၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဩဂုတ်လ ၉ ရက်က ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျ

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဩဂုတ်လ ၉ ရက်က ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ အောင်ချက် ရာခိုင်နှုန်း ၃၂.၈၆ ရှိသည်။ ယခင်နှစ် ၂၀၁၉ တွင် အောင် ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့သဖြင့် ၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးမှာ မန္တလေးတိုင်းဒေသကြီး ဖြစ်ပြီး ၃၇.၅၁ ရာခိုင်နှုန်းး ရှိသည်။ ၂၀၁၅ မှ ၂၀၁၉ အတွင်း သုံးကြိမ်မြောက်အဖြစ် မွန်ပြည် နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ဖြင့် အောင်ချက်အများဆုံးရရှိခဲ့ပြီး ယခုနှစ်တွင် သရဖူကို လက်လွှတ်လိုက်ရသည်။  အောင်ချက်အနည်းဆုံးမှာ ရှမ်းပြည်နယ်(အရှေ့) ဖြစ်ပြီး ၂၀.၈၉  ရာခိုင်နှုန်း ရှိသည်။ 

ဖြေဆိုရန် စာရင်းပေသွင်းသူ အများဆုံးမှာ ၁၃၅၆၈၈ ဦးရှိသည့် ရန်ကုန်တိုင်းဒေသကြီး ဖြစ်သော်လည်း ဖြေဆိုသူ ဦးရေအများဆုံးမှာ ၁၂၇၅၆၀ ဦး ရှိသည့် မန္တလေးတိုင်းဒေသကြီး ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် ဖြေဆိုသူ ၁၂၄၉၄၀ ဦး ရှိသည်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူဦးရေ အများဆုံးမှာ မန္တလေးတိုင်းဒေသကြီး ဖြစ်ပြီး ၄၇၈၄၉ ဦး ရှိသည်၊ သို့ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးသည် ယခုနှစ်တွင် ဖြေဆိုသူ အများဆုံး၊ အောင်မြင်သူဦးရေ အများဆုံးဖြစ်သည့် အပြင် အောင်ချက်ရာခိုင်နှုန်းလည်း အမြင့်မားဆုံး ဖြစ်သည်။

ထို့ပြင်  မန္တလေးတိုင်းဒေသကြီးသည် ၆ ဘာသာ ဂုဏ်ထူးရှင် အများဆုံးထွက်ခဲ့ရာ ၃၄၅ ဦး ရှိသည်။ ဒုတိယနေရာတွင် ရှိသည့် ရန်ကုန်တိုင်းဒေသကြီးတွင်  ၆ ဘာသာ ဂုဏ်ထူးရှင် ၂၃၅ ဦးသာ ရှိပေရာ ကွာဟချက်မှာ ၁၁၀ ဦး ဖြစ်သည်။ ၅ ဘာသာ ဂုဏ်ထူးရှင် ဦးရေတွင်လည်း ၆၅၉ ဦးဖြင့် မန္တလေးတိုင်းဒေသကြီးသည် အများဆုံး ဖြစ်သည်။  ဂုဏ်ထူးထွက်သည့် ကျောင်းသားကျောင်းသူ ဦးရေ အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ဂုဏ်ထူးထွက်သူ ၂၈၄၆ ဦး ရှိသည်။ ဒုတိယအများဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၄၆၅ ဦးရှိသည်။ တစ်နိုင်ငံလုံးတွင် ဂုဏ်ထူးထွက်သည့် ကျောင်းသူကျောင်းသား ၁၀၅၈၉၂ ဦး ရှိသည်။ 

ဂုဏ်ထူးထွက်သည်ကို ဘာသာရပ်အလိုက် ကြည့်မည်ဆိုပါက အမြဲတမ်းလိုလို အနည်းဆုံး ဖြစ်သည့် အင်္ဂလိပ်စာသည် ယခုနှစ်တွင်လည်း ဂုဏ်ထူးထွက်သူ ၂၇၀၅ ဦးဖြင့် အနည်းဆုံးဂုဏ်ထူးထွက် ဘာသာရပ် ဖြစ်သည်။ ဂုဏ်ထူးရသူ အများဆုံး ဘာသာရပ်မှာ ၃၂၃၁၁ ဦး ဂုဏ်ထူးထွက်သည့် ဇီဝဗေဒ ဘာသာရပ် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် ဇီဝဗေဒ ဂုဏ်ထူးရှင် အများဆုံးဖြစ်ပြီး ၁၉၁၁ ဦး ရှိသည်။ 

အကျဉ်းထောင် ၁၁ ထောင်တွင် ဖြေဆိုသူ ၁၇၈ ဦး ရှိခဲ့သည့်အနက် ကျောင်းသား ၁၀၀၊ ကျောင်းသူ ၈ ဦး၊ ပေါင်း ၁၀၈ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်သူတွေများတွင် ဂုဏ်ထူး ၄ ဘာသာ၊ ၃ ဘာသာ စသဖြင့်  ဂုဏ်ထူးဖြင့် အောင်မြင်သူ ၇၈ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၀.၆၇ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါသည်၊

ယခုနှစ်တွင် ဖြေဆိုသူ စုစုပေါင်း ၉၁၀၂၂၉ ဦး ရှိပြီး အောင်မြင်သူ ၂၉၁၇၉၈ ဦး ရှိသည်။ အကြမ်းအားဖြင့် ကိုးသိန်းကျော် ဖြေဆိုခဲ့ပြီး အောင်မြင်သူ သုံးသိန်းနီးပါးသာ ရှိသဖြင့် ကျရှုံး ကျောင်းသူကျောင်းသားဦးရေမှာ ခြောက်သိန်းကျော် ရှိနေသဖြင့် အဆိုပါ ကျောင်းသူကျောင်းသားတို့အတွက် ပညာရေးခရီး လမ်းမပျောက်စေဖို့  တစ်နည်းတစ်ဖုံဖြင့် ဖန်တီးပေးဖို့ လိုအပ်နေသည်မှာ ထင်ရှားပေသည်။

Latest Post News Read 2287 times