မကွေးတက္ကသိုလ်မှ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းဖွင့်လှစ်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနလက်အောက်ရှိမကွေးတက္ကသိုလ်၌စီးပွားရေးဥပဒေဒီပလိုမာသင်တန်း (Diploma in Business Law (DBL)) အမှတ်စဥ် (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ (၉) လကြာမြင့်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ ပထမနှစ်ဝက်အဖြစ် သတ်မှတ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ဒုတိယနှစ်ဝက်အဖြစ်သတ်မှတ်ထားသည်။ 

 

သင်တန်းလျှောက်ထားမှုအတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  • တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန/အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့် ခွင့်ပြုချက်၊ အထောက်အထား တင်ပြရမည်။

  • သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ဝင်ခွင့် အရည်အချင်းစစ် ရေး/ဖြေ စာမေးပွဲပြုလုပ်မည်ဖြစ်သည်။

 

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်_


 

သင်တန်းချိန်                                    - တနင်္လာနေ့မှသောကြာနေ့ (နံနက် ၇နာရီမှ ၉နာရီ)

 

လျှောက်လွှာစတင်ရောင်းချမည့်ရက်   - ၁၁-၁၁-၂၀၂၂ ရက်

 

လျှောက်လွှာစတင်ရောင်းချမည့်နေရာ - ဥပဒေပညာဌန၊ မကွေးတက္ကသိုလ်

 

လျှောက်လွှာပိတ်ရက်                       - ၂၅-၁၁-၂၀၂၂ ရက်

 

ဝင်ခွင့်ဖြေဆိုရမည့်ရက်                     - ၂၉-၁၁-၂၀၂၂ ရက်

 

ဝင်ခွင့်ဖြေဆိုရမည့်အချိန်                   - နံနက် (၉နာရီမှ၁၀နာရီ)

 

ဝင်ခွင့်ဖြေဆိုရမည့်နေရာ                   - ဥပဒေပညာဌန၊ မကွေးတက္ကသိုလ်။

 

ဝင်ခွင့်ရရှိသူများစာရင်း                     - ၆-၁၂-၂၀၂၂ ရက်

ကြေညာမည့်ရက်

 

သင်တန်းစဖွင့်မည့်ရက်                     - ၁၂-၁၂-၂၀၂၂ ရက် 

 

အသေးစိတ်သိရှိလိုပါက ဥပဒေပညာဌန၊ မကွေးတက္ကသိုလ် (ဖုန်း - ၀၉-၄၀၂၆၆၂၀၀၈) သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Latest Post Local News University / College Read 1116 times