နိုင်ငံတကာပညာရေးစံနှုန်း ISCED Classification အကြောင်း သိကောင်းစရာများ

 

နိုင်ငံအလိုက် ပညာရေးစနစ်နှင့် ပညာအရည်အချင်းသတ်မှတ်ချက်သည် အမျိုးမျိုးပြောင်းလဲလျက်ရှိသောကြောင့် မတူညီသည့် နိုင်ငံတကာမှ ပညာရေးစနစ်များကို နှိုင်းယှဉ်ရန်အတွက် အသုံးပြုသည့် စံနှုန်းဘောင်တစ်ခု လိုအပ်လာပါသည်။ 

 

ထို့ကြောင့် UNESCO (ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့) မှ ၁၉၇၀ အလယ်ပိုင်းနှစ်များတွင် ISCED (International Standard Classification of Education) Code များကို စတင် ရေးဆွဲခဲ့ကြပြီး ၁၉၉၇ ခုနှစ်တွင် ပညာရေးအဆင့်အတန်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ပြန်လည် သုံးသပ်ခဲ့ကြပါသည်။ နောက်ဆုံး ၂၀၁၁ ခုနှစ်တွင် ISCED 2011 ကို UNESCO ၏  အထွေထွေညီလာခံတွင် လက်ခံအတည်ပြုကာ လက်ရှိအထိ အသုံးပြုလျက်ရှိပါသည်။ 


များသောအားဖြင့် ပညာရေးနယ်ပယ်တွင် ISCED - Classification Code ကို အသက်အရွယ်အလိုက်၊ အတန်းအလိုက် ပညာရေးပရိုဂရမ်များ၊ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်ရန် အသုံးပြုကြပါသည်။ 

 

ISCED - Classification တွင် Level (၈) ခု ရှိပါတယ်။ 

Level 0 - Early childhood Education

Level 1 - Primary education

Level 2 - Lower secondary education

Level 3 - Upper secondary education

Level 4 - Post-secondary non-tertiary education

Level 5 - Short-cycle tertiary education

Level 6 - Bachelor's or equivalent

Level 7 - Master's or equivalent

Level 8 - Doctoral or equivalent

 

 

Level 0 - Early childhood Education (မူလတန်းအကြို ပညာရေး)

Level 0 တွင် နှစ်ပိုင်း ပြန်ခွဲထားပါသည်။ Level 01 & Level 02 ဖြစ်ပါသည်။

Level 01 သည် Early childhood educational development - ကလေးငယ်များ အစောပိုင်းပညာရေး ဖွံ့ဖြိုးမှု ပညာရေးဖြစ်ပြီး ကလေးဘဝ အစောပိုင်းပညာရေးသည် အသက်သုံးနှစ်အောက် ကလေးငယ်များအားလုံးကိုအတွက် ရည်ရွယ်ပါသည်။

Level 02 သည် မူလတန်းကြို ပညာ‌ရေးဖြစ်ပါသည်။ အသက်သုံးနှစ်မှစ၍ မူလတန်းကြိုအရွယ်အထိ ပါဝင်ပြီး  ကျောင်းနှင့် လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အစပြုနိုင်ခြင်းကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ 

 

Level 1 - Primary education (မူလတန်း ပညာရေး) 

ကျောင်းသားများအတွက် စာရေးခြင်း၊ စာဖတ်ခြင်း နှင့် သင်္ချာဆိုင်ရာ အတွေးခေါ်များကို သင်ယူနိုင်ရန် အခြေခံအုတ်မြစ်ချနိုင်ရန် သင်ကြားသည့် ပညာရေးအဆင့်ဖြစ်ပါသည်။ 

 

Level 2 - Lower secondary education (အလယ်တန်းအဆင့်ပညာရေး) 

မူလတန်းအဆင့် ပညာရေးတွင် အခြေခံလာသော အလယ်တန်းအဆင့်ပညာရေးသည် ဘာသာရပ်များကို ပို၍ ဦးတည်ထားသော သင်ရိုညွှန်းတမ်းကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

 

Level 3 - Upper secondary education (အထက်တန်းအဆင့်ပညာရေး)

အလယ်တန်းပညာရေး၏ ဒုတိယ သို့မဟုတ် နောက်ဆုံးအဆင့်ဖြစ်သည့် အထက်တန်း ပညာရေးသို့ လျှောက်လှမ်းနိုင်ရန်အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ များသောအားဖြင့် ‌ရွေးချယ်စရာဘာသာရပ်များ ပိုမိုများပြားလာပြီ ဖြစ်ပါသည်။ 

 

Level 4 - Post-secondary non-tertiary education (အလယ်တန်းလွန် ပညာရေး - Vocational Training) 

အလယ်တန်းအဆင့် ပညာရေးတွင် အခြေခံထားသည့် ယခုပညာရေးသည် အသက်မွေးဝမ်းကျောင်းပညာရေးသို့မဟုတ် ထပ်ဆင့်မြင့် ပညာရေးသို့ တက်ရောက်နိုင်ရန်အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခုပညာ‌ရေးအဆင့်တွင် ပါဝင်သော အကြောင်းအရာများသည် အလယ်တန်းအဆင့်ထက် ပိုကျယ်ပြန့်သော်လည်း ထပ်ဆင့်မြင့် ပညာ‌ရေးလောက်လည်း မရှုပ်ထွေးပါ။

 

Level 5 - Short-cycle tertiary education (ကာလတို အဆင့်မြင့် ပညာရေး - Certificate , Diploma)

ကာလတို အဆင့်မြင့် ပညာရေးသည် အချိန်ကာလာအားဖြင့် တိုတောင်းသော်လည်း အသက်မွေးဝမ်းကျောင်ပြုနိုင်ရန်းအတွက် အထောက်အကူဖြစ်စေရန် လက်တွေ့လုပ်ဆောင်မှုများကို အခြေခံထားပါသည်။ ယခုပညာရေးအဆင့်မှ တစ်ဆင့် အခြားသော ထပ်ဆင့်မြင့် ပညာရေးလမ်းကြောင်းကိုလည်း လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

 

Level 6 - Bachelor's or equivalent ( ဘွဲ့ရ သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး) 

၃-၄ နှစ် တက်ရောက်ရသည့် တက္ကသိုလ်ပညာရေးဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် လိုအပ်သော အရည်အချင်းများ၊ အသိဉာဏ်ဗဟုသုတများကို သင်ကြားပေးပြီး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

 

Level 7 - Master's or equivalent ( ဘွဲ့လွန် သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး)

အဆင့်မြင့် တက္ကသိုလ် ပညာရေးမှာ အောင်မြင်ပြီး သို့မဟုတ် ထပ်ဆင့်မြင့် ပညာရေးအတွက် လိုအပ်သော ဗဟုသုတများ၊ အရည်အချင်းများ၊ လိုအပ်ချက်များကို သင်ကြားပေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

 

Level 8 - Doctoral or equivalent ( ပါရဂူဘွဲ့ သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး)

မူရင်း သုတေသန စာတမ်းကိုအခြေခံကာ ထပ်ဆင့် အဆင့်မြင့် စာတမ်းတစ်စောင် ထုတ်ဝေနိုင်ရန်၊ သုတေသနပြုရန် လိုအပ်သည့် ဗဟုသုတများ၊ အရည်အချင်းများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။


တိုးတက်ပြောင်းလဲလျက်ရှိသော နိုင်ငံများသည် အထက်ပါ ပညာ‌ရေးအဆင့်များ ခွဲခြမ်းစိတ်ဖြာခြင်း ခေါင်းစဥ်အောက်တွင်ရှိသော အချက်များကို အသုံးပြုလျက် အဆင့်မြင့်ပညာရေးစနစ်ကို အကောင်အထည် ဖော်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

 

High University / College Read 194 times