Sales Hotline : 09448001653       Download App



အကောင်းဆုံးနှင့် အသက်သာဆုံးသော ထိုင်ဝမ်ပညာရေးနှင့်အတူ လူငယ်များ၏ အနာဂတ်ကို ပုံဖော်လိုက်ပါ

မိဘများအနေနဲ့ သားသမီးများရဲ့ အနာဂတ်ပညာရေးကို ထူးထူးချွန်ချွန် ဖြစ်စေချင်တယ်၊ နိုင်ငံရပ်ခြားမှာလည်း ကျောင်းထားပေးချင်တယ်၊ ကျောင်းပြီးသွားရင်လည်း ရာထူးမြင့် လစာကောင်းတဲ့ အလုပ်အကိုင်တွေကိုပဲ ရရှိစေချင်တယ်၊ ဒါတွေအားလုံးအတွက် ကျောင်းစရိတ်ကလည်း သင့်တင့်ရမယ် ဆိုရင်တော့ သေချာပေါက် အခုပြောပြပေးမယ့် ထိုင်ဝမ်ပညာရေးလမ်းကြောင်းကို လေ့လာဖို့ လိုအပ်နေပါပြီ။

 

ထိုင်ဝမ်ဟာ လက်ရှိပညာရေးစနစ်မှာ မိဘတိုင်းအနေနဲ့ ထည့်သွင်း စဥ်းစားရမယ့် နေရာတစ်နေရာအဖြစ် ပါဝင်လာခဲ့ပါပြီ။ တစ်နည်းအားဖြင့် ခေတ်မီတဲ့ လူနေမှု အဆင့်အတန်းနဲ့ အရည်အသွေးမြင့် ပညာရေးကို သင့်တင့်တဲ့ နှုန်းထားနဲ့ ရရှိနိုင်တဲ့ နေရာကို ပြပါဆိုရင် ထိုင်ဝမ်ကို ထည့်သွင်း ဖော်ပြရပါလိမ့်မယ်။ ဒါ့အပြင် QS အဆင့်မြင့်ပညာရေးစနစ် ခိုင်မာမှုမှာလည်း အဆင့် ၁၉ ရရှိထားပါတယ်။

 

လက်ရှိအခြေအနေမှာဆိုရင် ပြည်တွင်း/ပြည်ပမှာရှိတဲ့ တရုတ်လူမျိုးများသာမက မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူတွေအတွက်လည်း အကောင်းဆုံးဆိုတဲ့ ပညာရေးလမ်းကြောင်းကို ရယူပြီး ပြည်တွင်း/ပြည်ပမှာ လစာမြင့် အလုပ်အကိုင် ရာထူးကောင်းတွေကို ရယူ ရွေးချယ်နိုင်ဖို့အတွက် ထိုင်ဝမ်ပညာရေးလမ်းကြောင်းက ရွေးချယ်ဖို့ အသင့်တော်ဆုံးထဲက တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါပြီ။

 

Advertisement 

Click Here > AMI Education Centre

ထိုင်ဝမ်ဟာ ၂၀၁၄ ခုနှစ် စာသင်နှစ်က စတင်ပြီး ၁၂ နှစ် မသင်မနေရ ပညာရေးစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ လက်ရှိအနေဖြင့် ထိုင်ဝမ်မှာ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပေါင်း ၁၄၄ ခု ရှိနေပြီး ထိုင်ဝမ်က တက္ကသိုလ်များအားလုံးက နိုင်ငံတကာမှာရှိတဲ့ ကျောင်းသားများအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ အစီအစဥ် အမျိုးမျိုးကို လေ့လာဖို့အတွက် အခွင့်အရေးတွေလည်း အများကြီး ပေးထားပါတယ်။

 

နိုင်ငံတကာ ကျောင်းသားများအတွက်လည်း တိုင်းပြည်ရဲ့ အရင်းအမြစ်ကြွယ်ဝတဲ့ ယဥ်ကျေးမှု၊ ပတ်ဝန်းကျင်အနေအထား၊ အလုပ်အကိုင် အလားအလာကောင်းများကြောင့် ပညာသင်ကြားဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံလို့ ဆိုနိုင်ပါတယ်။ အနောက်နိုင်ငံများနဲ့ နှိုင်းယှဥ်ရင်လည်း ပညာရေးအရာမှာ မနိမ့်ပဲ သင့်တင့် လျောက်ပတ်တဲ့ လူနေမှုစရိတ်နဲ့  သက်သာတဲ့ ကျောင်းစရိတ် နှုန်းထားဖြင့် ကျောင်းတက်ရောက်နိုင်ပါတယ်။

 

ထိုင်ဝမ်အစိုးရအနေဖြင့် အခုဆိုရင် ထိုင်ဝမ်မှာ ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဘာသာရပ်များစွာအတွက် ပညာဆက်လက်သင်ယူရန် အခြားနိုင်ငံက ထူးချွန်ထက်မြက်တဲ့ နိုင်ငံတကာကျောင်းသားများကို ပညာတော်သင်ဆုများ များစွာ ပေးအပ်နေပြီပဲ ဖြစ်ပါတယ်။ ပညာတော်သင်ဆုများအပြင် စိတ်ဝင်စားဖို့ကောင်းတာက ထိုင်ဝမ်မှာ အတွေ့အကြုံကောင်းတွေ ရရှိနိုင်မယ့် အလုပ်သင် အခွင့်အရေးများကိုပါ ပေးအပ်နေတာပါ။

 

ထိုင်ဝမ်က တက္ကသိုလ်တွေက နိုင်ငံတကာက အသိအမှတ်ပြုပြီးသား ဖြစ်တဲ့အတွက် ထိုင်ဝမ်မှာ ကျောင်းတက်ဘွဲ့ယူပြီး တစ်ခြားနိုင်ငံမှာ အခြေချမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

 

ထိုင်ဝမ်မှာ ဘာကြောင့် ပညာသင်ယူသင့်လဲ_

 

-       ထိုင်ဝမ်တွင် အကောင်းဆုံးသော စက်မှုလုပ်ငန်းများ ရှိခြင်း

-       ခိုင်မာသော ကုန်ထုတ်လုပ်မှု အခြေခံနှင့် ဂန္တဝင်ပညာရေးစနစ် ရှိခြင်း

-      ထိုင်ဝမ်ရှိ အကောင်းဆုံး တက္ကသိုလ်များမှ နိုင်ငံတကာ ကျောင်းသားများအတွက်  အခွင့်အလမ်းကောင်းများ ပေးအပ်ခြင်း

-     ပတ်ဝန်းကျင် ယဥ်ကျေးမှုနှင့်အနာဂတ်အလုပ်အကိုင် အလားအလာကောင်းမွန်ခြင်း

-      ခေတ်မှီလူနေမှု အဆင့်အတန်းကို ရရှိနိုင်ခြင်း

-       ကျောင်းစရိတ် သင့်တင့် မျှတခြင်း

-       သင့်တင့် လျောက်ပတ်သော ကုန်ကျစရိတ်ဖြင့် အဆင့်မြင့်တက္ကသိုလ်များတွင်     ပညာသင်ကြားနိုင်ခြင်း

-       တရားဝင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခွင့်များ ရရှိနိုင်ခြင်း

-       အစိုးရကျောင်းများ တက်ရောက်ရာတွင် Accommodation ပေးထားခြင်း

 

စတဲ့ အားသာချက်တွေကြောင့်လည်း အခုဆိုရင် မြန်မာနိုင်ငံက လူငယ်တော်တော်များများဟာ ထိုင်ဝမ်မှာ ပညာသင်ယူဖို့ကို ရွေးချယ်လာကြပါပြီ။  နိုင်ငံတကာမှ ကျောင်းသားများအနေနဲ့လည်း ထိုင်ဝမ်တက္ကသိုလ်တွေကို ကျောင်းလျှောက်ထားမှုနှုန်းက နှစ်စဥ်နှင့်အမျှ တိုးတက်လာခဲ့ပါတယ်။

Advertisement 

Click Here > AMI Taiwan Educational Services

 

ဒါဆို မြန်မာနိုင်ငံက လူငယ်များအနေနဲ့ရော မိဘများပါ ထိုင်ဝမ်ပညာရေးကို စိတ်ဝင်စားတယ်၊ ရွေးချယ်ချင်တယ်ဆိုရင် ဘယ်ကနေ စရမလဲ၊ ဘယ်ကို ဆက်သွယ်စုံစမ်းရမလဲ၊ ကျောင်းတွေ၊ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ပညာရေးလမ်းညွှန် ဆွေးနွေးမှုတွေ ဘယ်လိုရယူမလဲ၊ ဒါတွေအားလုံးအတွက် တစ်ခုတည်းသော အဖြေကတော့ AMI Education Centre ပါ။

 

AMI Education Centre က ဝန်ဆောင်မှုပေးနေတဲ့ Taiwan Education Service များနဲ့ ပတ်သက်ပြီး ရယူချင်တာပဲဖြစ်ဖြစ်၊ အသေးစိတ်မေးမြန်းချင်တာပဲဖြစ်ဖြစ် အောက်မှာဖော်ပြထားတဲ့ AMI Education Centre ရဲ့ Facebook Page Messenger (or) Chat Box နဲ့ ဖုန်းနံပါတ်တွေအပြင် လူကိုယ်တိုင်လည်း လာရောက် စုံစမ်း မေးမြန်းလို့ ရပါတယ်။

AMI Education Centre Facebook Page 

> https://www.facebook.com/amiecmm

ဆက်သွယ်ရန်ဖုန်းနံပါတ်  

09768839787 ၊ 09768838121၊ 09768838252

 

Latest Post Pre-school Primary Secondary University / College Read 1609 times