆီသို့ ရောက်အောင် လက်ဆင့်ကမ်းပေးဖို့ လိုမယ်လို့ ဆာယာကဆိုထားပါတယ်။

 

ဒီဆွေးနွေးပွဲမှာဆိုရင် စိတ်ဝင်စားဖွယ်ပုံပြင်ပြောနည်းတွေမှတစ်ဆင့် ပုံပြင်ထဲမှ သင်ယူစရာများကို ကလေး တွေဆီရောက်အောင်ပို့ဆောင်နိုင်ဖို့ ထိရောက်သောနည်းလမ်းများ၊ သင့်တော်သော ပုံပြင်စာအုပ်များနှင့် ကလေးများရဲ့ သင်ကြားသင်ယူမှုအပေါ်မည်သို့မည်ပုံ အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတဲ့ စတဲ့ အချက်များကို အဆိုပါ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။

Advertisement 

Click Here > Pladco Ltd.

ပွဲအစီအစဥ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်မှာဖော်ပြထားပါတယ်_

 

ပါဝင်ဆွေးနွေးသွားကြမည့် ဆရာ/ဆရာမများ - ဦးစိုးဝေဟန်၊ ဆရာမချောစုနိုင်

 

Topic - The Benefits of Storytelling in Children's Real Life

Facilitator - U Soe Wai Han

Date - 29th April 2023 (Saturday)

Time - 3:30PM to 5:00PM

 

အဆိုပါ ခေါင်းစဥ်အောက်မှာဆိုရင် ကလေးများကို ပုံပြင်ပြောပြ၊ ဖတ်ပြတဲ့အခါ ကြုံရာစာအုပ်၊ တွေ့ကရာ စာအုပ်ဖတ်ပြတာထက် ၄င်းတို့အသက်အရွယ်အလိုက် သင့်တော်တဲ့ ပုံပြင်လေးတွေကို သေချာရွေးချယ်ပြီး စနစ်တကျပြောပြဖတ်ပြမယ်ဆိုရင် မည်သို့မည်ပုံအကျိုးရှိနိုင်ကြောင်း၊ ကလေးတွေရဲ့  သင်ကြားသင်ယူမှုအပေါ်  ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်ကြောင်းစတဲ့အချက်တွေကို ပါဝင်ဆွေးနွေးသွားမှာပဲဖြစ် ပါတယ်။

 

Topic - Lessons from Stories and The Ways for Them

Facilitator - Sayarma Chaw Su Naing

Date - 30th April 2023 (Sunday)

Time - 3:30PM to 5:00PM

 

ကလေးတွေအတွက် သင့်တော်မည့် ပုံပြင်စာအုပ်များနှင့် စိတ်ဝင်စားဖွယ်ပုံပြင်ပြောနည်းများကို အဓိကမျှဝေပေးသွားမှာပါ။

 

ဆွေးနွေးပွဲမှာ အခမဲ့တက်ရောက်နိုင်ပြီး စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်_

 

ဖောင်လင့်ခ် - https://forms.gle/K4R8t3zueu73JW5p7


အသေးစိတ်အချက်အလက်များကိုတော့ Saya Foundation ရဲ့ မူရင်းပို့စ်ဖြစ်တဲ့ https://bit.ly/446de3u ဖော်ပြပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Source Form Saya Foundation

Latest Post Kindergarten Pre-school Local News Primary Read 656 times