စိုက်ပျိုးရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာခေါင်းဆောင်သင်တန်းအခမဲ့လျှောက်ထားနိုင်

 

 

လူငယ်များအတွက် အခမဲ့စိုက်ပျိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ လူငယ်ခေါင်းဆောင်သင်တန်းဖြစ်သော Motivated Young Leader For Economic and Agriculture Development (MY LEAD Program Batch-6) သင်တန်းကို NEED Myanmar မှဦးစီး၍ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရှိရသည်။

 

အဆိုပါသင်တန်းမှာ သင်တန်းကာလ ၂၀၂၃ ဇန်နဝါရီလ မှ မတ်လအထိ (၃) လတာကြာမြင့်မည်ဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံသော မြန်မာ့စီးပွားရေကဏ္ဍ,ဇီဝမျိုးစုံ ကြွယ်ဝသော သဘာဝပတ်ဝန်းကျင် တိုးတက်ပြောင်းလဲလာနိုင်ရေး ဦးဆောင်ဦးရွက် ပြုနိုင်မည့် လူငယ်မျိုးဆက်သစ်များအား သင်ကြားလေ့ကျင့်မွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

 

လေ့လာသင်ယူရမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • Myanmar Agribusiness and Economic

  • Legal System of Agriculture sector in Myanmar

  • Sustainable Organic Agriculture for Rural Development & Permaculture Design

  • Community Development

  • Environmental Studies

 

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါအရည်အချင်းများဖြင့်ပြည့်စုံရမည်_

 

  • အသက် ၁၈ နှင့် ၂၈ နှစ် ကြား ဖြစ်ရမည်။

  • အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ(သို့)အနည်းဆုံး အခြေခံပညာအထက်တန်းတက်ရောက်ဖူးသူ ဖြစ်ရပါမည်။

  • လူမျိုး၊ ဘာသာ၊လိင်ကွဲပြားမှု များအား လေးစားသူဖြစ်ရမည်။

  • ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း နှင့် လူမှုရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဖူးသူဖြစ်ရမည်။

  • မိမိကိုယ်ကို ထိန်းကျောင်းနိုင်သောသူဖြစ်ရမည်။

  • ကျန်းမာရေးကောင်းမွန် ပြီး၊ သင်တန်းပြီးဆုံးသည့်အထိတက်ရောက်နိုင်သောသူဖြစ်ရပါမည်။

  • မိမိဒေသ၌ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်တွင်တက်ကြွစွာလုပ်ဆောင်ရန်စိတ်အား ထက်သန်သူ ဖြစ်ရမည်။

  • Computer ၊ English Language အခြေခံ ရှိသောသူ၊ ဒေသခံအဖွဲ့အစည်းတစ်ခုခုအား ကိုယ်စားပြုသူ များအား ဦးစားပေးရွေးချယ်ပါမည်။

 

သင်တန်းအား NEED - Myanmar အဖွဲ့နှင့်အတူ ဆယ်နှစ်တာလက်တွဲဖြတ်သန်းခဲ့ကြသော အတွေအကြုံရင့်ဝန်ထမ်းများပံ့ပိုးကူညီမှုဖြင့်သက်ဆိုင်ရာဘာသာရပ်များအလိုက်လုပ်ငန်းအတွေ့ကြုံရှိသော ဒေသခံမြန်မာ သင်တန်း ဆရာများနှင့် နိင်ငံ တကာမှသင်တန်းဆရာများဖြင့် သင်ကြား လေ့ကျင့်ပေး မည်ဖြစ်ပါသည်။

 

သင်တန်းမှာ အခမဲ့တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းသားများအတွက် လိုအပ်သော စာရွက်၊ ဘောပင်စသော စာသင်ခန်းသုံးပစ္စည်းများအား ကျောင်းမှ အခမဲ့ပေးဝေသွားမည်ဖြစ်သည်။ ကျောင်းသားများသည် မိမိတို့နေရပ်မှနေ၍ သင်တန်းကျောင်းတည်နေရာဖြစ်သော Eco-Village Farm School, ညောင်ပင်သာယာကျေးရွာ ၊ မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်း သို့ မိမိအစီအစဥ်ကိုယ်ပိုင်စရိတ်ဖြင့်လာရောက်ကြရမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်အောင်မြင်ပြီးဆုံးပါက ကျောင်းမှ မိမိတို့၏နေရပ်သို့ အပြန်ခရီးစရိတ်အား ကျောင်းမှကျခံပေး မည်ဖြစ်ပါသည်။ (** လေယာဉ်ခရီး စရိတ်အား ကျခံမည်မဟုတ်ပါ) 

 

မှတ်ချက်၊၊ ။ အကယ်၍ ခရီးစရိတ်အတွက် အခက်အခဲ တစုံတခု ရှိပါက ကျောင်းမှ တာ၀န်ရှိသော သူများထံကြိုတင် အကြောင်းကြားနိုင်ပါသည်။ 

 

သင်တန်းသားများ၏ ရေချိုးခန်းသုံးပစ္စည်းများဖြစ်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး စသည်တို့အတွက် ရည်ရွယ်၍ လစဥ်ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်သည်။ နေရာထိုင်ခင်းအတွက် သင်တန်းကာလအတွင်း သင်တန်းကျောင်းဝင်း၌အမျိုးသား/ အမျိုးသမီး လူနေဆောင်သီးသန့်ဖြင့် နေထိုင် စေမည်ဖြစ်ပါသည်။ ကျောင်းသား/သူများ သည် သဘာဝနှင့် လိုက်လျော ညီထွေမှုရှိသော အဆောက်အအုံများ ( Eco home) များ၌ နေထိုင်ကြရမည်ဖြစ်သည်။

 

အစားအသောက်အတွက် ကျောင်းမှ အခမဲ့ကျွေးမွေးမည်ဖြစ်သည်။ ကိုယ်ပိုင်စိုက်ခင်းမှ ထွက်ရှိသော ဓာတုလွတ်အသီးအနှံများနှင့် လတ်ဆတ်သော အသား၊ငါးများ၊ စိတ်ချလုံခြုံမှုရှိသော အစားအစာများကိုသာကျွေးမွေးမည်ဖြစ်ပါသည်။ ကျောင်းသား/သူများသည် Eco Village Farm တည်ရှိရာ သဘာဝစိုက်ခင်း၌ ဝန်ထမ်းများ၏ကူညီမှုဖြင့် မိမိတို့၏အစားအစာ အတွက် ကိုယ်တိုင်စိုက်ပျိုးကြ ရပါမည်။

 

ကျောင်းသား/သူများအနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် မိမိတို့၏ နေရပ်၌သော်လည်းကောင်း၊ မိမိတို့၏ အဖွဲ့အစည်းတွင်သော်လည်းကောင်း၊ လူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို အနည်းဆုံး တစ်နှစ် လုပ်ဆောင်ကြရမည်ဖြစ်သည်။

 

NEED-Myanmar မှ ကျောင်းသားဟောင်းများအား ပေးအပ်သော Social Enterprise Grant (SEG) အားလည်း လျှောက်ထားနိုင်ပါသည်။ 

 

သင်တန်းအားစိတ်ပါဝင်စားသူများအနေဖြင့်လျှောက်လွှာကို

[email protected] သို့ ပေးပို့တောင်းယူ၍လည်းကောင်း၊ Need Myanmar Post ၏ Comment တွင် Email ချန်ထား၍လည်းကောင်း၊ Need Myanmar Facebook Page ၏ Chat Box တွင်လည်းကောင်း တောင်းခံရယူနိုင်ပါသည်။ အောက်ဖော်ပြပါ လင့်ခ်မှလည်း ဒေါင်းလုပ်ရယူနိုင်ပါသည်။

 

https://need-myanmar.org/en/2023-my-lead-program-application

 

လျှောက်လွှာအား [email protected] (သို့) Email ဖြင့် ပေးပို့ရပါမည်။ Email အခက်အခဲရှိသော လျှောက်လွှာရှင်များအနေဖြင့် NEED Myanmar Facebook Page၏ Chat Box မှ တဆင့် ပေးပို့နိုင်ပါသည်။ လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ 

 

MY LEAD Program နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက  [email protected] (သို့)  09406055637, 09454725003 သို့ ရုံးချိန် အတွင်း တိုက်ရိုက်ဆက်သွယ် မေးမြန်း နိုင်ကြောင်းသိရှိရသည်။ 

 

 

NEED Myanmar Facebook Page > 

https://www.facebook.com/needmyanmar?mibextid=LQQJ4d

 

Post Link > https://bit.ly/3XnVfSH

 

Source from >NEED Myanmar Facebook Page မှကူးယူဖော်ပြပါသည်။

 

Vocational Latest Post Local News Read 550 times