နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ စာအုပ်ဆိုင်ယဉ်ကျေးမှုလည်း တဖြည်းဖြည်း တိမ်ကောလုနီးပါး ဖြစ်နေပါပြီ။ အခုခေတ်က အရင်ကလိုမျိုး စာအုပ်ဆိုင်သွားစရာမလိုဘဲ ဖုန်းလေးရှိရုံနဲ့ ဖတ်ချင်တဲ့စာအုပ် Download ဆွဲပြီး ဖတ်လို့ရပါတယ်။ ဒါပေမဲ့ E-Books တွေ ဖတ်ရတာထက် စာအုပ်ကို လက်မှာကိုင်ပြီး ဖတ်ရမှ အားရတာဆိုတဲ့ စာဖတ်ဝါသနာအိုးလေးတွေအတွက် အဖိုးတန်နေရာလေးတွေကို ပြောပြပေးပါမယ်။
စာအုပ်အဟောင်းစုရတာ ဝါသနာပါသူတွေ၊ နိုင်ငံခြား စာအုပ်ဟောင်းတွေ ဖတ်ချင်သူတွေ၊ ရှားပါးစာအုပ်တွေကို ပြန်ရှာချင်သူတွေအတွက် ရန်ကုန်မြို့က ရှားပါးစာအုပ်ဟောင်းတွေ ရနိုင်တဲ့ စာကြည့်တိုက်ကြီးတွေနဲ့ စာအုပ်ဆိုင်တွေကို စုစည်းဖော်ပြပေးထားပါတယ်။
၁။ New Vision Rare Books and Art Centre
စာအုပ်ဟောင်းစုရတာ ဝါသနာပါတဲ့သူတွေအတွက် သွားသင့်တဲ့ နေရာတစ်ခုပါ။ အဲ့နေရာလေးမှာ မြန်မာပြည်အကြောင်းကို နိုင်ငံခြားစာရေးဆရာတွေ ရေးခဲ့တဲ့စာအုပ်တွေ၊ တပတ်ရစ် English Oldie Books တွေကို တွေ့ရမှာပါ။
Address: 174, 37th Street (Middle block), Kyauktada Township
Phone: 09 799 663417
ဒီနေရာမှာတော့ စာအုပ်ဟောင်းတွေတင် ရနိုင်တာ မဟုတ်ပါဘူး။ အဝတ်အစားတွေ၊ ရှားပါးဓာတ်ပုံတွေ၊ ပန်းချီကားတွေ၊ လက်ဝတ်ရတနာတွေနဲ့ ဆိုရှယ်လစ်ပါတီရဲ့ တံဆိပ်ပြားတွေကို ရနိုင်တယ်ဆိုတော့ အဖိုးတန်နေရာလေး တစ်ခုပါပဲ။
Address: 37th street (Middle block; Nearer to the Mahabandoola Road), Kyauktada Township
Phone: 09 502 6796
၃။ အုန်းစော
စာအုပ်အဟောင်းကြိုက်တဲ့သူတွေကို ထူးထူးခြားခြား မိတ်ဆက်ပေးစရာမလိုတဲ့ ဆိုင်ပါ။ စာအုပ်အဟောင်းတွေ တော်တော်စုံစုံလင်လင်ရှိပြီး ဆိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာအုပ်တွေနဲ့ စျေးနှုန်းတွေကို တင်ပေးထားတော့ ပိုအဆင်ပြေပါတယ်။
Address: No 84, 37 St, Kyauktada Township, Yangon
Phone: 09 42005 3798
၄။ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်
အသင်းဝင်ကြေး ပေးရတာလည်း သက်သာပြီး စာအုပ်တွေ အထူးသဖြင့် အင်္ဂလိပ်ဝတ္ထုတွေ အရမ်းကို စုံပါတယ်။ နေရာကျယ်ကျယ်ဝန်းဝန်းရှိလို့ အေးအေးဆေးဆေး စာဖတ်လို့လည်း ရပါတယ်။ စာအုပ်အမျိုးအစား စုံလင်တာကြောင့် စာပေမျိုးစုံ လေ့လာလို့ ရတဲ့အပြင် English စာလေ့လာနေသူတွေအတွက်လည်း အဆင်ပြေပါတယ်။
Address: Myanmar Times Building, No. 379/383, Bo Aung Kyaw Street, Kyauktada Township, Yangon
Phone: 01 839 2990
၅။ စာပေဗိမာန်
ဒီစာကြည့်တိုက်က ၁၉၅၅ ခုနှစ်တည်းကရှိခဲ့တာဆိုတော့ နှစ်ပေါင်းလည်း ကြာပြီဖြစ်လို့ ရန်ကုန်စာပေချစ်သူတွေကြားမှာ လူသိများပါတယ်။ စာအုပ်တွေကို ရောင်းချပေးသလို အခကြေးငွေပေးပြီးလည်း ငှားလို့ ရပါတယ်။
Address: 529/531, Corner of 37th Street and Merchant Street, Yangon.
Phone: 01 381 447, 01 249 031
အင်း၀စာအုပ်တိုက်ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့အပြင် ဆိုင်ခွဲတွေလည်း ဖွင့်လှစ်ထားပါတယ်။ မြန်မာ၊ အင်္ဂလိပ် စာအုပ်တွေ အစုံအလင် တင်ထားပေးလို့ စာဖတ် ဝါသနာအိုးတွေအတွက် အဆင်ပြေပါတယ်။ ကျောင်းသုံး၊ ရုံးသုံး သင်ထောက်ကူပစ္စည်းတွေ၊ Local Brand အိတ်လေးတွေလည်း ရောင်းပါတယ်။
ဆိုင်ခွဲလိပ်စာတွေကြည့်ရန် >> https://www.edge.com.mm/k:Innwa+Bookshop
၇။ ထင်ပေါ်စာပေ
စမ်းချောင်းထဲက ဒီစာအုပ်ဆိုင်လေးဟာ စာအုပ်တွေလည်း ရောင်းချသလို စာအုပ်ငှားရင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ စနစ်လည်း ရှိပါတယ်။ ပို့ဆောင်ခကတော့ နေရာအလိုက် ကွာခြားနိုင်ပါတယ်။
Address: 56, Aung Thabyay St, Sanchaung Tsp, Yangon
Phone: 09 885 105706
ဒီဆိုင်မှာတော့ စာအုပ်အမျိုးအစား စုံစုံလင်လင်တွေ့နိုင်တဲ့အပြင် ကျောင်းသားတွေအတွက်လည်း သင်ထောက်ကူပစ္စည်းတွေ ထားပေးထားတယ်ဆိုတော့ တစ်နေရာတည်းမှာ အစုံရနိုင်ပါတယ်။
Address I: No.229, Pansodan Street (Upper Block), Kyauktada Township
Address II: Block C Pearl Condo, Kaba Aye Pagoda Road, Bahan Township
Phone: 09421109960, 09780162900
ဒီနေရာမှာကတော့ အင်္ဂလိပ်စာအုပ် အမျိုးအစားတွေ အရမ်းကို စုံပါတယ်။ တကယ့် Classic ဝတ္ထုတွေ၊ ရှားပါးစာအုပ်တွေကို တွေ့ရတတ်ပါတယ်။ သင်ထောက်ကူပစ္စည်း အစုံအလင်လည်း ဝယ်ယူလို့ရပါတယ်။
Address: 5th floor, Iron Market, Lanmadaw St, Upper Middle Block, Latha Township
Phone: 09 767 019926
Myanmar Book Centre ကနေ ဖွင့်လှစ်ထားတဲ့ Book Land စာအုပ်ဆိုင်လေးမှာ စာအုပ်ဟောင်းတွေရော၊ စာအုပ်အသစ်တွေပါ အစုံရှိပါတယ်။ မြန်မာဘာသာဖြင့် ရေးသားထားသောစာအုပ်တွေ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဖတ်စာအုပ်တွေ၊ ဘာသာပြန်စာအုပ်၊ ပုံပြင်စာအုပ်တွေအပြင် သုတ၊ ရသ အမျိုးအစားအစုံအလင် ရနိုင်ပါတယ်။
Address: No.55, Baho Road, Corner of Baho & Ahlone Road, Ahlone Township, Yangon
Phone: 09 420144706, 09 73015993
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စာအုပ်ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ရှာဖွေရန်
>> https://www.edge.com.mm/listing/bookshops