၂၀၂၅ ခုနှစ် TOPIK စာမေးပွဲအား မေလ (၁၁) ရက်နေ့တွင် ကျင်းပမည်

၂၀၂၅ ခုနှစ်၊ အကြိမ် (၁၀၀) မြောက် ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ (TOPIK) အား လာမည့် မေလ (၁၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

စာမေးပွဲကျင်းပချိန်


စာမေးပွဲကျင်းပမည့်နေရာ

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

 

စာမေးပွဲလျှောက်လွှာ လက်ခံမည့်ရက်နှင့် လျှောက်လွှာတင်ရမည့်နေရာ


 

စာမေးပွဲကြေး

25 USD (ဒေါ်လာဖြင့်သာ လက်ခံမည်ဖြစ်ပါသဖြင့် လျှောက်လွှာ သွားရောက် မတင်မီ ကြိုတင်လဲလှယ်ထားရန် လိုအပ်သည်။)

 

လျှောက်လွှာတင်ရမည့်အချိန်

သက်ဆိုင်ရာ နေရာများသို့ နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) ခွဲအထိဖြစ်စေ၊ နေ့လည် (၂) နာရီမှ ညနေ (၅) နာရီအထိ ဖြစ်စေ သွားရောက်လျှောက်ထားနိုင်သည်။

 

သတိပြုရမည့်အချက်များ

  • လျှောက်လွှာလက်ခံသည့်နေရာမြို့တွင် နေထိုင်သူသည် မိမိကိုယ်တိုင် စာမေးပွဲ လျှောက်လွှာ တင်ရန်
  • လျှောက်လွှာလက်ခံသည့် နေရာမြို့တွင် နေထိုင်ခြင်းမရှိသည့်သူများသည် ကိုယ်စားလျှောက်ထားနိုင်ပြီး ကိုယ်စားလျှောက်ထားသူသည် မိသားစု (သို့) ဆွေမျိုးသာဖြစ်ရန် (စာမေးပွဲဖြေဆိုသူ၏ မှတ်ပုံတင် (မိတ္တူ) နှင့် ကိုယ်စားလျှောက်ပေးသူ၏ မှတ်ပုံတင် (မူရင်း) လိုပါသည်)
  • ကျောင်းအတွင်း လျှောက်လွှာတင်မည့်သူသာ ဝင်ရောက်ရန်
  • 3cm×4cm ဆိုက်ဒ်ရှိပြီး Color Photo ကို သေချာယူဆောင်သွားရန်
  • မှတ်ပုံတင်၊ ကားမောင်လိုင်စင်၊ ပတ်စ်ပို့တို့ဖြင့်သာ လျှောက်ထားရန်
  • မှတ်ပုံတင်မရှိသူများသည် ရပ်ကွက် (သို့) ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း ယူဆောင်သွားရန်
  • လျှောက်လွှာဖောင်ဖြည့်သည့်အချိန်တွင် ကိုယ်ရေးအချက်အလက်များကို တိကျစွာ ဖြည့်စွက်ရန်

 

စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဖုန်း ၀၉၉၆၈၈၆၂၃၀၀ ကိုဖြစ်စေ၊ အီးမေးလ် [email protected] သို့ဖြစ်စေ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ်နိုင်ပါသည်။

TOPIK ဝက်ဘ်ဆိုက်ဒ် > https://www.topik.go.kr/TWMAIN/TWMAIN0010.do

 

Read 108 times