Sales Hotline : 09448001653       Download App



ဗီယက်နမ် မှ တိုင်းတစ်ပါးသားဆရာများရဲ့ မှောင်မိုက်နေ့ရက်များ

ကိုဗစ်ဖြစ်တဲ့ အချိန်မှာ တိုင်းတစ်ပါးမှ အာရှနိုင်ငံ အသီးသီးမှာစာလာသင်တဲ့ ဆရာများထံ ကံဆိုးမိုးမှောင် ကျလာပြီး ဒုက္ခတွေပင်လယ်ဝေကာ ကျောင်းတွေပိတ်လိုက်ရတာမို့ အလုပ်မဲ့တွေဖြစ်သွားကြပြီး ဝမ်းရေး အတွက်  အလှူခံနေရတယ်သိရပါတယ်။

 

"ကျွန်တော် အလုပ်လက်မဲ့ တစ်ဦးပါ , အစားအစာဝယ်ဖို့ ပိုက်ဆံလှူပေးပါ , ကျေးဇူးတင်ပါတယ် " ဆိုတဲ့ စကားစုလေးတွေရေးပြီး ဆိုင်ဂုံလမ်းရဲ့ နံရံတွေမှာ ပြီးခဲ့တဲ့ အပတ်က  ဗြိတိန်လူမျိုးအမျိုးသားကြီးတစ်ဦး စာရွက်လေးတွေလိုက်ကပ်ကာ လှူမဲ့သူကို စောင့်နေတယ်လို့ သိရပါတယ်။

 

၎င်းတိုင်းတစ်ပါးသားကျောင်းဆရာ အမျိုးသားကြီးရဲ့ အမည်ဟာ ဂျွန်ဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်ကာ သူဟာ ကျောင်းများမှာ အင်္ဂလိပ်စာ သင်ကြားပြသရုံကလွဲ ဘာမှထွေထွေထူးထူး မလုပ်ကိုင်တတ်သူတစ်ဦးလို့သိရပါတယ်။

 

အခုလို ဒုက္ခ ကြုံတွေ့နေတာ သူ့တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ အခုချိန်မှာ သူ့လို တိုင်းတစ်ပါးမှ ဆရာတိုင်းက အခုလို ခံစားနေရတာမို့ နာရီနဲ့ စာသင်စားတဲ့ ဆရာတွေဟာလည်း အခုဆို ခိုကိုးရာမဲ့ ဘဝရောက်နေပြီ သိရပါတယ်။

 

Thomas Evans ဆိုတဲ့ တိုင်းတစ်ပါး ဆရာ တစ်ယောက်ပြောကြားချက်ကတော့ 
" အခုအချိန်တွေဟာ လူတိုင်းအတွက် ဘဝမှာ အခက်ခဲဆုံးအချိန်ပဲ ဆိုကာပြောကြားခဲ့ပါတယ် "

 

သူဟာလည်းပဲ ဗြိတိန်လူမျိုးဖြစ်ပြီး သူဟာ အရှေ့တောင်အာရှအတွင်း လှည့်လည်သွားလာနေတာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ တရုပ်နှစ်သစ်ကူးမတိုင်ခင် ( ဇန်နဝါရီလ ) ထဲက ကြိုရောက်နေနှင့်တာပါ သူရဲ့ ဖေဖော်ဝါရီလ မှာဖွင့်မဲ့ အတန်းခွဲအသစ်အတွက်ပေါ့ ။သူ့အနေနဲ့ အင်္ဂလိပ်စာ သင်တန်းမှာ စာသင်ရင် တစ်လ ကို ငွေ အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်ရခဲ့တယ်။ အခု မရတော့တဲ့ အချိန်မှာ အတော်လေး အခက်အခဲ ကြုံနေရတယ်သိရပါတယ်။

 

Thomas ဖြည့်စွက်ပြောပြချက်ကတော့ '' ပြီးခဲ့တဲ့ မတ်လ ထဲက ကျွန်တော် စုထားတဲ့ ပိုက်ဆံ လေးတွေကို ကျွန်တော် အကုန် သုံးလိုက်ပြီးပြီ ဒါ့ကြောင့် ကျွန်တော် အိမ်ငှားနေထားတဲ့ အိမ်ရှင်ကိုလည်း ဧပြီလမှ ပြန်ပြီး အိမ်ငှားခ ပြန်ပေးနိုင်မယ်လို့ ပြောထားရတယ် ။ ပြီးတော့ အဲ့ကတည်းက အစားစရိတ် လျှော့ာ့ရတာပေါ့ '' ဆိုကာ ပြောကြားခဲ့ပါတယ် ။ သည့်အပြင် ကိုဗစ်ဖြစ်နေတာမို့ အကြွေးနဲ့ ကျောင်းတက်တဲ့ ကျောင်းလခ တွေလည်း ပြန်မရတော့ပါဘူး ။

 

အခုဆိုရင် ဘာသာစကားသင်တဲ့ ဆရာတွေအများစုဟာ အွန်လိုင်း ကနေ စာသင်ဖို့ ကြိုးစားကြပါတယ် ။သို့ပေမယ့် ကျောင်းသားမိဘတွေအနေနဲ့ က အွန်လိုင်း စာသင်ကြားခြင်းအတွက် ကျောင်းလခ ကို အပြည့် အ၀ မပေးချင်ကြပြန်ပါဘူး။

 

ဟနွိုင်းမြို့မှာရှိတဲ့ အင်္ဂလိပ်စာသင်တဲ့ ဆရာမ ဖြစ်သူ Marie Price ပြောကြားချက်ကတော့ '' ကျွန်မရဲ့ စာသင်စားတဲ့ မိတ်ဆွေတွေတော်တော်များများဟာ အွန်လိုင်းကနေ သင်ကြားရင်း ငွေအမြှောက်အများ ရရှိပါတယ် အခုလိုကိုဗစ်ဖြစ်ချိန်မှာ ငွေရှာနိုင်တဲ့ လမ်းလေးတွေ့တာ အကောင်းထဲက အဆိုးလို့ ပြောရပေမယ် " ဆိုကာပြောကြားသွားပါတယ်။

 

ထို့အပြင် ဟိုချီမင်းမြို့မှာ စာသင်တဲ့ ဗြိတိန်လူမျိုး ဆရာမ တစ်ဦးက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " ကျွန်မ အနေနဲ့ အခုလို ကိုဗစ်ဖြစ်တဲ့ အချိန်မှာ အလုပ်ပိုလုပ်ဖို့ရှာနေပါတယ် ၊ ကျွန်မ  အချက်အပြုတ်ကျွမ်းကျင်ပြီး ၊ ကလေးထိန်း နဲ့ ကျူတာ ပြတာ ကျွမ်းကျင်ပါတယ် '' ရေးသားထားတာတွေ့ရပါတယ်။

 

ငွေကြေး အဆင်မပြေတဲ့ အချိန်မှာ လူတိုင်းဟာ စိတ်ဓာတ် ကျကာ ၊ ချောင်ကပ်ကုန်ကြပါတယ်။

 

အသက် ၃၄ နှစ်အရွယ် Chris Russell ဆိုတဲ့ တိုင်းတစ်ပါးသားကဆရာ ဟနွိုင်းမြို့ရဲ့ ဆေးဆိုင်ကို ဆေးဝယ်ဖို့ လမ်းလျောက်စဉ် မကောင်းဆိုးရွားတစ်ကောင်လို ဝိုင်းကြည့်ကြတယ်ဆိုတာ ပြောပြပြီး ထို့အပြင် ၎င်း ပြောကြားခဲ့တဲ့ ရင်ဖွင့်စကားက "လူတွေက ကျွန်တော့်ကို ဝေးဝေးက ရှောင်သွားကြတယ် ၊ ကျွန်တော့် အနေနဲ့ ဆေးဆိုင်သွားတာကတော့ ကျွန်တော့် ကောင်မလေးအတွက် ဆင်တူ မျက်နှာဖုံးလေးဝယ်ဖို့ သွားတာပါ " ဟု ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

 

Lockdown ကျနေစဉ်အတွင်းမှာ စားသောက်ဆိုင်တွေတိုင်းက ပိတ်ထားကြရပါတယ် ။ သို့ပေမယ့်တိုင်းတပါးသား ဆရာများကို နိုင်ငံခြားသားဖြစ်သည်မို့ ကိုဗစ်သယ်ဆောင်လာမှာကို စိုးကြောက်ကာ ကိုဗစ်မဖြစ်ခင် ဆိုင်တွေဖွင့်စဉ်ကတည်းက ပေးမဝင်ခဲ့ပါဘူး။တကယ်တန်းမှာ ကိုဗစ်ဗီယက်နမ်မှာ စဖြစ်ပြီး လူ ၂၀၀ ကျော်ရှိလာတာက နိုင်ငံခြားက ကိုဗစ်ဖြစ်မှပြန်လာတဲ့ ဗီယက်နမ်များနဲ့ ကိုဗစ်ဖြစ်မှ ဝင်လာတဲ့ နိုင်ငံ ခြားသားများကြောင့် သိရပါတယ်။

 

'' ကျွန်တော် အဲ့အချိန်မှာ အတော်လေး ကြောက်စိတ်ဝင်ခဲ့တယ်။ ဘာလို့ဆို ကျွန်တော်က လူဖြူဖြစ်နေလို့ ကျွန်တော် အပြင်ကို နှစ်ပတ် ၁ ခေါက်လောက်သာ ထွက်တယ်။ လူတွေရဲ့  မလိုလားတဲ့ အကြည့်တွေကြောင့် ပါ " ဆိုကာပြောကြားခဲ့ပါတယ်။

 

ထို့ အပြင် Chris Russell ရဲ့ ချစ်သူ ဆရာမ တစ်ဦးဖြစ်သူ Isabelle Lee ပြောကြားချက်ကတော့ '' ကျွန်မက ခရီး လည့်လည် သွားလာနေသူမဟုတ်ပါဘူး။  ဗီယက်နမ်မှာပဲ နေတာ ၂ နှစ်ရှိပြီ ဘယ်လိလြုပ်ပြီး ရောဂါပိုးရှိမှာလဲ  ၊ ကျွန်မတို့ တိုင်းပြည် ပြန်ရအောင်လဲ ဟိုမှာက ကျန်းမာရေး အရ ကူးစက်မှုများနိုင်ခြေရှိတယ် ၊ ဗီယက်နမ်မှာပဲ ကိုဗစ်ဖြစ်သူ နည်းလို့ ရောဂါဖြစ်ပျံမှုနည်းကာ လှုံခြုံမှု့ရှိနေတယ် '' ဆိုကာပြောကြားခဲ့ပြန်ပါတယ်။

 

တချို့ တိုင်းတပါးသားဆရာတွေဟာ အတော်လေး အထီးကျန် နေကြရပါတယ်။

 

Matt Fenton ဆိုတဲ့ အမေရိကန် လူမျိုးတိုင်းတပါးသား ဆရာဖြစ်သူ ဟာ မိသားစုနဲ့ ဝေးရာမှာ အတော်လေး အထီးကျန်နေတယ်သိရပါတယ်။

 

သူ့ရဲ့ ခံစားချက်ကတော့ '' ကျွန်တော်တို့ မိတ်ဆွေတွေအနေနဲ့ ကော်ဖီဆိုင်တောင် မထိုင်ကြတော့ပါဘူး , ဘယ်မှလဲ မသွားပဲ ချောင်ပိတ်မိနေတယ် " သိရပါတယ်။

 

လူတိုင်းဟာ အခုအချိန်မှာ နေရပ်ကို ပြန်ချင်ကြတဲ့ စိတ်ကူးလေးရှိပါတယ်။

 

Evans ဆိုတဲ့ ဗြိတိန်လူမျိုးတစ်ယောက်ပြောကြားချက်ကတော့ သူ့သူငယ်ချင်းတစ်ယောက် အကယ်၍ နေရပ်ကို မတ်လ ကတည်းက အင်္ဂလန်ကို ပြန်လာပေမဲ့ အလုပ်လက်မဲ့ပါပဲ။

 

Evans ထပ်မံ ပြောကြားချက်ကတော့ " အစကတော့ နေရပ်ကို မတ်လ ထဲ ပြန်တော့ မလို့ပါပဲ သို့ ပေမယ့် ဗြိတိန် သံရုံးကိုဆက်သွယ်တော့ လေယာဉ်လမ်းကြောင်းတွေ ပိတ်သွားပြီလို့ ပြောလာပါတယ် ဒါ့ကြောင့် ကယ်ဆယ်ရေး လေယာဉ်ကို ဆက်လက် စောင့်ရမှာပါ '' ဆိုကာပြောကြားသွားခဲ့ပါတယ်။

 

အခြေအနေအရပ်ရပ်ကို ခြုံငုံကြည့်မယ်ဆိုရင်တော့ တိုင်းတစ်ပါးသားဆရာတွေအနေနဲ့ ပုံမှန်လစဉ်ဝင်ငွေ ဒေါ်လာ ၁၅၀၀ လောက် ရဖို့ မလွယ်ကူပါဘူး ဒါ့ကြောင့် ကိုဗစ်ရှင်းရှင်းလင်းလင်းမပြီးခင်အထိ အကြီးအကျယ် ဒုက္ခ ခံစားနေရအုံးမှာပါ ကိုဗစ်ပြီးပါကလည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုအယက် အလုပ်ရှာရပါလိမ့်မယ်လို့မှတ်ချက်ချ နိုင်ပါတယ်။

 

Ref : VNEXPRESS

Latest Post News Tips Read 4938 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176