ဂျပန်တွင် ပညာသင်ရန် LCDP ပညာသင်ဆုအား စတင်လျှောက်ထားနိုင်ပြီ

 

ဂျပန်နိုင်ငံတွင် ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် ၂၀၂၅ ခုနှစ်အတွက် (Long-term Career Development Program) ပညာသင်ဆု အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ အောက်တိုဘာလအထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Myanmar-Japan Center မှ အသိပေးကြေညာထားသည်။ 

 

ဂျပန်နိုင်ငံတွင် Agricultural/Environmental Science၊ Management (MBA)၊ Economics၊ Engineering/Information Technology နှင့် Tourism ဘာသာရပ်များအတွက် (၂) နှစ်တာ ဘွဲ့လွန်မဟာတန်းတက်ရောက်လိုသူများ လျှောက်ထားနိုင်ပါသည်။ 

 

လျှောက်ထားသူသည် အသက် (၂၂) နှစ်မှ (၃၉) နှစ်အတွင်း (၁၉၈၅၊ ဧပြီလ ၂ ရက်နေ့နှင့်/နောက်ပိုင်းမွေးဖွားသူနှင့် ၂၀၀၃၊ ဧပြီလ ၁ ရက်နေ့နှင့်/မတိုင်ခင် မွေးဖွားသူများ) ရှိပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးထားသူဖြစ်ရပါမည်။

 

ပုဂ္ဂလိကကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသူ၊ Myanmar-Japan Center တွင် သင်တန်းများ တက်ရောက်ဖူးသူ MJC ၏ Business Course များနှင့် Activities များကို တက်ရောက်ခဲ့သော ကုမ္ပဏီများမှ ဝန်ထမ်းများနှင့် UMFCCI တွင် Business Management Course များ တက်ရောက်ဖူးသူများ လျှောက်ထားနိုင်သည်။ 

 

ပညာသင်ဆု လျှောက်ထားလိုသူများသည် ဖော်ပြပါ Google Form မှတဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီး ပညာသင်ဆုရရှိသူများအား ကျူရှင်စရိတ်၊ စာမေးပွဲကြေး၊ အဝတ်အစားကြေး၊ နေထိုင်စရိတ်၊ သုတေသနစရိတ်နှင့် ကျန်းမားရေးစရိတ်တို့အား အဖွဲ့အစည်းမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။  

>> https://docs.google.com

 

လျှောက်ထားရန်လိုအပ်သည့် အရည်အချင်းသတ်မှတ်ချက်များ၊ ပြင်ဆင်ရမည့် စာရွက်စာတမ်းများနှင့် ရွေးချယ်လျှောက်ထားနိုင်သည့် ဂျပန်တက္ကသိုလ် (၂၂) ခုအား Myanmar-Japan Center ၏ တရားဝင်၀က်ဘ်ဆိုက်ဒ်ဖြစ်သော https://mjclcdp2024com.yourwebsitespace.com/ တွင် ဝင်ရောက်လေ့လာပြီး စုံစမ်းမေးမြန်းမှုများအတွက် [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Latest Post Local Local News Read 399 times