Sales Hotline : 09448001653       Download App



၁၈လအရွယ်မှစတင်တက်ရောက်နိုင်မည့် Summer School ဖွင့်မည်

အသက်၁၈လအရွယ်မှစတင်ကာ (၁၀) နှစ်အထိကလေးငယ်များအတွက်Summer School ကိုPingu's English International Kindergarten မူကြိုကျောင်းမှဖွင့်လှစ်မည်ဖြစ်သည်။

လာမည့် မတ်၁၆ရက်မှစတင်ကာ တနင်္လာမှသောကြာအထိတက်ရောက်နိုင်မည်ဖြစ်ပြီးသင်တန်းချိန်မှာ (half day: 9 am – 12 pm or 1 pm – 4 pm) အထိဖြစ်သည်။ အသက်အရွယ်အလိုက်တက်ရောက်ရ မည့်အချိန်ကွာခြားမည်ဖြစ်သည်။

အဆိုပါ Summer School တွင်ကလေးငယ်များ၏ပေါင်းသင်းဆက် ဆံရေးကောင်းမွန်လာအောင်မွန်းမံပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင်ပြုလုပ် ပေးခြင်း၊ ကလေးငယ်များ၏စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ဆောင်ရွက်ပေးခြင်းအစရှိသည့်အစီအစဉ်များပါဝင်မည်ဖြစ်သည်။ Second Language များသင်ကြားရုံတင်မကဘဲ Critical thinking တိုးတက်စေရန်လည်းမွမ်းမံပေးမည်ဖြစ်သည်။

အရွယ်အလိုက်ပန်းချီဆွဲခြင်း၊ အဖွဲ့လိုက်ကစားခြင်းအစရှိသောကျောင်းသားဗဟိုပြုစာသင်ခန်းအတွေ့ အကြုံများလည်းပါဝင်မည်ဖြစ်သည်။ အသက်၁၈လမှ၂နှစ်အရွယ်များကို စတင်ကျောင်းထားပေးခြင်းဖြင့် စာသင်ခန်းအတွေ့အကြုံကို ဆောလျှင်စွာရရှိစေခြင်း၊ ကျောင်းမကြောက်တော့ခြင်း၊ ငယ်စဉ်အရွယ် ကတည်းကပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာခြင်း၊အများနှင့်ဆောင်ရွက်သည့် Sharing System ကိုနားလည်လက်ခံလာခြင်းအစရှိသည့်အကျိုးရလာဒ်များကိုရရှိစေမည်ဖြစ်သည်။

Pingu's English International Kindergarten မူကြိုကျောင်းသည် UK မှဖွင့်လှစ်သော နိုင်ငံတကာအသိအမှတ်ပြုအင်္ဂလိပ်စာမူကြိုကျောင်းဖြစ်ပြီးလက်ရှိတွင်-
-  ကျောင်းခွဲ (၁) ကိုအမှတ် (၂၆/က)၊ ကမ္ဘောဇရိပ်သာလမ်း၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင်လည်းကောင်း၊
-  ကျောင်းခွဲ (၂) ကိုအမှတ် (15-F)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ် (မြို့မဒဂုံ)၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ 
-  ကျောင်းခွဲ (၃) ကို အမှတ် ၂၁၊ သိပ္ပံလမ်းနှင့် ၅၆,၅၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတွင်လည်းကောင်း
ဖွင့်လှစ်ထားသည်။ 

Summer School နှင့်ပတ်သက်၍အသေးစိတ်ကို  09-975 751 817 (ဗဟန်းကျောင်း) နှင့် 09-953 053 113 (ဒဂုံကျောင်း)၊ 09750190894 (မန္တလေးကျောင်း) သို့ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Pingu's English International Kindergarten Myanmar

By Myanmar Education Guide

 

Latest Post News Read 1512 times