ကမ္ဘာကျော်ကမ်းဘရစ်ချ် MIT တက္ကသိုလ်မှ အခမဲ့လေ့လာလို့ရမယ့် သင်တန်းများ

 

MIT(Massachusetts Institute of Technology) တက္ကသိုလ်ဆိုတာကတော့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ နောက်ဆုံးပေါ်သုတေသနများနှင့် ဆန်းသစ် တီထွင်မှုများကြောင့် လူသိများပြီး ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး တက္ကသိုလ်များထဲက တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။

 

ဒီနှစ်တွေမှာဆိုရင် MIT ဟာ OpenCourseWare (OCW) ဆိုတဲ့ ပရိုဂရမ်ကနေတစ်ဆင့် အခမဲ့အွန်လိုင်း သင်တန်းပေါင်းများစွာကို ကမ္ဘာတစ်ဝှမ်းက လူငယ်များအတွက် ဖွင့်လှစ် ပို့ချပေးနေပါတယ်။ အင်တာနက်လိုင်း ရှိရုံနဲ့ ဘယ်သူမဆို ပညာရပ်မျိုးစုံရဲ့ ဟောပြောပွဲဗီဒီယိုတွေ၊ အရည်အသွေးမြင့် သင်ရိုးညွှန်းတမ်းတွေ၊ ပညာရပ်ဆိုင်ရာ အရင်းအမြစ်တွေကို အလွယ်တကူ ရရှိ ပိုင်ဆိုင် လေ့လာနိုင်ပါပြီ။

 

ကွန်ပျူတာသိပ္ပံ၊ အနုပညာစာပေ၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဒဿနိကဗေဒအစရှိတဲ့ ပညာရပ်မျိုးစုံကို သင်တန်းပေါင်း ၂,၅၀၀ ကျော်နဲ့အတူ MIT မှာအခမဲ့လေ့လာနိုင်ပါပြီ။ သင်တန်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အောက်မှာဆက်လက် ဖော်ပြပေးထားပါတယ်။

 

MIT Free Online Courses 2023 : 

 

သင်ကြားပို့ချပေးသော အဖွဲ့အစည်း 

Massachusetts Institute of Technology (MIT)

သင်ယူရမည့်ပုံစံ - Online

သင်တန်းအရေအတွက် - ၂,၅၀၀+

နောက်ဆုံးလျှောက်ထားရမည့်ရက် - None

Advertisement 

Click Here > Mata International 

သင်ယူလေ့လာနိုင်သော ပညာရပ်နယ်ပယ်များ 

  • Aeronautics and Astronautics

  • Anthropology

  • Architecture

  • Biological Engineering

  • Biology

  • Center for Transportation & Logistics

  • Chemical Engineering

  • Chemistry

  • Comparative Media Studies/Writing

  • Earth, Atmospheric & Planetary Sciences

  • Economics

  • Electrical Engineering & Computer Science

  • Global Languages

  • History

  • Humanities

  • Linguistics & Philosophy

  • Literature

  • Management

  • Materials Science and Engineering

  • Mathematics

  • Mechanical Engineering

  • Music and Theater Arts

  • Nuclear Sciences & Engineering

  • Physics

  • Political Science

  • Urban Studies and Planning

  • Office of Digital Learning

  • MIT Energy Initiative

သင်တန်းတွေ တက်ရောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ : 

  • MIT က သင်ကြားပို့ချပေးနေတဲ့ ဘွဲ့တွေ၊ ဘာသာရပ်တွေဟာ အရည်အသွေး မြင့်မားတဲ့အတွက် ကမ္ဘာမှာ လူသိများ ကျော်ကြားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခမဲ့ အွန်လိုင်းသင်တန်းတွေကို တက်ရောက်ခြင်းအားဖြင့်လည်း ဘာသာရပ်များစွာရဲ့ အရည်အသွေးမြင့် ပညာတွေကို ရရှိစေမှာပါ။

  • အွန်လိုင်းသင်တန်းဖြစ်တဲ့အပြင် အချိန်ဇယားမှာလည်း ကိုယ်ပိုင်အချိန်ဇယားနဲ့ အဆင်ပြေတဲ့ အချိန်မှ ဝင်ရောက်လေ့လာနိုင်တာလည်း အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

  • ပညာရေးအတွက် အများကြီးငွေကုန်ကြေးကျ မတတ်နိုင်သူများအတွက် အခမဲ့သင်တန်းတွေ ဖြစ်တာမို့ အင်တာနက်ဖိုးအပြင် တစ်ခြားကုန်ကျစရိတ် မရှိတာကြောင့် အဆင်ပြေပါတယ်။

  • တက်ရောက်ချင်တဲ့ သင်တန်းကို ရွေးချယ်ပြီးတာနဲ့ တစ်ပြိုင်နက် ကြိုတင်စာရင်းပေးသွင်း စောင့်ဆိုင်းစရာမလိုပဲ ချက်ချင်း တတ်ရောက်နိုင်ပါတယ်။

  • ရွေးချယ်လေ့လာစရာ ဘာသာရပ်တွေအများကြီး ရှိတာကြောင့် ကိုယ့်စိတ်ဝင်စားမှု၊ အသက်မွေးဝမ်းကြောင်းပန်းတိုင်နဲ့ ကိုက်ညီမယ့် ပညာရပ်ကို ရွေးချယ် လေ့လာနိုင်ပါတယ်။

  • သင်တန်းများအားလုံးမှာ MIT ရဲ့ Official Courses တွေဖြစ်တဲ့အတွက် သင်တန်းပြီးဆုံးရင် ရရှိမယ့် Certificate မှာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပါတယ်။

 

သင်တန်းကို ဘယ်သူတွေ လျှောက်ထားနိုင်သလဲ

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါတယ်။

  • အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။

  • အင်္ဂလိပ်စာတော့ အသင့်အတင့် ကောင်းမွန်ဖို့ လိုအပ်ပါမယ်။

ဘယ်လိုလျှောက်ထားရမလဲ 

MIT Open Course Ware ရဲ့ Official Website ကို သွားပါ။ သင်တန်းတွေကို လေ့လာပြီးရင် ကိုယ်တက်ချင်တဲ့ သင်တန်းကို ရွေးချယ်ပါ။ သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ Course Outline, Duration, About စတာတွေကို လေ့လာဖို့အတွက် သင်တန်းလင့်ခ်ကို နှိပ်ပြီးဝင်ပါ။ ချွင်းချက်ကတော့ တချို့သော သင်တန်းတွေမှာ တက်ရောက်ဖို့အတွက် လိုအပ်ချက်လေးတွေ အနည်းငယ်ရှိပါတယ်။ 

ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင်တော့ တက်ရောက်လို့ ရပါတယ်။ အဆင်ပြေပြီဆိုရင်တော့ ဝက်ဘ်ဆိုဒ်မှာ Creating Account လုပ်ပြီး Register လုပ်လို့ ရပါပြီ။ ဒါဆိုရင်တော့ Online Discussion Forum တွေ ၊ Community တွေမှာလည်း ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။ 

ဝင်ရမယ့်လင့်ခ်တွေကို အောက်မှာကြည့်ရှိုနိုင်ပါတယ်။

Application Link 

> https://bit.ly/41EyHyZ 

Official Website Link 

> https://bit.ly/3oHrUpI

Latest Post Vocational Read 1278 times