Sales Hotline : 09448001653       Download App



ကမ္ဘာ့ထိပ်တန်း(၁၀) ပညာရေးအင်စတီကျူးရှင်း စာရင်းထဲ NUS ပထမဆုံးအကြိမ် ပါဝင်

ကမ္ဘာ့ထိပ်တန်း(၁၀) ပညာရေးအင်စတီကျူးရှင်း စာရင်းထဲ NUS ပထမဆုံးအကြိမ် ပါဝင်



စင်ကာပူမှ National University of Singapore (NUS) သည် ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည့် Quacquarelli Symonds (QS) World University Rankings တွင် အဌမအဆင့် ရရှိခဲ့သည်။
ကမ္ဘာ့ထိပ်တန်း(၁၀) ပညာရေးအင်စတီကျူးရှင်း စာရင်းထဲ NUS ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်ပြီး ယခင်တစ်ကြိမ် ထုတ်ပြန်သည့်စာရင်းတွင် နံပါတ်(၁၁) ချိတ်ခဲ့ပါသည်။

 



NUS သည် ထိပ်တန်း ၁၀ စာရင်းဝင်သည့် ပထမဆုံးသော အာရှပညာရေးအင်စတီကျူးရှင်း ဖြစ်ပါသည်။
ယခုနှစ် အဆင့်သတ်မှတ်ချက်သည် ရေရှည်တည်တံ့ခိုင်မြဲမှု၊ နိုင်ငံတကာ သုတေသနကွန်ရက်များနှင့် ဘွဲ့ရပြီးနောက် အလုပ်အကိုင် ရရှိခြင်း
အချက်အသစ်သုံးခုကို ထည့်သွင်းခဲ့သည်။
NUS သည် အလုပ်အကုိင်ရသည့်နှုန်းနှင့် ကျောင်းသားဟောင်းများ၏အောင်မြင်မှုများ ၂ ချက်တွင် သာလွန်ကောင်းမွန်နေသဖြင့် ထိပ်တန်း ၁၀ စာရင်းဝင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

“စင်ကာပူတက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေကို အလုပ်အတွက် ပြင်ဆင်ရာမှာ အတော်ကောင်းပါတယ်။ "အလုပ်ရှင်တွေက အဲဒါကို အသိအမှတ်ပြုတာကြာပြီ” ဟု QS အကြီးတန်းဒုတိယဥက္ကဋ္ဌ Ben Sowter က ပြောကြားသည်။

 

 

 

Rank University Overall Score
1 Massachusetts Institute of Technology (MIT) 100
  Cambridge, United States  
2 University of Cambridge 99.2
  Cambridge, United Kingdom  
3 University of Oxford 98.9
  Oxford, United Kingdom  
4 Harvard University 98.3
  Cambridge, United States  
5 Stanford University 98.1
  Stanford, United States  
6 Imperial College London 97.8
  London, United Kingdom  
7 ETH Zurich 93.3
  Zürich, Switzerland  
8 National University of Singapore (NUS) 92.7
  Singapore, Singapore  
9 UCL 92.4
  London, United Kingdom  
10 University of California, Berkeley (UCB) 90.4
  Berkeley, United States

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

International News Latest Post University / College Read 722 times