ပြည်ပမှာ ဘွဲ့ကြိုသင်တန်း မလျှောက်ခင် တက်သင့်တဲ့ Pre-college Training

 

နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာတော်သင် မသွားခင် အခြေခိုင်အောင် လိုအပ်တဲ့ Skills ၊ Knowledge နဲ့ IELTS တို့ကို ပြင်ဆင်သင်ကြားပေးမယ့် Pre-college Training Program ပညာသင်ဆုအစီအစဉ်ကို မျှဝေပေးချင်ပါတယ်။ ဒီ Program အတွက် လျှောက်ထားသူတွေထဲက ငွေကြေးဆိုင်ရာအခက်အခဲရှိတဲ့ ကျောင်းသူ/ကျောင်းသား (၄၀) ဦးကိုသာ ရွေးချယ်သင်ကြားပေးမှာပါ။

 

နိုင်ငံရပ်ခြားမှာ ဘွဲ့ကြိုပညာရေးတက်ရောက်ရန် ပြင်ဆင်နေသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်မယ့် Pre-college Program Online Training ပဲဖြစ်ပါတယ်။ အွန်လိုင်းကနေတဆင့် Lincoln ပညာတော်သင်ကျောင်းသားဟောင်းများမှ ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။

 

Training တွင် သင်ကြားပေးမယ့် အကြောင်းအရာများ

- Academic Reading & Writing (အရေး၊ အဖတ်စွမ်းရည်)

- Academic & Digital Proficiency

  • Research Skills (သုတေသနစွမ်းရည်)
  • Communication Skills (ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်)
  • Preperation for online learning environment (အွန်လိုင်းသင်ယူမှုပတ်ဝန်းကျင်အတွက် ကြိုတင်ပြင်ဆင်မှု)
  • Critical thinking (ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း)
  • Media Literacy (မီဒီယာ သိနားလည်မှု)
  • Collaboration and Networking Skills (ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်း)

- IELTS Foundation and Preperation 

 

Academic Reading & Writing နဲ့ Academic & Digital Proficiency (၂) ခုစလုံးမှာ ရလဒ်ကောင်းမှသာ IELTS Course ကို ဆက်လက်သင်ကြားပေးမှာဖြစ်ပါတယ်။ 


Program တွင် ရွေးချယ်ခံရသူတိုင်း ရရှိမယ့် အကျိုးခံစားခွင့်

- Free Training

- Internet Allowance

- IELTS Exam Fees


လျှောက်ထားသူများသည် - 

- မြန်မာနိုင်ငံတွင်းမှာနေထိုင်သူ (သို့မဟုတ်) မြန်မာနှင့်နယ်နမိတ်ခြင်းထိစပ် နေသောနေရာဒေသတွင်နေထိုင်နေသူဖြစ်ရမည်။ 

- အသက် ၂၆ နှစ် (သို့မဟုတ်) ၂၆ နှစ်အောက်ဖြစ်ရမည်။ 

- အထက်တန်းပြီးမြောက်ထားသော အထောက်အထား တစ်ခုခုရှိရမည်။ (ဥပမာ - ဆယ်တန်းအောင်လက်မှတ် သို့မဟုတ် အခြားအထက်တန်းအောင်လက်မှတ်တစ်ခုခု)

- အစီအစဉ်မှ ပြုလုပ်သော အင်္ဂလိပ်စာအရည်အချင်းစစ် (Level Test) စာမေးပွဲဖြေဆိုနိုင်သူဖြစ်ရမည်။ 

- အွန်လိုင်းအခြေခံ သင်တန်းဖြစ်သောကြောင့် အင်တာနက်လိုင်းရရှိသောအခြေအနေရှိရမည်။

 

လျှောက်လွှာကာလ

လျှောက်လွှာဖောင်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅) နာရီအထိ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ ပထမအကြိမ် ရွေးချယ်မှုကို အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လည် (၁) နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလ (၄) ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ English Level Test ဖြေဆိုရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် Scholarship ရရှိသွားတဲ့သူတွေကိုတော့ အောက်တိုဘာလ (၇) ရက်နေ့၊ ညနေ (၅) နာရီမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ 

 

Training ကာလ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ (၉) လ ကြာမြင့်ပါမယ်။ သင်တန်းအချိန်နဲ့ နေ့ရက်တွေကိုတော့ Academic Reading & Writing အတွက် အင်္ဂါနေ့၊ မနက် (၇) နာရီ၊ Academic & Digital Proficiency အတွက် အင်္ဂါနေ့ ည (၇) နာရီခွဲ၊ IELTS Foundation နဲ့ Preperation တို့အတွက် သောကြာ၊ စနေ မနက် (၉) နာရီခွဲ အသီးသီး သတ်မှတ်ထားပါတယ်။ 

 

လျှောက်လွှာတင်ရန်လင့်
>> https://docs.google.com/forms

 

အသေးစိတ်ပိုမိုသိရှိလိုပါက ၀၉ ၇၈၄ ၇၁၃ ၁၄၉ သို့ ရုံးချိန် (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

Facebook Page - https://www.facebook.com/USAIDLincolnScholars

 

Source - USAID Burma Lincoln Scholarship Program 

-----------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide
 

 

High Latest Post Local University / College Read 168 times