မလေးရှားနိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်လို့ရမယ့် ပညာရေးပြပွဲ

 

ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ ပံ့ပိုးပြီး Education Malaysia Global Assit (EMGA) မှ ဦးစီးသည့် Yes2Malaysia Expo Day 2024 ကို ရန်ကုန်မြို့ Park Royal Hotel တွင် (၂) ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ 

 

ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့၊ စနေနေ့နှင့် စက်တင်ဘာ (၁) ရက်နေ့၊ တနင်္ဂနွေတို့တွင် နေ့ခင်း (၂) နာရီမှ ည (၆) နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မလေးရှားတက္ကသိုလ် (၂၀) ကျော် ပါဝင်သွားမည်ဖြစ်သည်။

 

ပွဲတွင်ပါဝင်မည့် တက္ကသိုလ် (၂၆) ကျောင်း

  • Asia Pacific University of Technology and Innovation (APU)
  • IMU University
  • SUNWAY University
  • HELP University
  • Newcastle University
  • TAYLOR's University
  • Monash University
  • University of Cyberjaya
  • Managrment and Science University (MSU)
  • Universiti Putra Malaysia (UPM)
  • Universiti Teknologi Petronas (UTP)
  • Universiti Kebangsaan Malaysia (The National University of Malaysia)
  • Education Malaysia Ho Chi Minh City
  • Tunku Abdul Rahman University of Management and Technology (TRUMAT)
  • Multimedia University (MMU)
  • AKADEMI LAUT MALAYSIA MELAKA (ALAM)
  • Universiti Tenaga Nasional (UNITEN)
  • Manipal International University
  • Swinburne University of Technology 
  • Nilai University
  • INTI International University & Colleges
  • Infrastructure University
  • UNITAR International University 
  • SEGi University and Colleges 
  • Quest International University
  • Universiti Sains Malaysia (USM)

 

မလေးရှားနိုင်ငံမှ အစိုးရ၊ ပုဂ္ဂလိကနှင့် US၊ Australia တို့မှ တက္ကသိုလ်ခွဲများ၏ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ပြီး ကျောင်းဝင်ခွင့်ရရှိရန်အတွက် သက်ဆိုင်ရာကျောင်းများတွင် အခမဲ့ လျှောက်ထားနိုင်မှာဖြစ်ပါသည်။ ကျောင်းများမှ ပံ့ပိုးပေးသည့် ဘွဲ့ကြိုဒီဂရီ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ပရိုဂရမ်များကို ရှာဖွေစုံစမ်းနိုင်မည့်အပြင် ပညာသင်ဆုအခွင့်အလမ်းများကိုပါ ရရှိနိုင်မှာဖြစ်ပါသည်။ 

 

ပွဲကာလအတွင်း ကျောင်းလျှောက်လွှာတင်မည်ဆိုလျှင် Flight Tickets, Electronic Gadgets ကဲ့သို့ အထူးလက်ဆောင်များကိုလည်း ကံစမ်းနိုင်ပါသည်။  


ပွဲကို တက်ရောက်သင့်သည့်သူများ

- မြန်မာနိုင်ငံ ၁၀ တန်း (သို့) ၁၂ တန်းအောင်မြင်ပြီးသူများ

- GED၊ IGCSE၊ OSSD၊ A Level တို့ကို အောင်မြင်ထားသူများ

- တက္ကသိုလ်တက်ရောက်နေဆဲကျောင်းသားများ

-  ဘွဲ့ရရှိပြီးသူများ

- ပညာသင်ဆုလျှောက်ထားလိုသူများ

- မလေးပညာရေးလမ်းကြောင်းကို စိတ်ပါဝင်စားသည့် မိဘနှင့် ကျောင်းသားများ


ပွဲတက်ရောက်သည့်အခါ ရရှိမည့် အကျိုးကျေးဇူး

- တက္ကသိုလ်ကိုယ်စားလှယ်များ၏ တိုက်ရိုက်လမ်းညွှန်မှုကို ရရှိနိုင်ခြင်း

- တစ်နေရာတည်းမှာ ပညာရေးပရိုဂရမ်ပေါင်း (၁,၀၀၀) ကို ရွေးချယ်နိုင်ခြင်း

- ပညာသင်ဆုနှင့် ငွေကြေးထောက်ပံ့မှုများကို ရှာဖွေနိုင်ခြင်း 

- တက္ကသိုလ်များမှ $50 မှ $250 အထိ လျှောက်လွှာကြေး ကင်းလွတ်ခွင့် ရရှိနိုင်ခြင်းတို့ဖြစ်ပါသည်။ 


ပွဲနေရာနှင့် အချိန်

နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၁) နှင့် စက်ဘာလ (၁) ရက်

အချိန် -  နေ့ခင်း (၂) နာရီမှ ည (၆) နာရီအထိ 

နေရာ - Park Royal Hotel, Yangon

 

ပွဲကို စိတ်ဝင်စားသောကြောင့် တက်ရောက်ရန်ဆန္ဒရှိပါက အောက်ဖော်ပြပါ လင့်ခ်မှတဆင့် နာမည်စာရင်းပေးသွင်းပြီး ဝင်ကြေးအခမဲ့ဖြင့် တက်ရောက်နိုင်ပါသည်။

>> https://info.yes2malaysia

--------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Local News Events & Exhibitions Read 138 times