မြန်မာနိုင်ငံသားတွေကို သီးသန့်ပေးအပ်တဲ့ USAID ရဲ့ ပညာသင်ဆုပရိုဂရမ် (၄) ခု

 

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ DISP ပညာသင်ဆုအကြောင်းကတော့ မြန်မာကျောင်းသားတွေလည်း သိပြီးသားဖြစ်မှာပါ။ ၂၀၂၅ ပညာသင်နှစ်အတွက် DISP ပညာသင်ဆုကို အခုချိန်ကစပြီး လျှောက်ထားလို့ရနေပါပြီ။ 

 

သူ့ပညာသင်ဆုဂရိုဂရမ်မှာ Bachelor Program တော့မပါပေမဲ့ အထက်တန်းပြီးရင် လျှောက်လို့ရတဲ့ Associate Degree Programs ၊ Certificate Programs ၊ Diploma Programs နဲ့ Master’s Degree Programs ဆိုပြီး (၄) မျိုး ရှိပါတယ်။ ဒါ့အပြင် ကျောင်းတက်တဲ့အခါမှာလည်း In-person နဲ့ Online ဆိုပြီး ခွဲခြားထားတဲ့အတွက် ကိုယ်အဆင်ပြေတာတစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။  

 

ရွေးချယ်လျှောက်ထားနိုင်တဲ့ တက္ကသိုလ်နဲ့ ပရိုဂရမ်များ

>> https://www.usaiddisp.com/scholarships

 

Master လျှောက်မယ့်သူတွေအတွက် အရည်အချင်း သတ်မှတ်ချက်

- Bachelor ဘွဲ့ရပြီး GPA 3 နှင့်အထက် ရရှိသူ

- အနည်းဆုံး လုပ်သက် (၁) နှစ် အတွေ့အကြုံရှိသူ

- စေတနာ့ဝန်ထမ်း၊ လူထုအကျိုးပြု လုပ်ငန်းတွင် (၁) နှစ် လုပ်ကိုင်ဖူးသူ

- အသက် ၄၁ နှစ်အောက်ငယ်သူ 

 

Associate လျှောက်မယ့်သူတွေအတွက် အရည်အချင်း သတ်မှတ်ချက်

- အသက် ၄၁ နှစ်အောက်ငယ်သူ

- အထက်တန်း (သို့) GED အောင်မြင်ထားသူ (GED အမှတ် တစ်ဘာသာကို အနိမ့်ဆုံး 145 ရှိရပါမယ်)

- အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ/စေတနာ့ဝန်ထမ်းအတွေ့အကြုံ (၁) နှစ်ရှိသူ 

 

Certificate နဲ့ Diploma လျှောက်မယ့်သူတွေအတွက် အရည်အချင်း သတ်မှတ်ချက်

- Bachelor ဘွဲ့ရရှိပြီးသူ

- အသက် ၄၁ နှစ်အောက်ငယ်သူ


ပညာသင်ဆုမှာ ပေးအပ်မယ့် အကျိုးခံစားခွင့်

ပညာသင်ဆုတိုင်းအတွက် : 

- အဆင့်မြင့်ပညာရေးအတွက် အကြိုသင်တန်း (အွန်လိုင်းမှ တက်ရောက်ရပါမယ်)

- ကျူရှင်စရိတ်

- တက္ကသိုလ်ဝင်ခွင့်နဲ့ နေရာချထားမှုအတွက် ပံ့ပိုးမှု

- University of Arizona ရဲ့ Community Engaged Inclusive Leadership သင်တန်း တက်ရောက်ခွင့် 

 

လူကိုယ်တိုင် သွားတက်ရမယ့် ပညာသင်ဆုအတွက် :

- လေယာဉ်လက်မှတ်

- ကျန်းမာရေးအာမခံကြေး

- လစဉ်နေထိုင်စရိတ်

- အခြားပညာရေးဆိုင်ရာ ထောက်ပံ့ကြေးများ

 

ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ

- Online လျှောက်လွှာ ( https://myapp.iie.org/apply )

- Personal Information

- Contact Information

- Education History

- Professional Experience, Employment History & Volunteer Work

- International Experiences

- Academic Interests

- Two essays (စကားလုံးရေ ၇၀၀)

- Academic Records (Certificates & Transcripts) (တက်ရောက်ခဲ့တဲ့ တစ်နှစ်ချင်းစီတိုင်းအတွက် အမှတ်စာရင်း လိုအပ်ပါတယ်)

- Both sides National Registration Card 

- Front page of passport (အွန်လိုင်းတက်မယ့်သူတွေအတွက် မရှိလည်း ရပါတယ်)

- 2 letters of recommendation

 

ပညာသင်ဆုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး  ပထမအဆင့် ရွေးချယ်ခံရသူများက အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအတွက် TOEFL ITP စာမေးပွဲကို အခမဲ့ ဖြေဆိုရပါမယ်။ သတ်မှတ်ထားတဲ့ အမှတ်ကို ရရှိမယ်ဆိုရင်တော့ Interview ဖြေဆိုဖို့အတွက် အီးမေလ်ကတဆင့် အကြောင်းကြားစာ ရပါမယ်။ TOEFL ITP စာမေးပွဲအတွက် အောက်က Resource တွေသုံးပြီး ကြိုတင်လေ့လာထားလို့ ရပါတယ်။ 

 

 

အသေးစိတ်ဖတ်ရှုရန် >> https://www.usaiddisp.com/scholarships

--------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Read 652 times