Sales Hotline : 09448001653       Download App



တရုတ်၊ ဂျပန်နဲ့ စင်္ကာပူနိုင်ငံတွေမှာ ကျောင်းတက်ပြီး UK မှာ နေထိုင်အလုပ်လုပ်ခွင့်ဗီဇာ လျှောက်မယ်

အာဆီယံနိုင်ငံတွေထဲက တရုတ်၊ ဂျပန်နဲ့ စင်္ကာပူနိုင်ငံမှာ ရှိတဲ့ ကျောင်း (၉) ခုကနေ ငါးနှစ်အတွင်း ကျောင်းပြီးထားသူတွေအနေနဲ့  UK မှာ နေထိုင်အလုပ်လုပ်ခွင့် High Potential Individual (HPI) Visa ကို  လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

 

Bachelor (သို့) Master နဲ့ ကျောင်းပြီးထားတဲ့သူတွေက (၂) နှစ်စာဗီဇာ ရရှိနိုင်ပြီး PhD ပြီးထားတာမျိုးဆိုရင် (၃) နှစ်စာဗီဇာ ရရှိမှာ ဖြစ်ပါတယ်။

 

HPI Visa ရဲ့ ထူးခြားချက်က UK က အလုပ်ကို ကြိုလျှောက်ထား၊ ရထားစရာမလိုပါဘူး။ အလုပ်မရသေးလည်း ဒီဗီဇာနဲ့သွားပြီး ၂ နှစ်၊ ၃ နှစ်အတွင်း အေးဆေး အလုပ်ရှာလို့ ရပါတယ်။ ကြိုလျှောက်ထားပြီး အလုပ်ရမှ သွားချင်တယ်ဆိုလည်း ရပါတယ်။ 

 

HPI Visa ကိုင်ဆောင်ထားသူက UK မှာ ဘယ်အလုပ်မဆို လျှောက်ပြီး လုပ်ကိုင်လို့ရပါတယ်။ Work Visa တွေလိုမျိုး သက်ဆိုင်ရာ ဗီဇာအမျိုးအစားထဲမှာ သတ်မှတ်ထားတဲ့ အလုပ်ကိုပဲ လုပ်လို့ ရတာမျိုး မဟုတ်တဲ့အတွက် HPI Visa က တကယ်ကို လျှောက်ထား ရယူသင့်တဲ့ ဗီဇာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရားဝင် ကိုယ်ပိုင်စီးပွားရေးလည်း လုပ်လို့ ရပါသေးတယ်။

 

Advertisement

Click Here > Shwe Byain Phyu
 

ကိုယ့်ရဲ့ အမျိုးသား (သို့) အမျိုးသမီးနဲ့ ကလေးပါ Dependants အနေနဲ့ UK ကို လိုက်ပါ နေထိုင်လို့ ရတဲ့အပြင် HPI Vsa နဲ့ UK မှာ ရောက်နေရင် အခြားနိုင်ငံတွေကိုပါ လွတ်လပ်စွာ ခရီးသွားလာလို့ ရသေးတာကြောင့် အဆင်အပြေဆုံးဗီဇာလို့ ပြောရင်လည်း မမှားပါဘူး။

 

HPI Vsa ဘယ်လိုလျှောက်ထားမလဲ၊ ဘာတွေလိုမလဲ

> https://t.ly/mhc5B

 

ဒီဗီဇာ လျှောက်ထားနိုင်ဖို့အတွက် တက်ရောက်ထားသင့်တဲ့ ကျောင်းတွေကို အောက်မှာ ဖော်ပြထားပြီး သက်ဆိုင်ရာ ကျောင်းတွေအကြောင်းနဲ့ သင်ယူနိုင်မယ့် ဘာသာရပ်တွေ၊ သင်တန်းကြေးတွေ အပါအဝင် အသေးစိတ် အချက်အလက်တွေကို အောက်ပါလင့်ခ်တွေကနေ တိုက်ရိုက် ဝင်ရောက် လေ့လာနိုင်ပါတယ်။

 

စင်္ကာပူနိုင်ငံမှ ကျောင်းများ

National University of Singapore

Nanyang Technological University

 

ဟောင်ကောင်မှ ကျောင်းများ

University of Hong Kong

Chinese University of Hong Kong

 

တရုတ်နိုင်ငံမှ ကျောင်းများ

Peking University

Tsinghua University

Zhejiang University

 

ဂျပန်နိုင်ငံမှ ကျောင်းများ

University of Tokyo

Kyoto University

 

ကျောင်းနာမည်တွေမှာ ဝက်ဆိုက်ဒ်လင့်ခ်တွေ ချိတ်ပေးထားတာမို့ မိမိစိတ်ဝင်စားတဲ့ ကျောင်းတွေကို နှိပ်ပြီး သိလိုတဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ ရှာဖွေ သိရှိနိုင်ပါတယ်။

Latest Post University / College Read 647 times