ငွေမကုန်ဘဲ အခမဲ့ လေ့လာလို့ရတဲ့ IELTS Course (၆၀) စုစည်းမှု

 

IELTS ကို Self-study လုပ်မယ့်သူတွေအတွက် နာမည်ကြီးတက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေကနေ အခမဲ့ သင်တန်းပို့ချထားတဲ့ အွန်လိုင်းသင်ခန်းစာတွေကို တစ်နေရာတည်းရှာလို့ရအောင် စုစည်းဖော်ပြပေးထားပါတယ်။

 

IELTS ဆိုတာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ ပညာတော်သင်ဆု လျှောက်ချင်ရင်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာသင်ကြားရေးဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းပြုချင်တာဖြစ်ဖြစ် မရှိမဖြစ် လိုအပ်တဲ့ Skill တစ်ခုပါ။ 

 

ဒါကြောင့် IELTS ဖြေဖို့ပြင်ဆင်နေသူတွေအတွက် အသုံးဝင်မယ့် အခမဲ့ အွန်လိုင်းသင်ခန်းစာ (၆၀) ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အလုပ်တစ်ဖက်နဲ့ မအားဘူးဆိုရင်တောင် အနားယူတဲ့ ညပိုင်းအချိန်လေးပေးပြီး ငွေကုန်ကြေးကျမရှိဘဲ သာသာယာယာ လေ့လာလို့ရမှာဖြစ်ပါတယ်။ 

 

သင်တန်းတွေမှာ IELTS လေ့လာမှုရဲ့ ပင်မအစိတ်အပိုင်းကြီးလေးခုဖြစ်တဲ့ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည်တို့ကို လေ့ကျင့်ဖို့အတွက် အတွေ့အကြုံရှိ လတ်မှတ်ရဆရာ/ဆရာမများက ကူညီပံ့ပိုးပေးမှာပါ။ ဒါ့အပြင် IELTS စာမေးပွဲဆိုင်ရာ နည်းဗျူဟာတွေကိုလည်း သင်ယူရမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ သေချာအာရုံစိုက်ပြီး ကြိုးစားမယ်ဆိုရင် IELTS စာမေးပွဲမှာ သေချာပေါက် အမှတ်ကောင်းရဖို့ အလားအလာတွေ ရရှိနိုင်ပါလိမ့်မယ်။

 

udemy မှာ လေ့လာလို့ရမယ့် IELTS သင်ခန်းစာ (၂၂) ခု

>> https://www.udemy.com/topic/ielts/free

 

class central မှာ ဖော်ပြထားတဲ့ IELTS သင်ခန်းစာ (၃၈) ခု 

>> https://www.classcentral.com/subject/ielts?free

 

သင်တန်းတက်ဖို့ စိတ်ဝင်စားရင်တော့ လင်ခ့်ကနေဆင့် နှစ်သက်ရာ သင်ခန်းစာတွေကို ရွေးချယ် စာရင်းသွင်းပြီးရင် စတင်လေ့လာလို့ရပါပြီ။

 

အွန်လိုင်းသင်ခန်းစာတွေဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး လေ့လာလို့ရတာကတော့ အားသာချက်ဖြစ်ပြီး အားနည်းချက်ကတော့ အခမဲ့ သင်ခန်းစာတွေဖြစ်တာကြောင့် Certificate ကို Free ထုတ်ယူလို့တော့ မရပါဘူး။ 

 

Latest Post Vocational Read 173 times