လူငယ်များအတွက် (၃) လတာ အသက်မွေးဝမ်းကြောင်း အခမဲ့သင်တန်း (၄) မျိုး

 

 

Dual Tech Institute of Vocational Education မှ ဦးစီးဖွင့်လှစ်သင်ကြားပေးမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်း (၄) မျိုးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၌ စတင်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါသင်တန်းကို အမျိုးသား/အမျိုးသမီး အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်း အခြေခံပညာအနိမ့်ဆုံး အလယ်တန်းမှ စပြီး လျှောက်ထားနိုင်သည်။ မိမိတက်ရောက်မည့် အသက်မွေးဝမ်းကြောင်း ပညာရပ်ကို အမှန်တကယ် စိတ်ပါဝင်စားသူဖြစ်ပြီး သင်တန်းပြီးဆုံးပါက ထိုပညာဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်မည့်သူများကို အထူးဦးစားပေး ရွေးချယ်သွားမည်ဖြစ်သည်။ 

 

အခမဲ့တက်ရောက်နိုင်မည့် သင်တန်း (၄) မျိုးမှာ 

 

  • ဆောက်လုပ်ရေး - အုတ်ရိုး၊ အုတ်စီ (Mason)

  • ပိုက်ပြင်၊ ပိုက်ဆက် (Plumber)

  • အိမ်တွင်းလျှပ်စစ်ဝါယာရိန်း   (House Wirer)

  • အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း (Air Con Installer)

တို့ဖြစ်ကြသည်။

 

စာတွေ့၂၀%၊လက်တွေ့ ၈၀% ဖြင့်လုပ်ငန်းခွင်ဝင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီးအာရှတိုက်အဆင့်သင်ရိုးညွှန်းတမ်းအသစ်ဖြင့်ရိုးရှင်းလွယ်ကူစွာလေ့ကျင့်သင်ကြားခွင့်ရရှိမည်ဖြစ်သည်။

 

နည်းပညာတက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိအလုပ်အကိုင်မရှိသောအမျိုးသမီးများ လည်းလျှောက်ထားနိုင်ပြီး ဆက်စပ်ပစ္စည်းအရောင်းဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်လိုသော အမျိုးသမီးများလည်း လျှောက်ထားနိုင်သည်။ထို့အပြင် အတက်ပညာဖြင့် မိသားစုဘဝတည်ဆောက်လိုသူများ၊ နိုင်ငံရပ်ခြားသို့ အတက်ပညာဖြင့် အလုပ်သွားရောက်လုပ်ကိုင်လိုသူများ၊ ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသူများ အထူးလျှောက်ထားနိုင်သည်။ 

 

သင်တန်းပြီးဆုံးအောင်တက်ပြီး စာတွေ့၊ လက်တွေ့  အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်ရရှိမည်ဖြစ်ပြီး လက်တွေ့လုပ်ငန်းခွင် OJT (On Job Training)စီစဥ်ပေးမည်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်ပါချိတ်ဆက်ပေးမည်ဖြစ်သည်။ 

 

သင်တန်းအချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

 

သင်တန်းရက်  - တနင်္လာ မှ သောကြာ

သင်တန်းချိန်   - နံနက် (၉)နာရီမှ ညနေ (၄)နာရီ

သင်တန်းကာလ - ၃လ (၃၆၀နာရီ)   

စမည့်ရက် - ၁၇.၁၀.၂၀၂၂

လက်ခံမည့်ဉီးရေ - တစ်ဘာသာလျှင် (၂၀) ဦး

လျှောက်လွှာပိတ်မည့်ရက် - 2.10.22 အထိ

 

လျှောက်လွှာများအား သင်တန်းလိပ်စာအတိုင်း လူကိုယ်တိုင် နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀နာရီ အတွင်းလာရောက်လျှောက်ထားနိုင်သည်။ နယ်မှကျောင်းသားများ အောက်ပါ Link မှတဆင့်၀င်ရောက် လျှောက်ထားနိုင်မည်ဖြစ်သည်။

 

> https://forms.gle/SvznHepWCsagDgqM9

 

အသေးစိတ်သိရှိလိုသည်များကို Dual Tech Institute of Vocational Education ၏ ဖော်ပြပါကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 


ကျောင်းလိပ်စာ - Dual Tech (ရန်ကင်း)

                       အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်)

                       ၊ရန်ကင်းမြို့နယ်၊ရန်ကုန်။ 

                       Dual Tech (မြောက်ဒဂုံ)

                       အမှတ်၂၄ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃)ရပ်ကွက်၊

                       မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ်      - 09 420 313 719 , 09-730 20 803

Website       - www.dualtechmyanmar.com

 

Credited to Dual Tech Institute of Vocational Education Facebook Page

 

 

Vocational Local News Read 1366 times