၂၀၂၀ ပြည့်နှစ် ၁၀ တန်း ဖြေဆိုထားမှု အခြေအနေ

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျင်းပခဲ့ရာ ပထမဆုံး ဖြေဆိုရသည့် ဘာသာသာရပ်မှ မြန်မာစာ ဖြစ်သည်။ 

ပြည်တွင်းမှာ စာစစ်ဌာန ၁၉၈၄ ခုရှိပြီး နိုင်ငံခြား စာစစ်ဌာန ၁၅ ခု ရှိသဖြင့် စာစစ်ဌာန စုစုပေါင်း ၁၉၉၉ ခု ရှိသည်။ 

ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ ၉၇၁ ၄၀၇ ဦး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စာစစ်ဌာနပေါင်း ၂၂၈ ခုရှိပြီး စာရင်းသွင်းဉီးရေ ၁၃၅၆၈၈ ဦး ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖြေဆိုသူ အများဆုံး ဖြစ်သည်။ 

ထူးခြားဖြစ်ရပ်မှာ စာမေးပွဲ စတင်ချိန်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အထက အုတ်ဖို စာစစစ်ဌာနအနီးရှိ ရပ်ကွက်အတွင်း မီးလောင်မှု ဖြစ်ပွားသဖြင့် ဖြေဆိုချိန် နာရီဝက် နောက်ကျခဲ့သည်ဖြစ်ရာ မိနစ် ၃၀ အစားထိုး ပေးခဲ့ပြီး ၁၂၀၀ နာရီ မွန်းတည့်ချိန်တွင် အချိန်စေ့ရမည့်အစား ၁၂၃၀ နာရီတွင် ပြီးဆုံးစေခဲ့သည်။ 

မတ်လ ၂၀ ရက်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ 

အောင်ချက် ရာခိုင်နှုန်းများ

 

၂၀၁၇ တွင် အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း

၂၀၁၈ တွင် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း

၂၀၁၉ တွင် အောင်ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း

အသီးသီး ရှိခဲ့ရာ နှစ်စဉ် အောင်ချက် ရာခိုင်နှုန်းသည် ၁ ရာခိုင်နှုန်းသာသာ ပုံမှန် ကျဆင်းနေသည်။

အကယ်၍ ၂၀၂၀ ပြည့်နှစ်တွင် အောင်ချက်သည် ၃၀ ရာခိုင်နှုန်းသာသာဆိုပါက သုံးသိန်းနီးပါး အောင်မြင်ကြပြီး ကျန်သည့် ခြောက်သိန်းကျော်တို့သည် ကျရှုံးသူများ ဖြစ်ကြသည်။

၂၀၁၅ မှ ၂၀၁၉ အတွင်း သုံးကြိမ်မြောက်အဖြစ် မွန်ပြည် နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ဖြင့် အောင်ချက်အများဆုံးရရှိခဲ့သည်မှာ မွန်ပြည်နယ်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်သည်။ မွန်ပြည်နယ်သည် ၂၀၁၅ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက် အောင်ချက်အမြင့်မားဆုံး ဖြစ်ခဲ့သည်။ 




 

Latest Post News Read 19290 times