Sales Hotline : 09448001653       Download App



နိုင်ငံခြားကျောင်း လျှောက်ထားမှုအတွက် Personal Statement ကောင်း တစ်စောင်ရေးနည်း

 

 

နိုင်ငံခြားကျောင်းတွေ၊ ပညာတော်သင်ဆုတွေလည်း လျှောက်ချင်တယ်၊ တစ်ဖက်က တောင်းတဲ့ Personal Statement ဆိုတာကို သေချာနားမလည်ဘူး၊ မရေးတတ်ဘူး။ ဒါဆိုရင်တော့ အခုပြောပြမယ့် အချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။

 

နိုင်ငံခြားကျောင်းတွေ လျှောက်ထားတဲ့နေရာမှာ အထူးသဖြင့် ပညာတော်သင်ဆုတွေ လျှောက်ထားတဲ့ နေရာမှာ Personal Statement ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ Personal Statement တစ်စောင်ဟာ သင့်အနေနဲ့ ဘာကြောင့် ဒီအစီအစဥ်၊ ဒီကျောင်းကို ရွေးချယ်ရသလဲ၊ သင်က ဘာကြောင့် ဒီပညာရပ်နဲ့ သင့်တော်တာလဲဆိုတဲ့ အရာတွေကို ရှင်းပြနိုင်မယ့် တစ်ခုတည်းသော ဖော်ပြချက်တစ်ခု ဖြစ်ပါတယ်။

 

တကယ်လို့ သင်က ကိုယ်လျှောက်ထားတဲ့ ကျောင်းနဲ့ပတ်သက်ပြီး တကယ်ပဲ ဝင်ခွင့်ရချင်တယ်၊ စိတ်အားထက်သန်တယ်၊ သင့်မှာဒီပညာရေးနဲ့ ပတ်သက်ပြီး စိတ်ကူးအိမ်မက်တွေအများကြီးရှိတယ်ဆိုရင်တော့ဝင်ခွင့် စီစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့ တွေ့ခွင့်ရနိုင်မယ့် တစ်ခုတည်းသောအရာက တကယ့်ကို ကောင်းမွန်တဲ့ Personal Statement ကောင်းတစ်စောင် ရေးသားနိုင်ဖို့ပါပဲ။ 

 

ဒါဆို Personal Statement ကောင်းတစ်စောင်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုအချက်တွေ ထည့်သွင်းစဥ်းစားရမလဲဆိုတာ ကြည့်လိုက်ကြရအောင်_

 

ပုံမှန်အားဖြင့် Personal Statement ကောင်းတစ်စောင်မှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ယေဘုယျအားဖြင့်တော့ စာစီစာကုံးရေးသားသလိုပါပဲ။ နိဒါန်း၊ စာကိုယ် နဲ့ နိဂုံးပါ။ 

 

  • နိဒါန်း 

နိဒါန်းအနေနဲ့ သင့်အကြောင်းကိုစတင်မိတ်ဆက်ပါ။ သင့်နာမည်၊သင့်ကျောင်း၊သင်ဘာလုပ်နေတယ်၊ ဒါတွေအပြင် သင့်အနေနဲ့အခုလျှောက်ထားတဲ့ပညာရပ်ကို ဘာဖြစ်လို့စိတ်ဝင်စားတာလဲဆိုတာကိုပါထည့်ရေးပါ။ ခေါင်းစဥ်အောက်က သွေဖီသွားနိုင်တဲ့ အကြောင်းအရာမျိုးတွေကို ရှောင်ပါ။ 

သင့်ရဲ့ လျှောက်ထားမှုအပေါ်ဘယ်လောက်စိတ်အားထက်သန်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ စကားလုံးတွေကို ရွေးချယ်အသုံးပြုပါ။ ဒီပညာရပ်(သို့)ဘာသာရပ်ကို ဘယ်လိုကြောင့် စပြီး စိတ်ဝင်စားလာတယ်၊ ဘာကြောင့် ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတာကို အတိုချုပ်ရေးသားပြီး သေသပ်တိကျတဲ့နိဒါန်းတစ်ခုကို ဖန်တီးပါ။ နောက်အပိုဒ်တွေကျရင် အကျယ်ချဲ့ရေးသားဖို့ လိုအပ်ပါမယ်။

                                                       Advertisements

                                                       Click Here > Tun Myint General Trading

  • စာကိုယ်

စာကိုယ်အပိုဒ်မှာတော့ သင်ကတကယ်လို့အလုပ်လုပ်ဖူးရင် လုပ်ငန်းအတွေ့အကြုံ၊ကျောင်းတက်ခဲ့တုန်းကသင်ပါဝင်ခဲ့တဲ့အစီအစဥ်တွေ၊သင့်ရဲ့အောင်မြင်မှုတွေ၊လုပ်အားပေးအတွေ့အကြုံရှိရင်ရှိခဲ့တဲ့အတွေ့အကြုံလုပ်ဆောင်ချက်တွေကိုအသေးစိတ်ချရေးပါ။သင့်မှာရှိတဲ့ အောင်မြင်မှု နဲ့စွမ်းဆောင်ရည်တွေကို အခြေခံပြီး ဘာကြောင့်သင်က ဒီပရိုဂရမ်အတွက် သင့်လျော်လဲဆိုတာ ရှင်းပြပေးပါ။ 

ဒါ့အပြင် သင့်အနေနဲ့ အခုပညာရပ်ကို တက်ရောက်ပြီး လာမယ့်အနာဂတ်မှာ ဒီပညာရပ်ကို အသုံးချပြီးဘယ်လိုအကျိုးရှိတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်မလဲ၊ဘယ်လိုအိမ်မက်စိတ်ကူးတွေရှိလဲဆိုတာကိုလည်းအသေးစိတ်ချရေးပါ။ သင့်အနေနဲ့ အနာဂတ်မှာဖြစ်ချင်တဲ့ အရာတွေကို ထည့်သွင်းရေးသားဖော်ပြပါ။

 

  • နိဂုန်း

နောက်ဆုံးနိဂုံးအပိုဒ်မှာတော့အပေါ်မှာဖော်ပြခဲ့တဲ့အရာတွေနဲ့စပ်ဆက်ပြီးဒီလိုအချက်တွေကြောင့် သင်ဟာ အခုလျှောက်ထားမယ့် ပညာတော်သင်ဆု (သို့) ပညာရပ်နဲ့ သင့်တော်ကြောင်းကို အဓိကထားပြီး အတိုချုပ်ပြန်လည်ရေးသားပါ။ နိဂုံးပိုင်းမှာ တိုတိုနဲ့လိုရင်းကိုရေးသားပါ။ စာဖတ်သူ အနေနဲ့ သင်အဓိကပြောပြချင်တဲ့ အကြောင်းအရာကို တစ်ခါတည်းတန်းမြင်ပြီး မှတ်မိနေဖို့က အရေးကြီးပါတယ်။

Personal Statement ရေးသားခြင်းနဲ့ပတ်သက်ပြီး  ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုလည်း နောက်လာမယ့် ဆောင်းပါးမှာ ထပ်မံဖော်ပြပါဦးမယ်။

 

Latest Post International Knowledge Read 1025 times