ထိုပညာသင်ဆုကို ဒေါက်တာဘွဲ့ရရှိပြီးသူများလျှောက်ထားနိုင်ပြီး ကိုးရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ (သို့မဟုတ်) သုတေသနအဖွဲ့အစည်းများ၌ တစ်နှစ် (သို့မဟုတ်) ၆ လ သုတေသနပြုလုပ်ရမည် ဖြစ်ပြီး၊ သုတေသနပြုလုပ်သူများအတွက် အသွား/အပြန်လေယာဉ်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ သုတေသန ပြုလုပ်ရမည့် ထောက်ပံ့ကြေး၊ စာတမ်းအတွက်လိုအပ်သည့် အထောက်အပံ့များနှင့် ထိခိုက်မှုအာမခံကြေးစသည့် ကုန်ကျစရိတ်များကို (KFAS) မှ ထောက်ပံပေးသွားမည် ဖြစ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အသင်းဝင် အသင်းသားများနှင့် ညီနောင်အသင်းများမှ စိတ်ပါဝင်စားသော ပုဂ္ဂိုလ်များအနေဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားသူများအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါသည်။
Contact Detail
၀၁-၂၃၁၄၃၄၄~၄၉၊ လိုင်းခွဲ နံပါတ် ၁၁၈၊ ၁၄၀
Source: UMFCCI